9/14/2017

♪ မျိုးဆက်သစ် Samsung J စီးရီးစမတ်ဖုန်းသစ်များကို မကြာမီ ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်မည် ♫


Galaxy J7 Plus နဲ့ တန်ဖိုးသင့်စမတ်ဖုန်း Galaxy J7 Core မော်ဒယ်သစ်နှစ်မျိုးကို မကြာမီ ပြည်တွင်းဈေးကွက်မှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။


Galaxy J7 Core ကို စက်တင်ဘာ ၂ဝ ရက်မှာ စတင် ဝယ်ယူနိုင်မှာဖြစ်ပြီး J7 Plus ကိုတော့ စက်တင်ဘာ ၂၅ ရက်မှာ စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။“Galaxy J စီးရီးက မြန်မာနိုင်ငံမှာ ရောင်းအား အကောင်းဆုံး ဖုန်းတွေဖြစ်ပါတယ်။ နည်းပညာသစ်တွေ ထပ်မံထည့်သွင်းထားတဲ့ J စီးရီးမျိုးဆက်သစ် စမတ်ဖုန်းတွေက ကျွန်တော်တို့ရဲ့ လက်ရှိသုံးစွဲသူတွေကော၊ သုံးစွဲသူအသစ်တွေကိုပါ စိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု Samsung Myanmar ရဲ့ Head of IT & Mobile မှ ကိုဇာနည်ဝင်းထက်က ပြောပါတယ်။


သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်ထားတဲ့ အဆိုပါစမတ်ဖုန်းတွေမှာ Samsung ရဲ့ Flagship မော်ဒယ်တွေမှာ အသုံးပြုတဲ့ sAMOLED Display ကို အသုံးပြုထားပြီး မော်ဒယ်သစ်နှစ်မျိုးလုံးက မြင်ကွင်းအရွယ်အစား ၅.၅ လက်မရှိတယ်လို့ သိရပါတယ်။ Galaxy J7 Plus ကတော့ Samsung ရဲ့ ပထမဆုံးသော ကျောဘက်ကင်မရာနှစ်လုံး ပါဝင်တဲ့ စမတ်ဖုန်းဖြစ်ပြီး ကျောဘက်မှာ 13 MP (f/1.7) နဲ့ 5 MP (f/1.9) အမျိုးအစား ကင်မရာနှစ်လုံးနဲ့ ရှေ့ဘက်မျက်နှာပြင်မှာတော့ 16 MP (f/1.9) ကင်မရာကို LED Flash မီးနဲ့အတူ တွဲဖက်ထည့်သွင်း ထားပါတယ်။ Octa-core 2.3 GHz ရှိတဲ့ processor ကို အသုံးပြုထားပြီး RAM 4 GB နဲ့ သိုလှောင်မှုပမာဏ 32 GB ပါဝင်တဲ့အပြင် 256 GB ထိ တိုးမြှင့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Always on Display နည်းပညာ၊ Dual Messenger နဲ့ လက်ဗွေလုံခြုံရေး စနစ်အပြင် ကင်မရာပိုင်းမှာ Bokeh effect ဓာတ်ပုံတွေ ရိုက်ကူးနိုင်တဲ့ Live Focus စနစ်တွေထောက်ပံ့ ပါဝင်တယ်လို့ သိရပါတယ်။




တန်ဖိုးသင့်မော်ဒယ်ဖြစ်တဲ့ Galaxy J7 Core ကတော့ အမြန်နှုန်း 1.6GHz ရှိတဲ့ Octa-core processor ၊ RAM 2 GB နဲ့ သိုလှောင်နိုင်မှုပမာဏ 16GB ရှိမှာဖြစ်ပြီး 256GB ထိ microSD ကနေတစ်ဆင့် တိုးမြှင့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 13MP (f/1.9) ကျောဘက်ကင်မရာနဲ့  5MP (f/2.2) ရှေ့ဘက်ကင်မရာတွေ ပါဝင်ပါတယ်။ Android OS v7.0 (Nougat) နဲ့ 3000mAh အမျိုးအစားဘက်ထရီကို ဖုန်းမော်ဒယ်နှစ်မျိုးလုံးမှာ ထည့်သွင်းထားပြီး GSM 2G/3G နဲ့ 4G ကွန်ရက်စနစ်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ J7 Plus ကို အနက်နဲ့ ရွှေအရောင်နှစ်မျိုးနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး တန်ဖိုး ၄၉၅,ဝဝဝ ကျပ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ J7 Core ကိုတော့ တန်ဖိုး ၂၃၉,ဝဝဝ ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး အနက်၊ ရွှေ၊ ငွေပြာ အရောင်သုံးမျိုးနဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။


-ကိုရဲထွဋ်ဝင်း

Credit to ==>> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com