9/04/2017

♪ ဈေးနှုန်းသက်သက်သာသာနဲ့ သုံးစွဲလို့ကောင်းတဲ့ “Samsung Galaxy J2 Prime” 159,000 Ks ♫

Image may contain: phone


Samsung brand ထဲက ဈေးနှုန်းသက်သက်သာသာနဲ့ သုံးစွဲလို့ကောင်းတဲ့ budget ဖုန်းတစ်လုံးဖြစ်တဲ့ Samsung Galaxy J2 Prime ဟာ သင့်တင့်ကောင်းမွန်တဲ့ Specs တွေနဲ့ Features တွေ ပါရှိပါတယ်။ သူ့ဈေးနှုန်းနဲ့သူသုံးစွဲရတာ ထိုက်တန်မှုရှိအောင် ထုတ်လုပ်ပေးထားပြီး လူတိုင်းတတ်နိုင်တဲ့ ဈေးနှုန်းနဲ့မို့ သာမန်ဖုန်းသုံးစွဲသူတွေအတွက်တော့ တော်တော် လေးကို အဆင်ပြေပါတယ်။

ဖုန်းတစ်လုံးရဲ့ အရေးကြီးဆုံး ဖြစ်တဲ့ စက်စွမ်းဆောင်ရည်ကလည်း သင့်တင့် ကောင်းမွန်သလို ကျန်တဲ့အပိုင်းတွေမှာလည်း သုံးစွဲရတာ အဆင်ပြေအောင် လုပ်ဆောင် ပေးထားပါတယ်။ ဒီဇိုင်းပုံစံက Samsung ရဲ့ အနိမ့်ဖုန်း တွေအတိုင်း ပဲဖြစ်ပြီး ဘာမှသိပ်ထူးခြားမှုတော့ မရှိပါဘူး။ ကိုယ်ထည်က Sturdy Case ဒီဇိုင်းဖြစ်ပြီး နောက်ကျောဘက်က Non-Slip Rear Grip Pattern ပါရှိတာကြောင့် လက်ထဲကနေ အလွယ်တကူချော်ထွက်ပြုတ်ကျ မသွားနိုင် ပါဘူး။ ဒါ့အပြင် ကိုယ်ထည် က တောင့်တောင့်တင်းတင်းနဲ့ အကြမ်းလည်း ခံနိုင်ပါတယ်။ လေးထောင့်ဒီဇိုင်းပုံစံရှိပေမယ့် ဘေးထောင့်လေးတွေက အနည်းငယ် ကွေးဆင်းသွားပြီး နောက်ကျောဘက်ကလည်း သစ်လွင် တောက်ပမှုရှိပါတယ်။

အရှေ့မျက်နှာပြင်က ရှင်းရှင်းလင်းလင်းရှိ၍ လှပနေပြီး မျက်နှာပြင်ရဲ့အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens နဲ့ Screen ရဲ့ အောက်ဘက်မှာ Physical Home button တစ်ခု နဲ့ ဘေးတစ်ဖက်စီမှာ Capacitive button နှစ်ခုကို မြင်တွေ့ရမှာပါ။ ၎င်း Home button ကို နှစ်ချက်ဆက်တိုက်နှိပ်လိုက်တာနဲ့ Camera ပွင့်သွား မှာဖြစ်ပြီး ၎င်းစနစ်ကို Sleep Mode ဖြစ်နေတဲ့ အချိန်မှာတောင် အသုံးပြုနိုင်ပါတယ်။ နောက်ကျောဘက် အပေါ်အလယ်တည့်တည့် မှာတော့ အနောက် camera Lens နဲ့ သူ့ဘေးမှာ LED Flash မီးလုံးကို တပ်ဆင်ထားပါတယ်။ ပါဝါ ခလုတ်က ညာဘက်ဘေးဘောင်မှာ တည်ရှိပြီး အသံအတိုးအကျယ်ခလုတ်တွေက ဘယ်ဘက်မှာရှိပါတယ်။ ကျန်တာတွေ အားလုံးကလည်း သူ့နေရာနဲ့သူသေသေသပ်သပ် ပါရှိပါ တယ်။

ဒါကြောင့် လုပ်ဆောင်ချက်တွေအားလုံးကိုလွယ်လွယ်ကူကူ ထိန်းချုပ်နိုင် ပြီး အသုံးပြုရတာလည်း အဆင်ပြေပါတယ်။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ Version နှစ်ခုကို ထုတ်လုပ်ထားပြီး Micro SIM card အမျိုးအစားကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 144.8 x 72.1 x 8.9 mm ရှိပြီး အလေးချိန်က 160g လေးပါတယ်။ ဒါကြောင့် အနည်းငယ်ထူ ပေမယ့် အရမ်းကြီးတော့ မလေးတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါရှိပါတယ်။ အရှေ့မျက်နှာပြင် အကျယ်က ၅ လက်မရှိပြီး 540 x 960 pixels ရှိတဲ့ မြင်ကွင်းတွေ ကိုပေးစွမ်းနိုင်ပါတယ်။ ၎င်းမျက်နှာပြင်ကိုတော့ PLS TFT capacitive touchscreen, 16M colors display နဲ့ပြုလုပ်ထားပါတယ်။ ဒါကြောင့် ရုပ်ထွက်တွေကတော့ အရမ်းကြီးမကောင်းပေမယ့် မြင်ကွင်း တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ နိုင်မှာပါ။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကို သုံးစွဲနိုင်ပါသေးတယ်။ အထဲမှာ Android 6.0 (Marshmallow) ကို run ထားပြီး အားလုံး ရင်းနှီးပြီးသားဖြစ်တဲ့ Samsung ရဲ့ User Interface နဲ့ပြုလုပ်ပေးထားပါတယ်။

အနောက်ကင်မရာက 8 MP နဲ့ အရှေ့ကင်မရာက 5 MP ရှိပြီး f/2.2 aperture စွမ်းအားတွေ အသီးသီးရှိကြပါတယ်။ ဒါကြောင့် အသင့်အတင့် ရှိတဲ့ ဓာတ်ပုံတွေနဲ့ 30fps မှာ 720p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ဖုန်းထဲမှာ data တွေကို သိမ်းဆည်းဖို့ အတွက် internal memory 8GB ပါရှိတဲ့အပြင် Micro SD card ကို 256 GB အထိ ထပ်မံစိုက်ထည့်သုံးနိုင်တာကြောင့် လုံလောက်မှုလည်း ရှိပါတယ်။ ယာယီမှတ်ဥာဏ်စွမ်းအား RAM က 1.5GB သာ ပါရှိပါတယ်။ စက် စွမ်းဆောင်ရည်ပိုင်းအတွက်လည်း အလယ်အလတ်တန်းစားအဆင့် လောက်ရှိတဲ့ chipset နဲ့ Processor တို့ကို ထောက်ပံ့ ပေးထားတာကို တွေ့ရပါတယ်။ စွမ်းဆောင်ရည်တွေကလည်း အလယ်အလတ်တန်းစား စမတ်ဖုန်းအဆင့်လောက်ရရှိမှာပါ။ ၎င်းမှာ 2.0 နဲ့ Bluetooth 4.2, A2DP နဲ့ LE စနစ်တွေကို ပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် FM Radio စနစ်၊ RDS နဲ့ အသံဖမ်းစနစ်တွေလည်း ပါရှိပါတယ်။ ဒါကြောင့် ပေးရတဲ့ ဈေးနှုန်းနဲ့ လုပ်ဆောင်နိုင်မယ့် စွမ်းဆောင်ရည်တွေက ထိုက်တန်မှုရှိတဲ့ budget ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

<Design & Display>

၎င်းရဲ့ဒီဇိုင်းပုံစံက တခြား Android ဖုန်းတွေနဲ့ ဘာမှသိပ်မကွာခြားဘဲ ရိုးရိုးလေးပါပဲ။ ၎င်းကို အမည်းရောင်၊ ရွှေရောင်၊ ငွေရောင်နဲ့ ပန်းရောင် ဆိုတဲ့ အရောင် ၄ မျိုးထုတ်လုပ်ထားပါတယ်။ ၎င်းရဲ့ capacitive touchscreen display က ၁ လက်မ အတိုင်းအတာမှာ ~220 ppi pixels ပမာဏ သိပ်သည်းဆရှိတဲ့ မြင်ကွင်းတွေကိုပြသနိုင်မှာပါ။

<Camera>

8MP စွမ်းအားရှိတဲ့ အနောက်ကင်မရာမှာ auto-focus, LED flash စနစ်တွေပါရှိတာကြောင့် အလင်းရောင်အားနည်းတဲ့ နေရာတွေမှာလည်း အကောင်းဆုံးဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို ရယူနိုင်ပြီး အရှေ့ကင်မရာ ကတော့ 5MP ပါရှိပါတယ်။

<Processor>

ကိုယ်ထည်ထဲမှာ Mediatek MT6737T chipset နဲ့ Quad-core 1.4 GHz Cortex-A53 Processor တို့က အပြည့်အ၀ ထောက်ပံ့ပေးထားပြီး Mali-T720MP2 GPU ကြောင့် ရုပ်ထွက်ပိုင်းမှာလည်း အသင့်အတင့်ရှိ ပါတယ်။

<Performance>

၎င်းက ဖုန်းလိုင်းဆွဲအားကောင်းပြီး အင်တာနက်အသုံးပြုရတာလည်း လျင်မြန်မှုရှိပါတယ်။ App တစ်ခုကနေ တစ်ခုကိုပြောင်းလဲသုံးစွဲရတာ မြန်ဆန်မှုရှိသလို ဂိမ်းတွေတော်တော်များများကိုလည်း အဆင်ပြေပြေ ကစားနိုင် ပါတယ်။

<Battery Life>

ထည့်သွင်းအသုံးပြုထားတဲ့ Removable Li-Ion 2600 mAh battery က သူ့ရဲ့စွမ်းအားတွေကို အပြည့်အ၀ပေးစွမ်း တာကြောင့် နာရီပေါင်း ၁၂ နာရီကြာ ဖုန်းပြောနိုင်ပြီး ၅၉ နာရီကြာ သီချင်းတွေကို ဆက်တိုက် နားထောင်နိုင် ပါတယ်။

<Technical Specs>

» Network.......................... GSM/HSPA/LTE
» Dimensions...................... 144.8 x 72.1 x 8.9 mm
» Weight............................ 160g
» Display............................ 5.0-inch, Capacitive
Touchscreen
» OS.................................. Android 6.0 (Marshmallow)
» CPU................................ Quad-core 1.4 GHz Cortex-A53
» Memory.......................... 8GB, 1.5GB
» Camera........................... Back : 8 MP, Front : 5MP
» Connectivity.................... GSM, WLAN, Bluetooth 4.2, USB
2.0
» Sensors...........................Accelerometer, proximity
» Battery............................ Removable Li-Ion 2600 mAh
» Price…………………………….. 159,000 Ks
» Phone…………………………… 01-373175, 01376564(Citicom IT & Mobile)




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com