9/14/2017

♪ " Meizu Pro 7 VS Meizu Pro 7 Plus " ♫

Image may contain: 1 person, phone

ဒီတစ်ပတ်တော့ Meizu Pro 7 နဲ့ Meizu Pro 7 Plus တို့ရဲ့ တူညီတဲ့အချက်တွေနဲ့ ကွဲခြားချက်တွေကို နှိုင်းယှဉ်ပြောပြချင် ပါတယ်။ ၎င်းဖုန်း 2 လုံးကို တစ်ပြိုင်နက်တည်း ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး Meizu Pro 7 Plus က Meizu Pro 7 ထက် ပိုမိုကောင်းမွန်သလို ဈေးနှုန်းလည်း ပိုမိုမြင့်မားမှု ရှိပါတယ်။ ဒီဇိုင်းပုံစံနဲ့ တည်ဆောက်ရာမှာ သုံးထားတဲ့ ပစ္စည်းတွေကလည်း အကုန်တူညီပါတယ်

ဖုန်းအရွယ်အစား၊ မျက်နှာပြင်အကျယ်၊ မြင်ကွင်းစွမ်းအား၊ RAM စွမ်းအားနဲ့ ဘက်ထရီစွမ်းအားတွေမှာ Meizu Pro 7 Plus က ပိုမိုအဆင့်မြင့်ပြီး ကျန်တဲ့စက်စွမ်းဆောင်ရည်၊ ကင်မရာအရည်အသွေးနဲ့ မျက်နှာပြင်အမျိုးအစားတွေကတော့ တူညီပါတယ်။ ၎င်းဖုန်းတွေကို GSM, HSPA, EVDO နဲ့ LTE networks တွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်း 2 ခုလုံးမှာ Dual Nano SIM စနစ်တွေပါရှိလို့ Nano SIM card 2 ကတ်ကို တစ်ပြိုင်နက်တည်း သုံးစွဲနိုင်ပါတယ်။

* Design *

1. Meizu Pro 7

Meizu Pro 7 ရဲ့အရွယ်အစားက 147.6 x 70.7 x 7.3 mm ဖြစ်ပြီး 163g လေးပါတယ်။ ဒါကြောင့် ပါးလွှာပြီး ကိုင်တွယ်လို့ကောင်းတဲ့ အလေးချိန်ပါပဲ။ ၄င်းက အမည်းရောင်၊ အနီရောင်နဲ့ ရွှေရောင်ဆိုတဲ့ အရောင် 3 မျိုး ရရှိနိုင်ပါတယ်။

2. Meizu Pro 7 Plus

Meizu Pro 7 Plus ရဲ့ အရွယ်အစားကတော့ 157.3 x 77.2 x 7.3 mm ရှိပြီး 170g အလေးချိန် ရှိပါတယ်။ ဒါကြောင့် Pro 7 လိုပဲ ပါးလွှာပြီး နည်းနည်းလေးတော့ ပိုလေးပါတယ်။ သူ့ကိုတော့ အမည်းရောင်၊ ရွှေရောင်နဲ့ ငွေရောင်တွေကို ထုတ်လုပ်ပေးထားပါတယ်။

* Processor *

1. Meizu Pro 7

စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 4GB ပါရှိတဲ့ Mediatek MT6799 Helio X30 Deca-core (2x2.6GHz Cortex-A73, 4x1.9GHz Cortex- A35, 4x2.2GHz Cortex-A53) Processor နဲ့ PowerVR 7XTP GPU တို့ကို ပံ့ပိုးထားပါတယ်။

2. Meizu Pro 7 Plus

Meizu Pro 7 Plus မှာလည်း တူညီတဲ့ Chipset, Processor နဲ့ Graphics Card တို့ကို သုံးထားပြီး ယာယီမှတ်ဉာဏ်စွမ်းအား RAM စွမ်းအားပိုင်းမှာတော့ 6GB တောင် ပါရှိပါတယ်။ ဒါကြောင့် RAM စွမ်းအားမြင့်မားတဲ့ ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။

* Display *

1. Meizu Pro 7

မျက်နှာပြင်အကျယ် 5.2-inch ရှိပြီး Super AMOLED capacitive touchscreen, 16M colors Display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး 1 လက်မ သိပ်သည်းဆက ~423 ppi pixels ပမာဏတောင် ရှိပါတယ်။

2. Meizu Pro 7 Plus

မျက်နှာပြင်အမျိုးအစားချင်းတော့ တူညီပေမယ့် ပြသနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1440 x 2560 pixels တောင်ရှိတဲ့ အတွက် ပိုမိုကောင်းမွန်ပြီး မျက်နှာပြင်ကလည်း 0.5-inch လောက် ပိုမိုကျယ်ဝန်းတာကို တွေ့ရပါတယ်။

* Verdict *

1. Meizu Pro 7

Meizu Pro 7 ရဲ့ အရှေ့ဘက် Home button မှာ သုံးစွဲလို့ကောင်းမွန်တဲ့ အဆင့်မြင့် fingerprint sensor ပါရှိပြီး သူ့ဈေးနှုန်းနဲ့သူ သုံးစွဲရတာ ထိုက်တန်မှုလို့ကောင်းတဲ့ အဆင့်မြင့်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးနှုန်း နည်းနည်းပိုသက်သာတဲ့ဖုန်းကို သုံးချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။

2. Meizu Pro 7 Plus

Meizu Pro 7 Plus မှာလည်း တူညီတဲ့ fingerprint sensor ကို Home button မှာပဲ ထည့်သွင်းထားပြီး ၎င်းကတော့ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတစ်လုံးရဲ့ အရည်အသွေးတွေ အကုန်ရှိပါတယ်။ ဒါကြောင့် အကောင်းဆုံးဆိုတာကိုမှ သုံးချင်တဲ့သူတွေကတော့ ကြိုက်နှစ်သက်ကြမှာပါ။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com