9/14/2017

♪ Flash drive အရွယ်ရှိပြီး နှစ်ဆမြန်ဆန်တဲ့ hard drive သစ်ကို Samsung မိတ်ဆက် ♫


Samsung ဟာ T5 လို့ခေါ်တဲ့ portable SSD အသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ T5 ဟာ USB-C port တစ်ခုတည်းနဲ့ စွမ်းအင်ရယူပြီး အချက်အလက်တွေကို လွှဲပြောင်းပေးပါတယ်။ ကွန်ပျူတာနဲ့ ချိတ်ဆက်တဲ့အခါမှာ USB-C နဲ့ USB-A cable ဒါမှမဟုတ် USB-C နဲ့ UBC-C cable တို့ကို အသုံးပြုနိုင်ပါတယ်။

T5 ဟာ ပုံမှန်အားဖြင့် အချက်အလက်တွေကို 407 mbps နှုန်းနဲ့ write လုပ်နိုင်သလလို USB-C ကနေ USB-A cable သုံးပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့အခါမှာ 420 mbps နှုန်းအထိ write လုပ်နိုင်တယ်လို့ စမ်းသပ်မှုအရ သိရပါတယ်။ USB-C ကနေ USB-C ချိတ်ဆက်တဲ့ cable နဲ့စမ်းသပ်တဲ့အခါမှာ စွမ်းဆောင်ရည် ပိုမိုမြန်ဆန်တာကို တွေ့ရပါတယ်။ USB-C ကနေ USB-C cable ချိတ်ဆက်တဲ့အခါ T5 ရဲ့ read နှုန်းက 479mbps နဲ့ 509mbps ရှိပါတယ်။

Samsung T5 portable SSD ကို 2017 iMac နဲ့ စမ်းသပ်ခဲ့ပါတယ်။ ဒါကြောင့် T5 ရဲ့မြန်နှုန်းက ကွန်ပျူတာပေါ်မူတည်ပြီး အနည်းငယ်ကွာခြားနိုင်ကာ Samsung T5 ရဲ့ ပျှမ်းမျှ read နဲ့ write မြန်နှုန်းက 400mbps ကျော်တယ်လို့ သိရပါတယ်။ တန်ဖိုးက Samsung T5 portable 250GB အတွက် ၁၂၇.၉၉ ဒေါ်လာဖြစ်ပြီး 500GB အတွက်က ၁၉၇.၉၉ ဒေါ်လာ ဖြစ်ပါတယ်။


စိုးထက်
Credit to ==>> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com