9/05/2017

♪ “အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ” ♫

Image may contain: phone


မေး - အစ်ကိုရေ Sony Z5 ကို TWRP ထည့်ရမယ့် Command လေး ပြောပြပေးပါခင်ဗျာ။ Fastboot Flash Boot Boot.img နဲ့ Flash လို့ မရလို့ပါ။
ဖြေ - ဟုတ်ကဲ့ပါ။ Sony ရဲ့ နောက်ပိုင်းထုတ်တဲ့ Model ရဲ့အချို့မှာ ဒီ Command သုံးလို့မရတော့ပါဘူး။ Fastboot Boot Boot.img ဆိုတဲ့ Command ကိုပြောင်းလဲအသုံးပြုပေးရပါမယ်။ ဒါပေမဲ့ Sony Z5 Model ကို Bootloader Unlock လုပ်မယ်ဆိုရင်တော့ ကင်မရာမှုန်ဝါးခြင်း (သို့) အသုံးပြု၍မရခြင်း စသည့် Error များကို သတိပြုစေချင်ပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့် Xiaomi ဖုန်းက Facebook ကနေ Message ကိုနှိပ်လိုက်ရင် Messenger Popup တက်မလာလို့ဗျာ။
ဖြေ - ဟုတ်ကဲ့။ အဲ့ဒီ Error လေးကို ဖြေရှင်းဖို့အတွက်ကတော့ Setting ထဲက Installed App ထဲဝင် Messenger ထဲက Permission Manager အောက်ဆုံးက Display Popup Windows ကို အမှားလေး ဖြုတ်ပေးလိုက်ပါ။ ပြီးလျှင် Messenger Setting ထဲက Chat Heads ကို On ပေးလိုက်ရင်ရပါပြီ။

မေး - ကျွန်တော့် Mi ဖုန်းက Zapya က ချိတ်လို့ရပြီး ဘာကိုမှ ပို့လို့မရတာလေးဖြစ်နေတယ်။
ဖြေ - ဟုတ်ကဲ့။ အစ်ကိုရေ အဲ့ဒါက Security Application ကိုရှာပါ။ အဲ့ဒီထဲက Data Usage ထဲဝင် Restrict Data Usage ထဲမှာ Zapya ကို Data ရော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ရင် ရပါပြီဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung လေးပါ။ အားသွင်းကြိုးထိုးလိုက်ရင် High Temperature Low Battery ဆိုတဲ့စာတန်းကြီးပေါ်လာတယ်။ ဘာဖြစ်တာလဲမသိဘူး။ အကြံပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ အစ်ကိုရေ အဲ့ဒါ အားသွင်းလမ်းကြောင်းတစ်နေရာမှာ Shock ဖြစ်နေတာပါ။ နီးစပ်ရာ Service ဆိုင်ကိုပို့လိုက်ပါ။

မေး - Phone က အားသွင်းရင် အားအ၀င်မြန်တယ်။ 20% ကနေ 40%-70% အဲ့လို ချက်ချင်းတက်သွားတယ်။ အားပြန်သုံးရင် အားအကုန်မြန်တယ်။ 70% ကနေ 40%-20% ချက်ချင်းကုန်သွားတယ်။ ဘာကြောင့်လဲဗျာ။
ဖြေ - ဟုတ်ကဲ့။ Phone က ရေ၀င်ဖူးထားမယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။ နောက်ပြီး ရေ၀င်ထားတဲ့နေရာတွေမှာ ဆားပေါက်ပြီး Shock ကျနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ Sleep Mode Error ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Wi-Fi IC လိုဟာမျိုးလဲပေးရတတ်ပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့် Phone က နားကြပ်မထိုးဘဲ နားကြပ် ပုံပေါ်ပြီး အသံမထွက်ဘူး။ ဘာဖြစ်တာလဲ မသိဘူး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က ရေ၀င်ထားသေးလား။ Phone ထဲရေ၀င်ရင်လည်း ဖြစ်တတ်ပါတယ်။ ရေ၀င်ထားရင်တော့ အစ်ကို့ Phone ကို တင်နာနဲ့နားကြပ်ခေါင်းကိုဆေးပေးပါ။ ရေမ၀င်ထားရင်တော့ နားကြပ်ခေါင်းနဲ့ ပတ်သက်တဲ့လမ်းကြောင်းပိုင်းဆိုင်ရာကိုစစ်ဆေးရမှာပါ။ အဆင်ပြေပါစေ။

မေး - Samsung ဖုန်းများကို Root မဖောက်ဘဲနဲ့ Myanmar Font ကို ဘယ်လိုထည့်ရပါသလဲ။
ဖြေ - Samsung ဖုန်းများကို Root မဖောက်ဘဲ Myanmar Font ထည့်ချင်ရင် ပထမဆုံး Zawgyi One.apk ကို ဖုန်းထဲကို Install အရင်လုပ်ပါ။ ပြီးရင် Setting ထဲကိုဝင်ပါ။ Setting ထဲရောက်သွားရင် Display ထဲကို ထပ်ဝင်ပါ။ Display ထဲကိုရောက်သွားရင်Font Style ထဲကိုထပ်ဝင်ပါ။ Font Style ထဲကိုရောက်သွားရင် Install လုပ်ခဲ့၍ ပေါ်နေသော Zawgyi One ကို ရွေးပေးပြီး OK နှိပ်ပြီးပြန်ထွက်ပါ။ OK မပေါ်လျှင် Back ကို နှိပ်ပြီး ပြန်ထွက်ပါ။ အဲ့ဒါဆိုရင် Root ဖောက်စရာမလိုဘဲ Myanmar Font သုံးလို့ရသွားပါပြီ။

မေး - Samsung ဖုန်းအချင်းချင်းမက်ဆေ့ခ်ျပို့တဲ့အခါ စာတွေမမြင်ရဘဲ လေးထောင့်တုံးတွေပဲ ပေါ်နေတယ်ဆို ရင် အဲ့ဒီ Error ကို ဘယ်လို ရှင်းရပါသလဲ။
ဖြေ - Samsung ဖုန်းအချင်းချင်း မက်ဆေ့ခ်ျပို့တဲ့အခါ စာတွေမမြင်ရဘဲ လေးထောင့်တုံးတွေပဲပေါ်နေရင် ပထမဆုံး Setting ထဲကိုဝင်ပါ။ Setting ထဲရောက်သွားရင် Message ထဲကိုဝင်လိုက်ပါ။ Message ထဲကို ရောက်သွားရင် Message Setting ထဲကိုဝင်ပါ။ Message Setting ထဲကို ရောက်သွားရင် Impot Mode ကို နှိပ်ပါ။ Automatic (သို့မဟုတ်) Unicode ကိုရွေးလိုက်ပါ။ အဲ့ဒါဆိုရင် လေးထောင့်တုံးတွေမပေါ်တော့ဘဲ Font အမှန် ရသွားပါပြီ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com