♪ “ဘက်ထရီမလိုတဲ့ ဆဲလ်ဖုန်း” ♫
iPhone X ထက် လန်းတာကတော့ ဘက်ထရီမလိုတဲ့ ဆဲလ်ဖုန်း ဖြစ်ပါတယ်။ သူ့ကိုအားသွင်းပေးစရာမလိုဘဲ ပတ်ဝန်းကျင်မှ စွမ်းအင် များကိုသူကရယူအသုံးပြုခြင်း
ဖြစ်ပါတယ်။ အဲဒီဆဲလ်ဖုန်းဟာ Google Faculty Research Program ရဲ့
တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး U.S. National Science Foundation ကလည်းဒေါ်လာ ၂
သန်းရင်းနှီးမြှုပ်နှံ ထားပါတယ်။ ဆဲလ်ဖုန်းကိုဖန်တီးတဲ့ VamsiTalla က
ဖုန်းပြောဆိုဖို့ အတွက် Board တစ်ခုထဲကိုအသုံးပြုထားပါတယ်။ တီထွင်သူအဖွဲ့က Jeeva Wireless မှာအဲဒီဆဲလ်ဖုန်းကိုမိတ်ဆက်ခဲ့ပါတယ်။
အဲဒီဆဲလ်ဖုန်းဟာ Skype ကနေတောင် ဖုန်းပြောနိုင်ပါတယ်။ ဖုန်းဟာ ပတ်ဝန်းကျင်မှ အလင်းရောင်နဲ့ ရေဒီယိုလှိုင်းများကနေစွမ်းအင်ကို
ရယူ အသုံးပြုခြင်း ဖြစ်ပါတယ်။ Base Station မှ ရေဒီယိုလှိုင်းများကို
ပြုပြင် ခြင်း၊ ရောင်ပြန်ဟပ်ခြင်းဖြင့် ဖုန်းပြောနိုင်စေတဲ့ Backscattering
နည်းပညာကိုသူ့မှာထည့်သွင်းထားပါတယ်။ ဖုန်းဟာ 3 microwatts power ကိုသာစားသုံးပြီးလက်ရှိစမတ်ဖုန်းများစားသုံးတဲ့ စွမ်းအင် ပမာဏထက် အဆပေါင်း ၁၀၀၀ လောက် လျော့နည်းပါတယ်။
Talla က အနာဂတ်မှာဒီနည်းပညာကိုဆဲလ်ဖုန်းအများစုမှာထည့်သွင်းနိုင် မယ်လို့ ယုံကြည်နေပါတယ်။ Talla က ဘက်ထရီမပါတဲ့ ဖုန်းမှာ စမတ်ဖုန်းအလုပ်များလုပ်နိုင်ဖို့အတွက် E-Ink Display ကိုတပ်ဆင်ဖို့ စီစဉ်နေပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
www.pyaephyo.com