9/16/2017

♪ “Apple က iPhone X ကိုကြေညာ” ကျပ် ၁ ၃၅၀ ၀၀၀ နဲ့ ကျပ် ၁ ၅၅၀ ၀၀၀ ၀န်းကျင်တန်ကြေးရှိ ♫

Image may contain: phone

Apple က iPhone X စမတ်ဖုန်းကိုကြေညာလိုက်ပြီးiPhone ထုတ်လုပ်မှု ၁၀ နှစ်ပြည့် အထူးထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။ iPhone X မှာ ၅.၈ လက်မ1125x2436p AMOLED Display တပ်ဆင်ထားပါတယ်။ AMOLED Display တပ်ဆင်ထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ HDR10 နဲ့ Dolby Vision တို့ကိုထောက်ပံ့ ပါတယ်။ 3D Touch ကိုလည်းအသုံးပြုနိုင်ပါတယ်။ Galaxy S8, LG G6 တို့လို Full Screen Display ဖြစ်ပါတယ်။

iPhone X မှာ Apple A11 Chipset မှာထည့်သွင်းထားပြီးသူ့မှာ စွမ်းဆောင်ရည်မြင့် Cores ၂ လုံးနဲ့ စွမ်းအင်ချွေတာပေးတဲ့ Core ၄ လုံးတပ်ဆင်ထားပါတယ်။ iPhone X ဟာအလွန် လျင်မြန်ပြီး 3D Games , AR နည်းပညာများအားလုံးကိုကောင်းစွာကိုင်တွယ်နိုင်ပါတယ်။

iPhone X ရဲ့ အနောက်ဘက်မှာ 12MP Camera ၂ လုံးတပ်ဆင် ထားပြီးတစ်လုံးမှာ Telephoto နဲ့ နောက်တစ်လုံးမှာ Wide Lens ဖြစ်ပါတယ်။ ကင်မရာ ၂ လုံးစလုံးမှာOIS ကိုထောက်ပံ့ပါတယ်။ အနောက် ကင်မရာ ၂ လုံးကတစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် 4K 2160p Video များကိုရိုက်ကူးနိုင်တဲ့ ပထမဆုံးမိုဘိုင်းကင်မရာများဖြစ်ပါတယ်။

TouchIDအစားFaceIDနည်းပညာကိုထည့်သွင်းထားပြီးဖုန်းကို Unlock လုပ်ခြင်း၊ Apple Pay ဖြင့် ဈေးဝယ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ FaceID က Fingerprint Scanner ထက် လုံခြုံတယ်လို့ ကုမ္ပဏီကပြောပါတယ်။ Qi ကြိုးမဲ့အားသွင်းစနစ်ပါပြီး Apple AirPowerအပြင် အခြား Qi Charging Pad များနဲ့ တွဲဖက် သုံးနိုင်ပါတယ်။

iPhone X ကိုအောက်တိုဘာလ ၂၇ ရက်နေ့မှာ ကြိုတင်မှာယူခွင့်ပေးမှာ ဖြစ်ပါတယ်။နိုဝင်ဘာလ ၃ ရက်နေ့မှာရောင်းချမှာ ဖြစ်ပါတယ်။ 64GB iPhone X ကို ၉၉၉ ဒေါ်လာနဲ့ 256GB Model ကို ၁၁၄၉ ဒေါ်လာ သတ်မှတ် ထားပါတယ်။ မြန်မာငွေ အားဖြင့် ကျပ် ၁ ၃၅၀ ၀၀၀ နဲ့ ကျပ် ၁ ၅၅၀ ၀၀၀ ၀န်းကျင်တန်ကြေးရှိ ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com