Apple သည် ပွဲအတွင်း ၎င်းတို့၏ Facial recognition feature အသစ်ဖြစ်သော Face ID သုံးမရဘဲဖြစ် ခဲ့ခြင်းအပေါ် ရှင်းလင်းချက်
ထုတ်ပြန်ပေးခဲ့သည်။ ကုမ္ပဏီ၏ အဆိုအရဖုန်း၏ Face ID ကို နမူနာပြ၍
မရခဲ့ခြင်းမှာ ပွဲမတိုင်ခင် ယူဆောင်လာသောဝန်ထမ်းကြောင့် ဖြစ်သည်ဟုဆိုသည်။ Apple ၏ Software chief မှ အဆိုပါပြဿနာကို ဖုန်းအပိုဖြင့် ပြောင်းလဲနမူနာပြ၍ ဖြေရှင်းခဲ့ပြီးကောင်းစွာ အလုပ်လုပ်ကြောင်းတွေ့ ကြရသည် ။
မည်သို့ဆိုစေထိုကဲ့သို့ Face ID သုံးမရသည့် သတင်းမှာများစွာပျံ့နှံ့သွားခဲ့သည်။ စင်မြင့်ပေါ်တွင် ပြသရန်အတွက် လူများစွာမှ ပွဲမတိုင်မီဖုန်းကိုကိုင်တွ ယ်ခဲ့ကြပြီး Face ID မှ ၎င်းတို့၏ မျက်နှာများကိုဖတ်၍ အတည်ပြုပေးရန် ကြိုးစားနေသည်ကို မသိမိခဲ့ကြကြောင်းအမည်ဖော်ြ ပခြင်းမရှိသည့် ကုမ္ပဏီ၏ ပြောရေး ဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။
ဖုန်းမှာပိုင်ရှင်ဟုသတ်မှတ် ထားသော
Craig ၏ မျက်နှာမဟုတ်သဖြင့် အကြိမ်အနည်းငယ် Fail အဖြစ် သတ်မှတ်ပြီးနောက်
မူလသတ်မှတ်ပုံစံအတိုင်း passcode ကိုသာ ပြောင်းလဲတောင်းဆိုခဲ့သည်ဟု သိရသည်။
Apple မှ အဆိုပါပွဲတွင် Face ID သည် အလွန် လွယ်ကူပြီး Fingerprint Touch
ID စနစ်ထက် ပိုမိုတိကျသည်ဟုဆိုခဲ့သည်။ iPhone X တွင် Fingerprint Touch ID
အတွက် sensor လည်း ပါဝင်ခြင်းမရှိကြောင်းသိရှိ ရသည်။ ထိုအဖြစ် အပျက်မှာ 2 နာရီကြာမြင့်သည့် ပွဲအတွင်းတွင် 10 စက္ကန့်မျှသာ ကြာသောအဖြစ်အပျက်ဖြစ်သော်လည်းကုမ္ပ
ဏီ၏စကားကို သံသယ၀င်သွားနိုင်သည့် ဖြစ်ရပ်တစ်ခုဖြစ်လာ ခဲ့သည်။
Face ID သည် မျက်နှာကို 2 ကြိမ်အတွင်းမသိရှိနိုင်ပါက disable ဖြစ်သွားမည်ဖြစ်သည်ဟုအတည်ပြုခဲ့သည်။ iPhone X ကို နိုဝင်ဘာမှ ရောင်းချမည် ဖြစ်ရာ Face ID နှင့် ပတ်သက်၍ လက်တွေ့စမ်းသပ်နိုင်ရန် ကာလတစ်ခုစောင့်ဆိုင်းရဦးမည်ဖြစ်သည်။
မိုးထက်
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
မည်သို့ဆိုစေထိုကဲ့သို့ Face ID သုံးမရသည့် သတင်းမှာများစွာပျံ့နှံ့သွာ
ဖုန်းမှာပိုင်ရှင်ဟုသတ်မှတ်
Face ID သည် မျက်နှာကို 2 ကြိမ်အတွင်းမသိရှိနိုင်ပါက disable ဖြစ်သွားမည်ဖြစ်သည်ဟုအတည်ပြ
မိုးထက်
NetGuide Journal (Every Wednesday)
https://www.facebook.com/