9/11/2017

♪ " စက်တင်ဘာ (10) ရက်နေ့မှ စတင်ကာ ပြည်တွင်းဈေးကွက်၌ OPPO A71 Smartphone ကို ဖြန့်ချိရောင်းချပေးသွားမည် " ♫

Image may contain: phone and text

စက်တင်ဘာ (10) ရက်နေ့မှ စတင်ကာ ပြည်တွင်းဈေးကွက်၌ OPPO A71 Smartphone ကို ဖြန့်ချိရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ OPPO A71 Smartphone တွင် Octa-Core Processor ကို အသုံးပြုပေးထားပြီး RAM 3GB ထည့်သွင်းပေးထားသည်။

Internal Memory 16GB ပါဝင်သည့်အပြင် Memory ကို တိုးမြှင့်အသုံးပြုနိုင်သည်။ ကိုယ်ထည်ပိုင်းကို သတ္တုဖြင့် ဖန်တီးပြုလုပ်ပေးထားကာ မျက်နှာပြင်အရွယ်အစားမှာ 5.2 လက်မရှိသည်။ Dual Sim ထည့်သွင်းအသုံးပြုနိုင်ပြီး 4G Network တွင် အပြည့်အ၀ထောက်ပံ့ပေးမည်ဖြစ်သည်။ အရှေ့ 5.0 MP နှင့် အနောက် 13.0 MP ကင်မရာများ တပ်ဆင်ပေးထားခြင်းနှင့်အတူ Beautify 4.0 နည်းပညာလည်း အသုံးပြုပေးထားသည်။

Software ပိုင်းအတွက် Android 7.1 (Nougat) နှင့်အတူ Color OS 3.1 အသုံးပြုထားခြင်းကြောင့် ကောင်းမွန်သည့် User Interface တို့ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ဈေးနှုန်းမှာ ငွေကျပ် (249,000) ဖြစ်ပြီး ရွှေရောင်နှင့် အနက်ရောင်တို့ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com