9/09/2015

♪ ဒေါ်လာ ၅၀ တန် ၆ လက်မ tablet ထုတ်လုပ်ရန် Amazon စီစဉ်နေ ♫


တန်ဖိုးကြီး tablet များဖြင့် ဈေးကွက်ဝေစု ရယူရန် ကြိုးပမ်းပြီးနောက် ဈေးအလွန်သက်သာသော tablet တစ်မျိုး ထုတ်လုပ်ရန် Amazon က စီစဉ်လျက်ရှိကြောင်း သိရသည်။

အွန်လိုင်းလက်လီကုမ္ပဏီကြီးသည် ၆ လက်မ screen ပါဝင်သော ဒေါ်လာ ၅၀ တန် tablet တစ်မျိုးကို အားလပ်ရက် ဈေးဝယ်ရာသီအမီ မိတ်ဆက်ပေးရန် စီစဉ်နေကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။ ၎င်းသည် လက်ရှိ ၆ လက်မ Amazon HD Fire tablet တန်ဖိုး၏ ထက်ဝက်ခန့်သာရှိသည့်အတွက် ဈေးကွက်တွင် ဈေးအလွန်သက်သာသော tablet တစ်ခု ဖြစ်လာဖွယ် ရှိသည်။

ယခုနှစ်ကုန်တွင် ဖြန့်ချိရန် စီစဉ်နေသည့် အဆိုပါ tablet ကို ၈ လက်မနှင့် ၁၀ လက်မ screen များဖြင့် လည်း ရရှိဖွယ်ရှိကြောင်း Wall Street Journal မှဆိုခဲ့သည်။

လက်ရှိတွင် ၆ လက်မ screen ပါဝင်သည် Amazon Fire HD 6 ကို ၉၉ ဒေါ်လာဖြင့် ရောင်းချလျက်ရှိသည်။ အဆိုပါ တန်ဖိုးသည် screen-saver ကြော်ငြာများ ပါဝင်သည့် တန်ဖိုးဖြစ်ပြီး ကြော်ငြာမပါဝင်ပါက ၁၁၄ ဒေါ်လာ ကျသင့်မည် ဖြစ်သည်။ အသစ်ဖြန့်ချိမည့် tablet တွင် ကြော်ငြာ ပါဝင်ခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Apple က အရွယ်ကြီးမားသည့် iPad Pro ကို ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း ခန့်မှန်းပြောကြားမှုများ ထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာတွင် အထက်ပါသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

Apple သည် စက်တင်ဘာလ ၉ ရက်တွင် ကျင်းပမည့် ပွဲတွင် resolution မြင့်မားသည့် display နှင့် အနားတစ်ဘက်တစ်ချက်စီတွင် စပီကာ ပါဝင်သော iPad သစ်ကို မိတ်ဆက်ပေးဖွယ်ရှိသည်။

Amazon သည် ကုမ္ပဏီ၏ ပထမဦးဆုံး စမတ်ဖုန်းဖြစ်သော Fire ဖုန်းကို ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မိတ်ဆက်ခဲ့သည်။ အဆိုပါ ဟန်းဆက်တွင် 3D ဂရပ်ဖစ် ဖန်တီးပေးနိုင်သော front-facing ကင်မရာ လေးခု ပါဝင်သည်။ သို့သော်လည်း တကယ်တမ်း ရောင်းချခဲ့ရာတွင် သုံးစွဲသူ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ခြင်း မရှိပေ။

Ref: CNET
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com