9/09/2015

♪ Asus က ဈေးနှုန်းသက်သာသော ZenWatch 2 ကို မိတ်ဆက် ♫

asus zenwatch 2

Asus က IFA Trade Show တွင် ဈေးနှုန်းသက်သာပြီး လှပသော ZenWatch 2 ကို မိတ်ဆက်လိုက် ပါသည်။ Android Wear OS မောင်းနှင်မည် ဖြစ်ပြီး အောက်တိုဘာတွင် အခြေခံဈေးနှုန်း ယူရို ၁၄၉ ဖြင့် ဥရောပတွင် ရောင်းချမည် ဖြစ်သည်။

စမတ်နာရီကို အရွယ်နှစ်မျိုးထုတ်လုပ်ပေးထားပြီး ၄၉ နှင့် ၄၅ မီလီမီတာများ ဖြစ်ပါသည်။ ရွှေ၊ ငွေနှင့် အညိုရောင်များ ထုတ်လုပ်ပေးထားပါသည်။ ရာဘာ၊ သားရေနှင့် စတီး လက်ပတ်ကြိုးများ ရွေးချယ်နိုင် ပါသည်။ Quad-Core Snapdragon 400 Processor, 512MB RAM, 4GB Storage များတပ်ဆင်ထား ပါသည်။ IP67 စံနှုန်းရှိပြီး ရေစိုခံနိုင်ပါသည်။ ရေချိုးခြင်းနှင့် ပန်းကန်များ ဆေးကြောခြင်းများပြုလုပ်လျှင် ၀တ်ဆင်နိုင်သော်လည်း ရေကူးရာတွင် ၀တ်ဆင်၍ မရပါ။

အရွယ်ကြီး အမျိုးအစားတွင် ၁.၆၃ လက်မ လေးထောင့် AMOLED Display တပ်ဆင်ထားပြီး 320x320p Resolution ရှိပါသည်။ အရွယ်သေး အမျိုးအစားတွင် ၁.၄၅ လက်မ လေးထောင့် AMOLED Display ပါရှိပြီး 280x280p Resolution ဖြစ်ပါသည်။ တစ်လက်မလျှင် Pixel သိပိသည်းဆမှာ ၂၇၈ နှင့် ၂၇၃ အသီးသီး ရှိပါသည်။

ဝတ်ဆင်သူ၏ ခြေလှမ်းများကို တိုင်းတာပေးနိုင်သော Sensor ပါသော်လည်း နှလုံးခုန်နှုန်းတိုင်း Sensor မပါရှိပါ။ အရွယ်ကြီး အမျိုးအစားတွင် 400mAh Battery ပါရှိပြီး တစ်ခါအားသွင်းထားလျှင် နှစ်ရက် အသုံးခံပါသည်။ အရွယ်သေး အမျိုးအစားတွင် 300mAh Battery တပ်ဆင်ထားပါသည်။ Magnetic Charger ပါရှိပြီး ယခင်မျိုးဆက်ထက် ၃၅ ရာခိုင်နှုန်း လျှင်မြန်စွာ အားသွင်းပေးနိုင်ပါသည်။ ၃၆ မိနစ်အတွင်း ငါးဆယ်ရာခိုင်နှုန်းကို အားဖြည့်ပေးနိုင်ပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com