9/03/2015

♪ “Sony Xperia T3” အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫


ဂျိမ်းစ်ဘွန်းဇာတ်ကားတစ်ကားတွင် Xperia T အား ဂျိမ်းစ်ဘွန်း အသုံးပြု သောဖုန်းအဖြစ်စတင်မြင်တွေ့ ခဲ့ရပါတယ်။ Xperia T ရဲ့ နောက်တွင် T2 Ultra ထွက်ရှိခဲ့ပြီး၊ထိုဖုန်းရဲ့အဓိကကင်မရာဟာကောင်း မွန်သော စွမ်းရည် များပါရှိပါတယ်။ ရေစိုခံနိုင်သောစွမ်းရည်များနဲ့ ပတ်သက်၍ Sony ရဲ့ ထိပ်တန်း စမတ်ဖုန်းများဟာထင်ရှားပါတယ်။

 ဈေးနှုန်းမြင့်မားသော နောက်ဆုံးပေါ် Sony စမတ်ဖုန်းတွင်ရေဒဏ်ခံနိုင်သောစွမ်းဆောင်ချက်ဟာ မပါမဖြစ်သဘောမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်တွင် Sony က အချို့ သောစမတ်ဖုန်းများ ၌ ရေဒဏ်ခံနိုင်သောစွမ်းရည်တွေကို မထည့်သွင်း ပေးထားပါဘူး။ T2 Ultra တွင် IP 67 အသိအမှတ်ပြု စွမ်းရည်မပါရှိခဲ့ဘဲ အခြားစနစ်တွေသာထည့်သွင်းပေးခဲ့ပါတယ်။ T2 ရဲ့နောက်တွင် T3 အား ထုတ်လုပ်ရောင်းချခဲ့ပြီး၊ မော်ဒယ်နံပါတ်အလိုက် 4G network အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အစားကတော့ 150.7x77x7mm ဖြစ်ကာ၊ အလေးချိန်ကတော့ 148g ရှိပါတယ်။

ဖုန်းမျက်နှာပြင်အတွက် IPS LCD capacitive touchscreen ကိုအသုံးပြု ပေးထားပြီး၊ အကျယ်အ၀န်း ပမာဏကတော့ 5.3 inches ရှိပါတယ်။ မြင်ကွင်း စွမ်းရည်အတွက်ကို 720x1280 pixels ပမာဏဖြင့် ထောက်ပံ့ပေးထားပြီး၊ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 277ppi ပါ။ Multitouch စနစ်တွင်လက်ချောင်းလေးချောင်း အထက်အသုံးပြုနိုင်ပါမယ်။

Triluminos display စနစ်လည်းပါရှိပြီး၊ရုပ်ထွက်ကောင်းမွန်စေဖို့ရန် Mobile BRAVIA Engine 2 ကိုတပ်ဆင်ပေးထားပါတယ်။ အဓိက ကင်မရာရဲ့စွမ်းရည် ကတော့ 8MP ပဲရှိပါမယ်။ ရှေ့ကင်မရာငယ်ဟာ 1.1MP စွမ်းရည် ဖြစ်ပါ တယ်။ ပါရှိသော RAM ပမာဏကတော့ 1GB ပါ။ Active noise cancellation with dedicated mic စနစ်လည်း အသုံးပြုနိုင်ပါမယ်။ Li-Ion 2500mAh ဘက်ထရီကို တပ်ဆင်ပေးထားတာကြောင့် 3G network တွင် စကား ပြောဆိုချိန်အတွက် ၁၄ နာရီနီးပါးခံနိုင်ရည် ရှိပါမယ်။

<Specification>
Network - GSM/HSPA/LTE
Screen - 5.3 inches
CPU - Quad Core 1.4GHz
OS - Android OS,v4.4.2
Memory - 8GB, up to 32GB
Bluetooth - v4.0
Contact - 01-371924 Price - 240,000 Ks
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Credit to ==>Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com