9/03/2015

♪ “Acer က Liquid Jade Z နဲ့ Liquid Z410 တို့ကိုအမေရိကန်တွင် ရောင်းချ” ♫


Acer က အမေရိကန်တွင် Liquid Jade Z နဲ့ Liquid Z410 တို့ကိုရောင်းချ ပေးလိုက်ပါတယ်။ စမတ်ဖုန်း နှစ်လုံးစလုံးသည် 4G LTE ဆက်သွယ်မှု ကိုထောက်ပံ့ပြီးအင်တာနက် အသုံးပြုခြင်း၊ အင်တာနက်မှ ရုပ်ရှင်၊ ဗီဒီယို များကြည့်ခြင်းနဲ့ App တို့ကိုအသုံးပြုခြင်းများပြုလုပ်ရာ တွင် ကောင်းမွန် စေရန်အတွက် 64-bit Processor များကိုတပ်ဆင်ထားပါတယ်။

<Liquid Jade Z >
Liquid Jade Z ဟာဖုန်းနှစ်လုံးအနက် စွမ်းဆောင်ရည်မြင့်ဖြစ်ပါတယ်။ 5 လက်မ HD Display တပ်ဆင်ထားပြီး IPS Panel ဖြစ်တဲ့အတွက် ရှုထောင့် မျိုးစုံကနေ ကြည့်ရှုဖို့ အဆင်ပြေပါတယ်။ မျက်နှာပြင်ကိုအကြမ်းခံစေဖို့ Corning Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ မျက်နှာပြင်အတွက် Zero Air Gap နည်းပညာပါရှိပါတယ်။ အနောက်ဘက်မှာ 13MP Camera နဲ့ မျက်နှာချင်းဆိုင်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ HD Speakers များပါတဲ့အတွက် အသံအရည်အသွေးကောင်းမွန်ပါတယ်။

64-bit 1.5GHz Quad-Core Processor မောင်းနှင်မှာ ဖြစ်ပြီး 2300mAh Battery တပ်ဆင် ထားပါတယ်။ 1GB RAM/ 8GB Internal Storage အမျိုးအစားကိုဒေါ်လာ ၂၂၉ သတ်မှတ်ထားပါတယ်။ 2GB RAM/ 16GB Storage ကိုဒေါ်လာ ၂၄၉ သတ်မှတ်ထားပါတယ်။ Liquid Jade Z ဟာစတိုင်ကျလှပပြီးပါးလွှာပါတယ်။ ၃.၈ အောင်စအလေးချိန်ရှိတဲ့အတွက် လက်တစ်ဖက်တည်းနဲ့ အသုံးပြုရင် အဆင်ပြေစေပါတယ်။ Jade Z ကိုအမေရိကန်မှာရောင်းချပေးနေပါပြီ။

<Liquid Z410>
Liquid Z410 ဟာတန်ဖိုးနည်းစမတ်ဖုန်းဖြစ်ပါတယ်။ ၄.၅ လက်မ FWVGA Display , 5MP Rear Camera, 2MP Front-Facing Camera တပ်ဆင် ထားပါတယ်။ 64-bit 1.3GHz Quad-Core Processor မောင်းနှင်မှာ ဖြစ်ပြီး 2000mAh Battery တပ်ဆင်ထားပါတယ်။ 1GB RAM/ 8GB Storage အမျိုးအစားကိုဒေါ်လာ ၁၂၉ နဲ့ 2GB RAM, 16GB Internal Storage ကို ဒေါ်လာ ၁၄၉ သတ်မှတ်ထားပါတယ်။ Z410 ကိုအမေရိကန်တွင် နောက်လ မှာစတင်ရောင်းချပေးမှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Credit to ==>Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com