9/11/2015

♪ iPad Air 2 နှင့် အတွင်းအစိတ်အပိုင်း တူညီသော iPad mini 4 သစ်ကို Apple ကြေညာ ♫


Apple သည် ပါးလွှာပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့် အတွင်းအစိတ်အပိုင်းများ ပါဝင်သော iPad mini သစ်ကို မိတ်ဆက်ကြေညာခဲ့သည်။

iPad mini 4 သည် အလေးချိန် ၀.၆၅ ပေါင်သာ ရှိပြီး အတွင်းအစိတ်အပိုင်းမှာ iPad Air 2 နှင့် တူညီသည်။ ထို့ကြောင့် Apple ၏ A8X processor, M8 motion coprocessor နှင့် Touch ID sensor ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

iPad နှင့် ဓာတ်ပုံရိုက်ကူးသူများ အတွက် အဆင့်မြှင့်ထားသော 8-megapixel ကျောဘက်ကင်မရာ ကို ထောက်ပံ့ပေးထားသည်။ iPad mini 4 သည် iPad Mini 3 နေရာတွင် အစားထိုး ရောင်းချသွား မည် ဖြစ်ပြီး iPad mini 2 က ဈေးအနည်းဆုံး Apple tablet ဖြစ်လာမည် ဖြစ်သည်။

iPad Mini 4 ကို 16GB အတွက် ၃၉၉ ဒေါ်လာ၊ 64GB အတွက် ၄၉၉ ဒေါ်လာနှင့် 128GB အတွက် ၅၉၉ ဒေါ်လာ အသီးသီးဖြင့် ရောင်းချသွားမည် ဖြစ်သည်။ 4G LTE အတွက် ၁၃၀ ဒေါ်လာ ထပ်မံ ကုန်ကျမည် ဖြစ်သောကြောင့် 16GB လျှင် ၅၂၉ ဒေါ်လာ၊ 64GB အတွက် ၆၂၉ ဒေါ်လာနှင့် 128GB အတွက် ၇၂၉ ဒေါ်လာ အသီးသီး ကျသင့်မည် ဖြစ်သည်။

Ref: AppleInsider
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com