9/11/2015

♪ Cloud အခြေခံ စမတ်ဖုန်းသစ် တစ်မျိုးကို Kickstarter တွင် Nextbit မိတ်ဆက် ♫


Nextbit startup ကုမ္ပဏီတစ်ခုသည် ကန်ဒေါ်လာ ၂၉၉ တန်ဖိုးရှိ “Robin” ဟုအမည်ရသည့် စမတ်ဖုန်း တစ်မျိုးကိုမိတ်ဆက်၍ Kickstarter ဝက်ဘ်ဆိုက်တွင် ရန်ပုံငွေ စုဆောင်းလျက်ရှိသည်။ အဆိုပါကုမ္ပဏီကို Google နှင့် HTC အမှုဆောင်ဟောင်းများက ဦးစီးလုပ်ကိုင်ကြသည်။

Nextbit အနေဖြင့် ထုတ်ကုန်များ ရောင်းချခြင်းမှ အနည်းဆုံး ကန်ဒေါ်လာ ၅၀၀,၀၀၀ ရရှိစေရန် ရည်မှန်းထားသည့် ရက် ၃၀ ကြာအစီအစဉ်ကို Kickstarter ဝက်ဘ်ဆိုက်၌ ပြုလုပ်သွားမည် ဖြစ်သည်။ Kickstarter တွင် အစောပိုင်းအချိန်အတွင်း ဝယ်ယူမည့်သူများသည် ကန်ဒေါ်လာ ၂၉၉ ဖြင့် Robin ဖုန်းကို ဝယ်ယူနိုင်မည်ဖြစ်သော်လည်း အခြားသူများကမူ ကန်ဒေါ်လာ ၃၄၉ ဖြင့် ၎င်းစမတ်ဖုန်းအား ဝယ်ယူရမည်ဖြစ်သည်။ Robin စမတ်ဖုန်းကို ဇန်နဝါရီလတွင် ဖြန့်ချိသွားမည်ဖြစ်ပြီး ကန်ဒေါ်လာ ၃၉၉ ဖြင့် လက်လီဆိုင်များ၌ ရောင်းချသွားမည် ဖြစ်သည်။

Robin ဖုန်း၏ အထူးခြားဆုံး feature မှာ storage ဖြစ်သည်။ ၎င်းတွင် internal storage 32GB သာ ပါဝင်သော်လည်း ထပ်တိုးရင်းမြစ် များအတွက် cloud အတွင်း tap ပြုလုပ်ရုံဖြင့် အသုံးပြုနိုင်ရန် storage စုစုပေါင်း 100GB ပါဝင်သည်။ အဆိုပါ ပမာဏသည် HD ဗားရှင်း “The Lord of the Rings” ဇာတ်ကား ၃ ကား ငါးဆကျော်ကို သိုလှောင်နိုင်သည်။ Nextbit ၏ internal storage 32GB ကိုအပြည့်အဝ သုံးစွဲပြီးနောက် သိုလှောင်မှုပမာဏ သက်သာစေရန် သုံးစွဲသူများ သုံးလေ့သုံးထမရှိသော ဓာတ်ပုံ၊ အခြားဖိုင်နှင့် app များကို cloud အတွင်းသို့ ရွေ့ပြောင်းပေးမည်ဖြစ်သည်။

 ထိုသို့ရွေ့ပြောင်း ပေးထားသော app များသည် ဖုန်းတွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး မီးခိုးရောင် မှိန်မှိန်ဖြင့် ဖော်ပြပေးမည်ဖြစ်သည်။ အဆိုပါ app များကို အသုံးပြုလိုပါက ဖုန်းဖြင့် app နှင့် account setting များနှင့်တကွ ပြန်လည် download ပြုလုပ်နိုင်သည်။ ထို့အတူပင် ဖုန်း၌ဓာတ်ပုံနှင့် ဗွီဒီယိုများ၏ thumbnail များရှိနေသော်လည်း ဖိုင်များမှာ cloud တွင် ရှိနေမည်ဖြစ်သည်။

Robin စမတ်ဖုန်းတွင် မျက်နှာပြင် ၅.၂ လက်မအရွယ် ရုပ်ထွက်အရည်အသွေး အကောင်းမွန်ဆုံး display ပါဝင်လာသလို ရွေ့လျားနေသည့်အရာများကို လျင်မြန်စွာ မှတ်တမ်းတင် ရိုက်ကူးနိုင်သည့် ကျောဘက် ကင်မရာ 13 megapixel နှင့်ရှေ့ကင်မရာ 5 megapixel လည်းပါဝင်လာသည်။ ထို့အပြင် ၎င်းတွင် NFC နှင့် သေးငယ်သော USB Type-C port အပြင် LG G4 စမတ်ဖုန်းတွင် ပါဝင်သော အရည်အသွေးမြင့် Qualcomm Snapdragon ပရိုဆက်ဆာ ပါဝင်လာသည်။

Robin တွင် Android Lollipop ကို အသုံးပြုထားပြီး  နောက်ဆုံးပေါ် Android Marshmallow ဗားရှင်းကိုမူ လုပ်ဆောင်နေဆဲဖြစ်ကြောင်း နည်းပညာဆိုင်ရာ အရာရှိအကြီးအကဲ မိုက်ခ်ချန်က ပြောဆိုခဲ့သည်။
Ref: CNET

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com