2/09/2017

♪ ချစ်သူများနေ့ မှာ ရှောင်မီ ရဲ့ Xiaomi Red Note 4X ကို ဖြန့်ချိမည် ♫


Digital Trends  ရဲ့ သတင်းတစ်ရပ်အရ ရှောင်မီ ဟာ သူရဲ့ နောက်ဆုံးထုတ်ကုန် ဖြစ်တဲ့ Xiaomi Red Note 4X ကို အခုလာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှာ စတင်ပြီး တရားဝင်ဖြန့်ချိသွားမှာဖြစ်တဲ့အကြောင်း ကို ဖုန်းပုံရိပ်နဲ့ တကွ အတွင်းပိုင်း Function တွေအပါအ၀င် ကို ဖွင့်ထုတ်ဖော်ပြပေးခဲ့ပါတယ်။


Xiaomi ရဲ့ တရားဝင်ဖိုရမ်တွေမှာ အဲဒီသတင်းတွေကို လျှို့ဝှက်မထားဘဲ ဖော်ပြပေးခဲ့ပြီး တရုတ် Brand Ambassador အသစ်ကိုပါ ရွေးချယ်ပေးသွားဦးမှာ ဖြစ်တယ် ဆိုတာ သိရပါတယ်။ အခုတစ်ခေါက် တရုတ်အတွက် Brand Ambassador အဖြစ် ထူးထူးခြားခြား Virtual Pop Star Hatsune Miku ကို ရွေးချယ်သွားဖွယ်ရာ ရှိနေပါတယ်။ Hatsune Miku ဟာ လူအစစ်မဟုတ်ဘဲ Virtual World မှာ ထင်ရှားတဲ့ ပေါ့စတား အဆိုတော် အရုပ်တစ်ရုပ်သာ ဖြစ်တဲ့အတွက် ထူးခြားတယ် လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။  Xiaomi Red Note 4X ဟာ ချစ်သူများနေ့ မှာ ချစ်သူတွေအချင်းချင်း လက်ဆောင်ပေးဖို့ အဖြစ်လည်း ထုတ်ကုန်အနေနဲ့ ရောင်းချသွားမှာ ဖြစ်တဲ့အတွက် လှပတဲ့ ဒီဇိုင်းလေး ဖန်တီးထားတယ် လို့ ဆိုပါတယ်။

Weibo မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ အရ ဒီဇိုင်းဟာ Redmi Note4 လိုမျီုး ခပ်လန်းလန်း ဖြစ်မယ် လို့ ခန့်မှန်းကြပြီး intenal Storage အနေနဲ့ 32GB/64GB ရှိမှာ ဖြစ်ပါတယ်။ Android 6.0.1 သုံးစွဲမှာ ဖြစ်ပြီး Qualcomm Snapdragon 653 ကို သုံးစွဲမှာ ဖ်ြစပါတယ်။ MediaTex X20 လို ခပ်မိုက်မိုက် App တွေ လည်း ပါဝင်လာဦးမှာ ဖြစ်ပြီး ကင်မရာအနေနဲ့ 13Megapixel ပါရှိလာမယ် လို့ ဆိုပါတယ်။ ခန့်မှန်းမှုတွေ မှန်၊ မမှန် ဆိုတာကတော့ စောင့်ကြည့်ဖို့ ၁ ပတ် ပဲ စောင့်ရတော့မှာ ဖြစ်တယ် လို့ သိရပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com