2/18/2017

♪ “ယခင်နှစ် စတုတ္ထကွာတားမှတွင် ဒုတိယရောင်းအားအကောင်းဆုံး ဖြစ်လာတဲ့ Xiaomi” ♫

Image may contain: phone

Xiaomi ကယခင်နှစ် စတုတ္ထကွာတားဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလ အတွင်းမှာအိန္ဒိယတွင် ဒုတိယရောင်းအားအကောင်းဆုံးစမတ်ဖုန်း ထုတ်လုပ် သူ ဖြစ်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ Xiaomi ဟာRedmi 3S စမတ်ဖုန်း များကြောင့် ရောင်းအားကောင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းများဟာ စတင်ရောင်းချအပြီး ၆ လ အတွင်းမှာပင် အလုံးရေ ၃ သန်းရောင်းချခဲ့ရပါ တယ်။

ဈေးကွက် သုတေသနအဖွဲ့အစည်း IDC ရဲ့ စစ်တမ်းအရ Xiaomi ဟာ ယခင် နှစ် စတုတ္ထကွာတားမှာ အိန္ဒိယစမတ်ဖုန်းဈေးကွက်ရဲ့ ၁၀.၇ ရာခိုင်နှုန်း ဝေစုကို ပိုင်ဆိုင်ခဲ့ပြီးယခင်နှစ်မှာတော့ ၃.၃ ရာခိုင်နှုန်း ကိုသာပိုင်ဆိုင်ခဲ့ တယ်လို့ သိရပါတယ်။ တစ်နှစ်ထက် တစ်နှစ် စတုတ္ထကွာတားရဲ့ ရောင်းအား ဟာ ၁၅.၃ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ IDC က ပြောပါတယ်။

Xiaomi က ၂၀၁၄ ခုနှစ်မှာအိန္ဒိယတွင် စမတ်ဖုန်းများစတင် ရောင်းချခဲ့ပါ တယ်။ အဲဒီအချိန်ကတည်းက Xiaomi ဟာအိန္ဒိယရဲ့ ရောင်းအားအကောင်းဆုံး အွန်လိုင်းစမတ်ဖုန်းရောင်းချသူ ဖြစ်ခဲ့ပါတယ်။ Xiaomi ကမကြာခင်ကပဲ နာမည်ကျော် Redmi 3S Prime ရဲ့ အင်တာနက် အသုံးပြုလို့ မရတဲ့ မော်ဒယ် ဖြစ်သော Redmi 3S+ ကိုအိန္ဒိယမှာရောင်းချပေးခဲ့ပါတယ်။


အိန္ဒိယမှာ ရောင်းချတဲ့ Redmi 3S Prime စမတ်ဖုန်းအားလုံးနီးပါးကိုအဲဒီမှာပဲ ထုတ်လုပ် ခဲ့တာ ဖြစ်ပါတယ်။ မကြာခင်ကလည်းအိန္ဒိယမှာRedmi Note 4 ကိုရောင်းချ ပေးခဲ့ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com