2/18/2017

♪ “Facebook က Auto Play Video များမှာအသံထည့်သွင်းပေး” ♫

Image may contain: one or more people, phone and text

Facebook က သူ့ရဲ့ လူမှုကွန်ရက်မှ ဗီဒီယိုများအတွက် ပြောင်းလဲမှု အသစ် များကိုကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ Newsfeed မှာအလိုအလျောက် ပြသတဲ့ ဗီဒီယိုများအတွက် အသံကို Default အနေဖြင့် ထည့်သွင်းပေးလိုက် တာလည်း ပါဝင်ပါတယ်။ သင့်ရဲ့ ဖုန်းကို Silent မလုပ်ထားရင်၊ Facebook App Settings ထဲမှာ Auto Play Video များကိုမပိတ်ထားရင် Newsfeed မှ ဗီဒီယိုများကိုအလိုအလျောက် ပြသတဲ့အခါမှာအသံကိုပါ ကြားရမှာ ဖြစ်ပါ တယ်။

Auto Play Video များဟာမိုဘိုင်းဒေတာကိုကုန်စေမှာ ဖြစ်တဲ့အတွက် အလိုအလျောက် မဖွင့်စေချင်ရင် Facebook Settings ထဲသွား၍ ဗီဒီယို ကဏ္ဍမှာ ၀ိုင်ဖိုင်ဆက်သွယ်မှု ရမှသာအလိုအလျောက် ပြသပေးဖို့ ရွေးချယ် ထားနိုင်ပါတယ်။

Facebook က YouTube ကိုယှဉ်ပြိုင်ဖို့အတွက် သူ့ရဲ့ လူမှုကွန်ရက်မှ ဗီဒီယို များကိုလူကြည့်များအောင် ကြိုးစားနေပါတယ်။ Facebook က ၃၆၀ ဒီဂရီ ဗီဒီယိုများ၊ Live Video များကို ကြည့်ရှုနိုင်အောင်လည်းဖန်တီးပေးထား ပါတယ်။ ယခုစွမ်းဆောင်ချက် အသစ်ဟာလည်းဗီဒီယိုများကိုလူတွေ ပိုမို ကြည့်ရှုကြမယ်လို့ ကုမ္ပဏီကမျှော်လင့်ထားပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com