2017 ခုနှစ်ဟာ Apple က iPhone စတင်ထုတ်လုပ်ရောင်းချခဲ့တဲ့
10 နှစ်ပြည့်ဖြစ်ပါတယ်။ အဲဒီအတွက် ဒီနှစ်မှာ Apple က ထူးခြားဆန်းသစ်တဲ့
iPhone များကိုမိတ်ဆက်မယ်လို့ သတင်းများထွက်နေပါတယ်။ ဒီနှစ်မှာ စုစုပေါင်း
iPhone 3 လုံးမိတ်ဆက်မှာဖြစ်ပြီး အထူးထုတ်အနေနဲ့ iPhone 8 ကို
ပြသမှာဖြစ်ပါတယ်။ iPhone အသစ်များနဲ့ ပတ်သက်တဲ့ သတင်းများဟာလည်း ယခင်နှစ်များထက်
ဒီနှစ်မှာ ပိုမိုထွက်ပေါ်နေ ပါတယ်။ အစောပိုင်းသတင်းများအရ iPhone 3
လုံးစလုံးမှာ ကြိုးမဲ့အားသွင်းစနစ်များ ပါလာမယ်လို့ သိရပါတယ်။
အခုထွက်ပေါ်လာတဲ့ သတင်းများအရ 5 လက်မအရွယ် iPhone 8 မှာသာ ကြိုးမဲ့အားသွင်းစနစ်ပါလာမယ်လို့
သိရပါတယ်။ အဲဒီသတင်းဟာ ထိုင်ဝမ်မှ ထွက်ပေါ်လာတာဖြစ်ပြီး ယုံကြည်ရတဲ့
သတင်းအရင်းအမြစ် ဖြစ်ပါတယ်။ ဒါ့အပြင် 5 လက်မ iPhone 8 ရဲ့ အနောက်ဘက်ကို
ဖန်ဖြင့် ဖုံးအုပ်ထားမှာ ဖြစ်ပါတယ်။ Apple က Wireless Charger ကိုတော့
သီးခြားရောင်းချပေးမှာ ဖြစ်ပါတယ်။ အခြား iPhone 2 လုံးရဲ့ အရွယ်အစားများမှာ
4.7 လက်မနဲ့ 5.5 လက်မများ ဖြစ်ကြမှာပါ။
အထူးထုတ် iPhone 8 ရဲ့ အနောက်ဘက်မှာ ကင်မရာ 2 လုံးကို ပူးတွဲတပ်ဆင်ထားမှာဖြစ်ပါတယ်။ သူ့မှာ OLED Display ကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ OLED Display များဟာ ဈေးနှုန်းကြီးမြင့်တာကြောင့် 
iPhone 8 ရဲ့ တန်ဖိုးဟာ ဒေါ်လာ 1000 အထက်မှာရှိမယ်လို့ ကျွမ်းကျင်သူများက
တွက်ဆထားကြပါတယ်။ iPhone 8 ကို မျက်နှာပြင်ဘေးဘောင်မဲ့
ဒီဇိုင်းဖန်တီးထားမှာဖြစ်ပြီး
မျက်နှာပြင်မှာ လက်ရဲ့ဖိအားကို အာရုံခံနိုင်တဲ့ 3D Touch
နည်းပညာထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Apple က iPhone အသစ်များကို
စက်တင်ဘာလမှာ မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
အခုထွက်ပေါ်လာတဲ့ သတင်းများအရ 5 လက်မအရွယ် iPhone 8 မှာသာ ကြိုးမဲ့အားသွင်းစနစ်ပါလာမယ
အထူးထုတ် iPhone 8 ရဲ့ အနောက်ဘက်မှာ ကင်မရာ 2 လုံးကို ပူးတွဲတပ်ဆင်ထားမှာဖြစ်ပါတယ
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com