Xiaomi ရဲ့ စမတ်ဖုန်းအသစ်တစ်လုံးဟာ တရုတ်ပြည်တွင်း IT
ထုတ်ကုန်အရည်အသွေးစစ်ဆေးရေးအဖွဲ့ TENAA ရဲ့ အသိအမှတ်ပြု
ထောက်ခံရှိရရှိခဲ့တယ်လို့သိရပါတယ်။
ဒီ စမတ်ဖုန်းရဲ့ နာမည် နဲ့ပတ်သတ်လို့ ဘာသတင်းမှ မထွက်ရှိသေးပေမယ့် ပုံရိပ်နဲ့ specs အနည်းငယ် ကတော့ သတင်းပေါက်ကြားလာခဲ့ပါတယ်။
တရုတ်ပြည်တွင်းက စောင့်ကြည့်လေ့လာသူတွေကတော့ ဒီစမတ်ဖုန်းကို Redmi 5 ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုလျက်ရှိကြပေမယ့် Xiaomi ဟာ မကြာသေးခင်ကမှ Redmi Note 4X ကို ထုတ်ဖော်ခဲ့တဲ့အတွက် အချို့ကလည်း ဒီစမတ်ဖုန်းဟာ Redmi 4X ဖြစ်နိုင်တယ်လို့ ပြောဆိုလျက်ရှိနေကြပါတယ်။
ပေါက်ကြားလာတဲ့ specs အချို့ကတော့ (၅)လက်မ မျက်နှာပြင် ၊ dual-SIM နဲ့ 4000 mAh battery တို့ဖြစ်ပြီး chipset, camera , memory ပိုင်းတွေနဲ့ ပတ်သတ်လို့တော့ ဘာသတင်းအချက်အလက်မှ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။
ဒီဖုန်းရဲ့ နာမည်နဲ့ အခြား specs အချက်အလက်တွေကိုတော့ လာမယ့် ရက်အနည်းငယ် အတွင်း (ဒါမှမဟုတ်) ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ထွက်ပေါ်လာနိုင်ချေရှိတယ်လို့သိရပါတယ်။

www.pyaephyo.com