ထိုင်ဝမ်အခြေစိုက်အီလက်ထရော နစ်ပစ္စည်းထုတ်လုပ်သူAsus ရဲ့မျိုးဆက်သစ် စမတ်ဖုန်းတစ်လုံးကို ပြည်တွင်းဈေးကွက်မှာမကြာခင်ရောင်းချပါတော့မယ်။ Zenfone Go TV လို့ခေါ်တွင်ပြီး၂၀၁၆ခုနှစ်က ရောင်းချပေးခဲ့တဲ့Zenfone Go ရဲ့ဒုတိယမျိုးဆက်ပဲဖြစ်ပါတယ်။ မျက်နှာပြင်၅.၅လက်မနဲ့ဖြစ်ပြီးဈေးနှုန်းက လည်း၁၆၀,၀၀၀/-ကျပ် ၀န်းကျင်သာရှိမှာဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ အဓိက အားသာချက်ကတော့ ရုပ်သံလိုင်း တွေကိုဖမ်းယူကြည့်ရှုနိုင်တာ ပါ။
ကင်မရာ အတွက်ကိုလည်းရုပ်ထွက်ကောင်း မွန်တဲ့ပုံရိပ်တွေရရှိနိုင် မယ့်13MP နောက်ကျောဘက်ကင်မရာနဲ့ အတူအေ ရှ့ဘက်မှာတော့5MP ကင်မရာ တပ်ဆင်ပေးထားပါတယ်။Dual-sim ထည့်သွင်းအသုံးပြုနိုင်မြှာ ဖစ်ပြီး ပြည်တွင်းဈေးကွက်မှာရောင်း ချတဲ့အခါမှာတော့တယ်လီနောရဲ့ အင်တာနက် 500MB ကို၃လအခမဲ့သုံးစွဲနိုင်မြှာ ဖစ်တယ်လို့ဆိုပါတယ်။ ဒစ်ဂျစ်တယ် တီဗီ စနစ်ပါရှိတယ်ဆိုပေမယ့်အခပေး ရုပ်သံလိုင်းတွေကိုတော့ဖမ်း ယူလို့ရနိုင်မှာ မဟုတ်ပါဘူး။Asus ရဲ့စမ်းသပ်ချက်တွေအရTVလိုင်းဖမ်းယူမှုမှာ ထပ်ဆင့် လွှင့်စက်ရုံတွေရဲ့ထုတ်လွှင့် တဲ့လှိုင်းအခြေအနေပေါ်မူတည်ပြီးတော့လိုင်း အတက်အကျရှိနိုင်မှာပါ။
မြန်မာနိုင်ငံရဲ့မြို့ကြီးေ တွမှာစမ်းသပ်ချက်အရတော့ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့မော်လမြိုင်မြို့တွေ မှာအလွယ်တကူဖမ်းယူကြည့်ရှုနိုင်ပါလိမ့် မယ်။စမ်းသပ်သုံးစွဲမှုတွေအရေ တာ့sotvကိုဖွင့်ပြီးlocatio n မှာMyanmar ကိုရွေးချယ်ကာchannel scan မှာDVB T ကိုရွေးချယ်လိုက်တဲ့အခါမှာM WD ရုပ်သံလိုင်း၈လိုင်းကိုကြည့်ရှုနိုင်ပါတယ်။DVB-T2 ကိုရွေးချယ်ပြီးChannel scan ပြုလုပ်ကြည့်တဲ့အခါမှာတော့M RTV 4 HD နဲ့အခြားအခမဲ့HD ရုပ်သံ လိုင်းတွေကိုကြည့်ရှုနိုင်ပါ လိမ့်မယ်။စမတ်ဖုန်းသုံးစွဲသူရောက်ရှိရာတည်နေရာပေါ်မူတည် ပြီးတော့လိုင်းသိပ်မမိဘူးဆိုရင်တော့ weak signal ဆိုပြီး ပြသနေ ပါလိမ့်မယ်။စမတ်ဖုန်းတစ်လုံးကိုportable TV အနေနဲ့အသုံးပြုနိုင်မှာ ဖြစ်ပြီးZen UI ရဲ့လုပ်ဆောင်ချက်တွေကိုပါစမ်းသပ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် Zenfone GO TV နဲ့ပတ်သက်တဲ့စွမ်းဆောင်ချက် တွေနဲ့လက်တွေ့ စမ်းသပ်ချက် တွေကိုဖော်ပြပေးလိုက်ပါတယ်။
<Unboxing GO TV>
ဖုန်းရဲ့ပါကင်ဗူးကိုဖွင့်ဖောက်ကြည့်လိုက်တဲ့အခါမှာတော့ အပေါ်ဘက်နားမှာ ဖုန်းကိုမြင်တွေ့ရမှာဖြစ်ပြီး ၊အောက်ဘက်အခြမ်းကိုကြည့်လိုက်တဲ့အခါမှာ တော့solo tvနဲ့တွဲဖက်သုံးနိုင်မယ့်an tenna cable၊အားသွင်းကြိုးနဲ့earp hone တို့ကိုတွေ့ရမှာဖြစ်ပါတယ်။Z enfone Go TV ကိုဖွင့်ဖောက်ကိုင်တွယ်ကြည့် လိုက်ချိန်မှာတော့ပေါ့ပါးပြီးစမတ်ကျတဲ့ဒီဇိုင်းကိုခံစားလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုရင်ဘေးဘောင်ေ တွကိုပါးလွှာအောင် ပြုလုပ်ပေးထား သလို့နောက်ကျောဘက်ကလည်းsmoo th Curvature ပုံစံမျိုးနဲ့ပါ။ ဖုန်းရဲ့ကိုယ်ထည်ပိုင်းကြို ကည့်လိုက်မယ်ဆိုရင်ပါဝါခလုတ်နဲ့audio ပေါက် ကိုတွေ့ရမှာဖြစ်ပါတယ်။နောက် ကျောဘက်ကင်မရာရဲ့အောက်မှာတော့အသံအတိုး၊အကျယ်ခလုတ်ကိုတပ်ဆင်ပေးထားပြီးနောက်ကျော ဘက် ခြမ်းဟာ အလွယ်တကူဖြုတ်တပ်လို့ရပါတယ် ။နောက်ဘက်ကာဘာကိုခွာကြည့်လိုက် တဲ့အခါမှာတော့ဆင်းကတ်ထည့်စရာslot 2 ခုနဲ့SD card ထည့်သွင်းစရာslot တွေ ကိုတွေ့ရမှာပါ။ကင်မရာရဲ့ဘေး မှာတော့dual-tone flash ရှိနေမှာပါ။ ကြည်လင်တဲ့ မြင်ကွင်းကိုခံစားရနိုင်မှာ ဖြစ်ပြီးပလတ်စတစ်နောက်ဘက် ကာဗာဟာအကြမ်းခံနိုင်စွမ်းရှိပါတယ်။မျက်နှာပြင်ကာကွယ်နိုင်စွမ်း အတွက် Gorilla glass 3 နဲ့ဖုံးအုပ်ပေးထားမှာဖြစ်ပြီး5.5 displayဟာနက်မှောင်နေ တာကြောင့်screen အပြည့်ပုံစံလိုခံစားရနိုင်ပါတယ်။ကိုယ်ထည် တစ်ခုလုံး ရဲ့၇၂% မြင်ကွင်းကိုရရှိစေမှာပါ။အေ လးချိန်ကလည်း၁၆၀ဂရမ်သာ ရှိတာကြောင့်အတော်ပေါ့ပါးပါ တယ်။Hardware ပိုင်းကြည့်လိုက်မယ် ဆိုရင်တော့ ဈေးသက်သာတဲ့ဖုန်းလို့မထင်ထားအောင်ပဲအရည်အသွေးမြင့်မား တဲ့snapdragon chipset ကိုသုံးထားပြီးတော့ဂရပ်ဖစ်ပိုင်းထောက်ပံ့မှုလည်း ပါဝင်လာမှာပါ။သို့ပေမယ့်ပရို ဆက်ဆာဟာ1.4GHzအမြန်နှုန်းရှိမယ့် Qualcomm Snapdragon 400 MSM8928 ဖြစ်ပါတယ်။ နောက်ကျော ဘက်ရဲ့အောက်နားမှာတော့စပီကာ ကိုတပ်ဆင်ပေးထားပါတယ်။Nano Sim စမတ်ဖုန်းတွေသာများပြားနေတဲ့ အချိန်မှာထည့်သွင်းရမယ့်ဆင်းကတ်ပုံစံ ကတော့Micro-Simပဲ ဖြစ်ပါတယ်။
<Camera>
ကင်မရာပိုင်းကိုကြည့်လိုက်မ ယ်ဆိုရင်တော့13MP နောက်ကျောဘက် ကင်မရာဟာf/ 2.0 ဖြစ်တာကြောင့်ပုံရိပ်တွေကို ပြင်ပအရောင်အတိုင်း သွက်လက်စွာရိုက်ကူးနိုင်ပါလိမ့်မယ်။TriTech autofocus နည်းပညာ သည်မည်သည့်အခြေအနေတွင်မဆိုပုံရိပ်များကိုအကောင်းဆုံး၊အ ကြည်လင်ဆုံးရိုက်ကူးပေးနိုင် မှာဖြစ်ပါတယ်။လျင်မြန်စြွာ ဖင့်ပုံရိပ်ဖမ်းယူနိုင်မှုကိုအချို့ သောhigh-end phones များတွင်သာတွေ့နိုင်တယ်။tri ple technology အလိုအလျောက်မြင်ကွင်းချိန်ဆ မှုစနစ်ပေါင်းစပ်ပေးထားပါတယ် ။မျိုးဆက် သစ်လေဆာနည်းပညာနှင့်အတူအလင်းရောင်ရရှိမှုအားနည်းသော ပတ်ဝန်းကျင်အနေအထားတွင်ပင်ဝ .၀၃စက္ကန့်နှင့်လျင်လျင် မြန်မြန် ကောင်းမွန်စွာရိုက်ကူးနိုင် ပါလိမ့်မယ်။Super Resolution Mode ကို အသုံးပြုပြီး 64 MPဓာတ်ပုံများကိုအထူးအရည်အေ သွးကောင်းမွန်စွာဖြင့် ဖန်တီးရိုက်ကူးနိုင်ပါသည်။အ ရှေ့ဘက်selfieကင်မရာငယ်ကတော့ 5MPရှိမှာ ဖြစ်ပြီးASUS Pixel Enhancing နည်းပညာကိုထည့်သွင်းပေးထားတာကြောင့် အမှောင်ထဲမှာဓာတ်ပုံရိုက်တဲ့ အခါ၄၀၀ရာခိုင်နှုန်းနီးပါးေ လာက်တောက်ပမှုကိုပေးစွမ်းပါလိမ့်မယ်။Low Light mode,Nightmode,Selfie mode, Photo Effects, Time Lapse တွေကိုပါအရှေ့ဘက်ကင်မရာငယ်က နေသုံးစွဲနိုင်ပါလိမ့် မယ်။အဓိကကင်မရာဟာမတူညီတဲ့လု ပ်ဆောင်ချက်ပေါင်း၁၆ခုကိုအသုံးပြုပြီးရိုက်ကူးနိုင်ပါလိမ့်မယ်။
<ZenUI>
Zenfone Go သုံးတဲ့သူတွေဟာသပ်ရပ်တဲ့ဒီဇိုင်းနဲ့ZenUIကိုလည်းသုံးစွဲနိုင်ပါ လိမ့်မယ်။ဖုန်း၏lock screen မှနေ၍နေပူခြင်း၊မိုးရွာခြင်းအစရှိသော ရာသီ ဥတုအခြေအနေများကိုအချိန်နှင့်တစ်ပြေးညီသိရှိနိုင်မှာပါ ။ ZenUI Theme စတိုးမှများလှစွာသောthemes များကိုရယူပြီးအလှဆင်နိုင်သ လို theme များမှနေ၍သင့်စိတ်ကြိုက်(wa ll-papers / icons / lock screen) တစ်ခုချင်း စီကိုလည်းပေါင်းစပ်ပြီးတော့ဖန် တီးနိုင်မှာပါ။အလိုမရှိသော Notification များကိုသင့်စိတ်ကြိုက် ပြုပြင်ဖန်တီးနိုင်တဲ့အပြင် အသုံးမလိုသည်များကို ရှင်းလင်းနိုင်သည့်Cleanup ကိုသုံးစွဲနိုင်ပါလိမ့်မယ်။ ZenMotion Touch Gesture ကိုအသုံးပြုပြီးတော့blank screen တွင်စာလုံးလေးများကို လက်ဖြင့် ရေးသားလိုက်ရုံဖြင့်appများ ကိုလျင်လျင်မြန်မြန်ဖြင့်ရိုးရှင်းစွာဖွင့်လှစ်အသုံးပြုနိုင်မှာပါ။App, battery, memory, data တွေကိုတော့Asus Mobile Manager ကိုအသုံးပြုပြီးတော့စီမံခန့် ခွဲနိုင်ပါလိမ့်မယ်။App lock လုပ်ဆောင်ချက် ထည့်သွင်း ပေးထားတာကြောင့်အခြားသူတွေကိုမိမိမသုံးစေချင်တဲ့App တွေ ကိုလည်းပိတ်ထားနိုင်ပါလိမ့် မယ်။Google Drive မှာလည်း100GB အထိကို ၂နှစ်အခမဲ့သိမ်းဆည်းနိုင်ပါ လိမ့်မယ်။
<Built-in Digital TV>
ဖျော်ဖြေရေးဆိုင်ရာနဲ့ပတ်သက်ပြီးခံစားရရှိလိုသူတွေအတွက်ပေါ့ပါးစွာ သယ်ဆောင်သွားနိုင်မယ့်TVလေး လိုဖြစ်နေမှာပါ။ဘာကြောင့်လဲ ဆိုရင်ဖုန်းမှာdigital ရုပ်သံလိုင်းတွေကိုဖမ်းယူကြ ည့်ရှုနိုင်စေဖို့အတွက်Solo TV ဆိုတဲ့App လေးကိုbuilt-in ထည့်သွင်းပေးထားလို့ပါ။Solo TV ကိုထောက်ပံ့ပေးဖို့အတွက် တော့ဖုန်းမှာSONY ရဲ့IC (SMT-EW100) chipset Digital TV (DTV) tuner လေးထည့်သွင်းပေးထားပါတယ်။လိုင်းတွေကိုဖမ်းယူကြည့်နိုင် စေဖို့အတွက် antenna adapter တစ်ခုပါဝင်လာမှာပါ။အင်တာနာေ လးကိုဖုန်းရဲ့ အပေါ်ဘက် မှာရှိတဲ့3.5 mm audio ပေါက်မှာတပ်ဆင်ပြီးတော့မိမိ ကြည့်ရှု ချင်တဲ့ ရုပ်သံလိုင်းတွေကိုဖမ်းရမှာ ပါ။အင်တာနာလေးမှာaudio ချိတ်ဆက်ဖို့ အတွက်လည်းအပေါက်လည်းပါဝင်မှာပါ။နိုင်ငံပေါင်း၄၁ခုမှာရှိတဲ့DTV channel တွေကိုဖမ်းယူနိုင်မှာဖြစ်ပါ တယ်။အသံလွှင့်ရာဒေသလှိုင်းအလျား ပေါ်မူတည်ပြီးတော့ကြည်လင်စွာ ဖမ်းမိနိုင်ခြင်းရှိ၊မရှိတော့ကွာခြားနိုင်ပါတယ်။ဖုန်းမှာပါရှိတဲ့solo TV ကိုဖွင့်လိုက်တာနဲ့နိုင်ငံေ တွကိုရွေးချယ်နိုင်မှာပါ။DV B-T နဲ့DVB-T2 ဆိုပြီးရွေးချယ်နိုင်ပါလိမ့် မယ်။scan ပြုလုပ်လိုက်တာနဲ့လိုင်းတွေ ကို ဖမ်းပေးပါလိမ့်မယ်။အခမဲ့ရုပ်သံလိုင်းတွေကိုသာသီးသန့်ကြ ည့်ရှုလို့ရနိုင်မှာပါ။တည်နေ ရာပေါ်မူတည်ပြီးနေရာအချို့မှာတော့HD ရုပ်သံလိုင်းတွေကိုရရှိ နိုင်ပါတယ်။လိုင်းအကြည်လင်ဆုံးနဲ့ ပြသပေးနိုင်တာကတော့MWD ရုပ်သံ လိုင်းတွေပါ။ရုပ်သံဇာတ်လမ်း တွေကြည့်တဲ့နေရာမှာစာတမ်းထိုး ကြည့်လိုသူ တွေအတွက်Multi-option subtitles ကိုအသုံးပြုနိုင်ပါလိမ့်မယ် ။
<No Data, No Congestion>
အွန်လိုင်းအသုံးပြုပြီးရုပ် သံလိုင်းတွေကြည့်ရှုတာကတကယ်ကိုခေတ်စားလာခဲ့ပါပြီ။စမတ်ဖု န်းအသုံးပြုသူတွေဟာYouTube နဲ့video streaming website တွေကိုအသုံးပြုပြီးမိမိကြည့် လိုတဲ့သီချင်း၊ရုပ်ရှင်တွေ ကိုကြည့်ရှုနေကြပါတယ်။သေးငယ် တဲ့စမတ်ဖုန်းမျက်နှာပြင်ပေါ် မှာကြည်လင်တဲ့ရုပ်သံလိုင်းေ တွကြည့်ရှုရတာဟာတကယ့်TV ပေါ်မှာကြည့်နေရသလိုခံစားမှုကိုရရှိပါတယ်။ အခု တော့Asus ရဲ့Zenfone Go ကြောင့်ရုပ်သံလိုင်းတွေကိုM obile data မကုန် ဘဲနဲ့ကြည့်နိုင်တော့မှာပါ။၁ ၁နာရီနီးပါးဘက်ထရီသက်တမ်းခံ နိုင်စွမ်းလည်း ရှိမှာဖြစ်တာကြောင့်Zenfone GO TV တွေကိုအချိန်ကြာကြာကြည့်နို င်ပါလိမ့် မယ်။TV channelသုံးတဲ့သူတွေအနေနဲ့ L ocal free -to-air ရုပ်သံလိုင်းတွေကို အင်တာနက်ကွန်ရက်မလိုအပ်ဘဲ အင်တာနာကြိုးလေးကိုအသုံးပြုပြီး ကြည့်နိုင်ပါလိမ့်မယ်။အို လံပစ်ဂိမ်းလိုကစားပွဲ၊New Year count-down တွေကိုထစ်ငေါ့ မနေနဲ့ကြည့်နိုင်ပါလိမ့်မယ် ။channel scan လုပ်ပြီးသုံးစွဲသူနှစ်သက်တဲ့ လိုင်းကို ရွေးချယ်ကြည့်နိုင်မှာပါ။ ဘယ် လိုနိုင်ငံမျိုးမှာမဆိုT2/ T2-Lite, DVB-T နဲ့လွှင့်တဲ့ လိုင်းတွေဖမ်းယူနိုင်မှာပါ။
<Battery>
ဘက်ထရီစွမ်းအားပိုင်းကိုကြည့်လိုက်မယ်ဆိုရင်တော့3010 mAhစွမ်းအားပိုင်း ကိုပေးစွမ်းမှာဖြစ်ပြီး ဖြုတ်တပ်ပြုလုပ်လို့ရနိုင်ပါတယ်။အသင့်အနေအထား အသုံးပြုမယ် ဆိုရင်တော့နာရီ၄၀၀နီးပါးခံနိုင် ရည်စွမ်းရှိမှာဖြစ်ပြီး ၊Web Browsing အတွက်သုံးမယ်ဆိုရင်၁၀နာရီ၊D igital TV ရုပ်သံလိုင်းတွေကိုကြည့် မယ်ဆိုရင်၁၁နာရီ၊3Gကွန်ရက်အ သုံးပြုဖုန်းပြောမယ်ဆိုရင်ေ တာ့၁၆နာရီနီးပါးခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကိုကြည့်လိုက်မယ်ဆိုရင်တော့WCDMA/ TD-SCDMA/ TDD-LTE/ FDD-LTEလိုင်းတွေမှာသုံးစွဲနိုင်ပါ လိမ့်မယ်။
<Verdict>
အဆုံးသတ်ကောက်ချက်ချရရင်တော့ Zenfone Go TV ဟာပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့စမတ်ဖုန်းတစ်လုံးအဖြစ်ဆိုနိုင်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင် TV Tuner တစ်ပါတည်းထည့်သွင်းပေးထားပြီးchannel တွေကိုဖမ်းယူ ကြည့်နိုင်တာကြောင့်သုံးစွဲ သူတွေလည်းကြိုက်နှစ်သက်နိုင်ပါတယ်။ကင်မရာဘက်ကိုကြည့် လိုက်မယ်ဆိုရင်လည်းAsus ရဲ့နောက်ဆုံးပေါ်ဖုန်းတွေမှာ သာ ထည့်သွင်းပေးထားတဲ့လုပ်ဆောင် ချက်တွေကိုအသုံးချနိုင်ပါလိမ့်မယ်။သူ့မှာ အားနည်းချက်အနေနဲ့ပြောစရာရှိတာကတော့ပရိုဆက်ဆာပိုင်းမှာ quad-core အဆင့်လောက်သာပေးထားပြီးOS ပိုင်းအနေနဲ့android 5.1 ကိုသာ သုံးစွဲနိုင်မှာပါ။SD ကတ်ကတော့64GB အထိတိုးမြှင့်သုံးစွဲနိုင်ပါလိမ့်မယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
ကင်မရာ အတွက်ကိုလည်းရုပ်ထွက်ကောင်း
မြန်မာနိုင်ငံရဲ့မြို့ကြီးေ
<Unboxing GO TV>
ဖုန်းရဲ့ပါကင်ဗူးကိုဖွင့်ဖေ
<Camera>
ကင်မရာပိုင်းကိုကြည့်လိုက်မ
<ZenUI>
Zenfone Go သုံးတဲ့သူတွေဟာသပ်ရပ်တဲ့ဒီဇ
<Built-in Digital TV>
ဖျော်ဖြေရေးဆိုင်ရာနဲ့ပတ်သက
<No Data, No Congestion>
အွန်လိုင်းအသုံးပြုပြီးရုပ်
<Battery>
ဘက်ထရီစွမ်းအားပိုင်းကိုကြည
<Verdict>
အဆုံးသတ်ကောက်ချက်ချရရင်တော
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com