MyPlay ကုမ္မဏီမှ တီထွင်ထုတ်လုပ်လျက်ရှိသော မြန်မာမှုဂိမ်း
များကိုကစားသူများလာကြောင်း MyPlayကုမ္မဏီ ၏ စစ်တမ်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာမူ ဂိမ်းများကို ၂၀၁၇ခုနှစ်အတွင်း အသက်၂၀မှ၃၀ကြား လူငယ်အများစု၏
စိတ်ဝင်စားမူမြင့်တက်လာခြင်းဖြစ်သည်။
ဂိမ်းကစားသူ ကိုဝေလင်းအောင်က “ကျွန်တော်ကတော့ နိုင်ငံခြားဂီမ်းတွေလည်းကစားဖြစ်ပါ တယ်။နောက်ပိုင်း ဇာတ်လမ်းသွား ပုံစံ မြန်မာဂိမ်းတွေဆော့ဖြစ်လာတယ်။ မြန်မာဂီမ်းတွေကို အခုထက်ပိုပြီးတော့ တိုးတက်လာမယ်လို့မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာမှု ဂိမ်း ကို အများစုက ကြိုက်နှစ်သက်ခဲ့ပြီး တစ်ဦးထဲ ရှိနေချိန် ၆နာရီအထက် ကစားခဲ့ကြောင်း သိရသည်။
MyPlay မှ တီထွင်ထုတ်လုပ်ထား ဂိမ်းများအားလုံး၏ userအရေအတွက်မှာ ၉သိန်းကျော် ထိရှိခဲ့ပြီး တစ်ရက်လျှင် ပုံမှန်ကစားသူ userအရေအတွက်မှာ ၂သောင်းကျော် ရှိလာခဲ့ကြောင်းသိရသည်။ “Online ကစားသူတွေက 2017 မှာသိသိသာသာ တိုးတက်လာတယ်။ MyPLAY အနေနဲ့  ၂၀၁၇ခုနှစ် အတွင်း Rage of Rama full-versionကို ထုတ်မှာပါ။ လမ်းမတော်ဖိုးတုတ်ဆိုတဲ့ ဂိမ်းကိုလဲ ထုတ်ဖို့ရှိပါတယ်။ ဂီမ်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေပါ တယ်။ ရုပ်ထွက်ပိုင်းနဲ့ မြေပုံကို ကိုလိုနီခေတ် ရန်ကုန်၊မန္တလေးပုံစံ ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု MyPlay ကုမ္မဏီမှ Operation Manager ကိုစိုင်းပြည့်ဖြိုးဟန် က ပြော ကြားသည်။
MyPlayမှ ထုတ်လုပ်ထားသော ဆိုက်ကားဆရာငပိန် မှာ လူသိများခဲ့ပြီး ဂျပန်နိုင်ငံတွင်ပြုလုပ်ခဲ့သော 2016 Tokyo Showတွင် ဆုရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာလူငယ်များဖြင့် ဖွဲ့စည်းထားသည့် MyPlay ကုမ္မဏီမှ ရာမဇာတ်တော်ကို အခြေခံထား သော Rage of Rama နှင့် လမ်းမတော်ဖိုးတုတ် ဂီမ်းများ ကို ဆက်လက်၍ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

www.pyaephyo.com