2/18/2017

♪ နိုင်ငံတော် သမ္မတ ဟာ လူမှုကွန်ယက် မှာ သူရဲ့ ပို့စ် ကို ပြန်ဖျက်ခဲ့ရင် ပြစ်မှုမြောက်ပါသလား ♫


ကျွန်တော် မေးဖို့ မေးခွန်းတစ်ခု ရှိပါတယ်။ နိုင်ငံတော် သမ္မတစ်ယောက် ဟာ လူမှုကွန်ယာက်မှာ သူရဲ့ ပို့စ် (Post) ကို ပြန်ဖျက်ခဲ့ရင် တရားဝင်ပါသလား။ စဉ်းစားပြီး ဖြေကြည့်စေလိုပါတယ်။
.
ဒီကနေ့ခေတ် နည်းပညာလောကကြီးထဲမှာ နေထိုင်သူတွေအတွက်တော့ အခု အပတ် မေးခွန်းဟာ ငြင်းခုံဖွယ်ရာ တစ်ခု အနေနဲ့ ဖြစ်လာပါတယ်။ အခု မေးခွန်း ကို အစဖော်ပေးခဲ့တဲ့ Post အနေနဲ့က ကမ္ဘာပေါ်မှာ သိလိုသမျှတွေကို ၀င်ရောက်မေးမြန်းနိုင်ပြီး ကမ္ဘာပေါ်က ပညာရှင်တွေအပါအ၀င် (ခုန မေးခွန်းကို) တွေ့တဲ့သူတွေ ၊ ပညာတတ်တွေက ဖြေကြားပေးနေတဲ့ အမေး၊ အဖြေတွေကို ဖိုရမ်ပုံစံ တည်ဆောက်ပေးထားတဲ့ Quora မှာ စတင် ပေါ်ပေါက်ခဲ့တဲ့ မေးခွန်း ပဲ ဖြစ်ပါတယ်။
.
ဒီ ပြသနာရင်းမြစ်ကို စတင် ခဲ့သူကတော့ အမေရိကန်ပြည်ထောင်စု ရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့် ပဲ ဖြစ်ပါတယ်။
.
ဒေါ်နယ်လ်ထရမ့်ပ် ဟာ မွတ်စလင် (၇) နိုင်ငံ ကို ခရီးသွာလာခွင့် ပိတ်ဆို့ခဲ့ပြီးနောက်မှာ အနုပညာရှင်တွေ နဲ့ ကမ္ဘာပေါ်က ကျော်ကြားထင်ရှားသူတွေ ဟာ အဲဒီ အမိန့်ကို အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ သမ္မတ ရဲ့ အမိန့်ဒီဂရီအသစ် ကို ကန့်ကွက်ဆန္ဒပြကြသူတွေထဲမှာ သာမန်လူတွေ တင်မကပဲ နည်းပညာလောက ပညာရှင်တွေ အများအပြား ပါဝင်ခဲ့ပြီး နည်းပညာ ကုမ္ပဏီကြီး တော်တော်များများ က ဖက်ဒရယ်အစိုးရ နဲ့ သဘောတူညီမှု အများအပြား ကို ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ရဲ့ ၄၅ ယောက်မြောက် သမ္မတအသစ် ဒေါ်နယ်လ်ထရမ့်ပ် ဟာ တွစ်တာ ကို သုံးလေ့ရှိတဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် က Twitter ပေါ်မှာ တင်ခဲ့တဲ့ သူရဲ့ ပို့စ်ကို ပြန်ဖျက်ပစ်ခဲ့ ပါတယ်။ အဲဒီလို ဖျက်ပစ်မှု ဟာ ” တရားဝင်ပါသလား “ လို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အဖြေကိုတော့ Carter Moore က ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။ Carter Moore ဟာ ဖက်ဒရယ်ပြည်ထောင်စု ရဲ့ ၀န်ထမ်းတစ်ယောက် ဖြစ်ပြီး ကွန်ဂရက်ပိုင်းဆိုင်ရာ အရာရှိတစ်ဦးလည်း ဖြစ်ပါတယ်။

Carter Moore က ” အဲဒီလုပ်ရပ်ကို မကြိုက်တဲ့ အကြောင်း ကနဦး စတင်ပြောဆိုခဲ့ပြီး 1978 ခုနှစ်မှာ ပြဌန်းခဲ့တဲ့ အမေရိကန်ပြည်ထောင်စု မှာ ရှိတဲ့ The Presidential Records Act ကို ကိုးကားပြီး ဖြေကြားခဲ့ပါတယ်။ သမ္မတတွေရဲ့ မှတ်တမ်းမှတ်ရာ ပိုင်းဆိုင်ရာ ဥပဒေ တစ်ခု ဖြစ်တဲ့ Presidential Records Act ဟာ ၁၉၇၈ ခုနှစ်မှာ ပြဌန်းခဲ့တာ ဖြစ်လို့ အခု အချိန်မှာ တရားဝင် ဖြစ်ဖို့အတွက် ပြန်လည်ပြီး ဖြည့်စွက် စကားပိုဒ်တွေကို ရေးသား၊ ပြဌာန်းရမှာ ဖြစ်တယ် လို့ ဆိုခဲ့ပါတယ်။

(ဒစ်ဂျစ်တယ်တိုင်းမ် ပရိသတ်တွေအတွက် မူရင်းအတိုင်း အနည်းငယ် ဖော်ပြပေးလိုက်ပါတယ်။)
The term “Presidential records” means [all books, correspondence, memoranda, documents, papers, pamphlets, works of art, models, pictures, photographs, plats, maps, films, and motion pictures, including, but not limited to, audio and visual records, or other electronic or mechanical recordations, whether in analog, digital, or any other form]†, or any reasonably seg­regable portion thereof, created or received by the President, the President’s immediate staff, or a unit or individual of the Executive Office of the President whose function is to advise or assist the President, in the course of conducting activities which relate to or have an effect upon the carrying out of the constitutional, statutory, or other official or ceremonial duties of the President.
Such term includes any documentary materials relating to the political activities of the President or members of the President’s staff, but only if such activities relate to or have a direct effect upon the carrying out of constitutional, statutory, or other official or ceremonial duties of the President.
ဥပဒေ ရဲ့ ဆိုလိုရင်း ဟာ သမ္မတ နဲ့ ပတ်သက်တဲ့ အမှတ်တရ အသုံးအဆာင်ပစ္စည်း၊ စာအုပ်၊ စာရွက် ၊ ပန်းဖလက်၊ အနုပညာလက်ရာတွေ၊ မိုဒယ်လက်ရာတွေ ၊ ပန်းချီကား၊ ရုပ်ပုံကားချပ်တွေနဲ့ ဓါတ်ပုံတွေ ၊ မြေပုံတွေ၊ ဖလင်၊ ဗွီဒီယို ၊ တေးဂီတ၊ သီဆိုမှု၊ နဲ့ လုပ်ဆောင်ချက် အားလုံး၊ ကို မှတ်တမ်းတင်ထားရမှာ ဖြစ်ပြီး Document တစ်ခု အနေနဲ့ မပျက်မကွက် ထားရှိရမှာ ဖြစ်ပါတယ်။ မှတ်တမ်းတင် ထားရှိဖို့အတွက်လည်း သမ္မတရဲ့ ကိုယ်ရေးအရာရှိ နဲ့ တခြားဝန်ထမ်းတွေကို အလုပ်နေရာ ချထားခွင့်ပြုပါတယ်။ အဲဒီ ပစ္စည်းပစ္စယ အားလုံး ဟာ Public နဲ့ သက်ဆိုင်မှု မှန်သမျှလို့ ရည်ညွှန်းခဲ့ပါတယ်။

အဲဒီအတွက် ကိုယ်ပိုင်ပုဂ္ဂိလက အစစ်ဖြစ်တဲ့ ၊ ကိုယ်ရဲ့ non Public ပိုင်းကိုသာ ကိုယ်စိတ်တိုင်းကျ လုပ်ဆောင်ခွင့် ရှိမှာ ဖြစ်ပြီး အများပြည်သူ ကို ချပြရတဲ့ သတင်း၊ ဓါတ်ပုံ ဆိုတာမျိုးတွေကို က ဘယ်လို အကြောင်းပြချက် နဲ့ မှ ဖျက်ဆီးခွင့်မရှိဘူး လို့ ဆိုပါတယ်။

ဒါပေမယ့် Carter Moore က ဟိုဘက်၊ ဒီဘက် ကို မျှမျှတတ ပြောဆိုခဲ့တဲ့ အချက်တစ်ခုကတော့ Twitter နဲ့ ပတ်သက်သမျှပါပဲ။ ဥပဒေ ဟာ သတင်းတွေကိုသာ အရေးယူလို့ ရပေမယ့် တီးတိုးစကားဆိုတဲ့ အတင်း ပုံစံ အဆင့်မျိုးကိုတော့ အရေးယူခွင့် မရှိဘူး လို့ ဆိုပါတယ်။ နောက်တစ်ကြောင်း ဟာ LAW ရဲ့ ဥပေဒေ သက်ရောက်မှု အတိုင်းအတာ အရ Presdiental Records ဟာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့အတွက် စွပ်စွဲခံရသူဟာ တရားဥပဒေကြောင်း အရ ပြန်လည် ခုခံခွင့်တွေ အကောင်းဆုံး ရရှိသွားနိုင်တဲ့ အားနည်းချက်၊ ပျော့ကွက်တွေ ရှိနေမှာ ထင်တယ် လို့ ဆိုခဲ့ပါတယ်။ မှတ်တမ်းမှတ်ရာတွေကို ဖျက်ဆီးခဲ့တဲ့ ပြစ်မှုတော့ မြောက်တယ်လို့ ဆိုနိုင်မှာ ဖြစ်ပေမယ့် ဥပဒေကြောင်း အရ ရှုပ်ထွေးမှုတွေ အများကြီး ရှိလာနိုင်တယ် လို့ ဆိုခဲ့ပါတယ်။

အိမ်ဖြူတော် ဟာ အဲဒီ Tweet တွေမှန်သမျှကို Archive လုပ်ပေးတဲ့ နည်းပညာတစ်မျိုး သုံးလေ့ရှိတယ် လို့ ဆိုပါတယ်။ White House ရဲ့ Adminstartion အဖွဲ့က သမ္မတ အပါအ၀င် အိမ်ဖြူတော်မှာ ရှိနေတဲ့သူတွေရဲ့ မှတ်တမ်းတွေကို သိမ်းဆည်းလေ့ရှိပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီ တွစ်တာ ဖော်ပြချက်တွေကို ဖျက်ဆီးပစ်မှု ( Delete ) လုပ်မှု ဟာ သာမန်လူတစ်ယောက် အတွက် တော့ အရေးမကြီးလှဘူး လို့ ဆိုပါတယ်။ နိုင်ငံတော်သမ္မတ အဆင့်မှာကတော့ ထောက်ကွက် (၂) ခု ရှိတယ် လို့ ဆိုပါတယ်။ ပထမထောက်ကွက် အရ အဲဒီ တွစ်တာ(ပို့စ်) ဟာ တခြားသူတစ်ယောက် ကို စော်ကားထားသလား ၊ တခြားသူတစ်ယောက်ကို အသိပေးထားသလား၊ ပုဂ္ဂိုလ်ရေး ခံစားချက် လား ဆိုတာ ကို …ကွဲပြားစွာ လေ့လာဖို့ လိုတယ် လို့ ဆိုခဲ့ပါတယ်။ ဒုတိယထောက်ကွက် အရ ပို့စ်တစ်ခု ဟာ ဘာအကြောင်းမှ မပါဝင်ဘူး ဆိုရင်တောင် မှ Presidental Records ဥပဒေ အရ ကွန်ဂရက် ရဲ့ မေးမြန်းမှုကို မလွဲမသွေ ခံရမယ် လို့ ဆိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ရှေးရှေးတုန်း က စကားအရ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး လို့ ဆိုထားခဲ့ပါတယ်။
.
ကျွန်တော် မေးဖို့ မေးခွန်းတစ်ခု ရှိပါတယ်။
နိုင်ငံတော် သမ္မတစ်ယောက် ဟာ လူမှုကွန်ယာက်မှာ သူရဲ့ ပို့စ် (Post) ကို ပြန်ဖျက်ခဲ့ရင် တရားဝင်ပါသလား။
..
Yes …..။
No ……။
..
စဉ်းစားပြီး ဖြေကြည့်စေလိုပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com