2/24/2017

♪ မေလ မှာ ရှောင်မီ Mi-Max 2 ထွက်မည် ဟု ကုမ္ပဏီ က ဆို ♫


သုံးစွဲရတာ စိတ်တိုင်းကျပြီး ပေးချေရတဲ့ ငွေတန်ဖိုး နဲ့ ရရှိတဲ့ Specs ပါဝင်ဖွဲ့စည်းမှု ကောင်းမွန် ခဲ့ခြင်း တွေကြောင့် နာမည်ကျော်ကြား လူကြိုက်များခဲ့ရတဲ့ Xiaomi Mi Max 2 ဟာ အခု သင်္ကြန် အပြီး မေလအတွင်းမှာပဲ ထွက်ရှိလို့ လာပါလိမ့်မယ် လို့ ဒီကနေ့ ကုမ္ပဏီ က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

Mi Max ဟာ အလယ်အလတ်စား အရွယ်ရှိတဲ့ ဖုန်းတစ်လုံး ဖြစ်ခဲ့ပြီး ဈေးနှုန်းချိုသာမှု နဲ့ အရည်အသွေးကောင်းတာကြောင့် လူသိများခဲ့ပြီး အခု ဆက်လက်ထွက်ရှိမယ့် Mi Max 2 ဟာလည်း သူရဲ့ ကောင်းသတင်းကိုပဲ အမွေဆက်ခံသွားဖွယ်ရာ ရှိနေပါတယ်။

ခန့်မှန်းခြေ စုဖွဲ့ပါဝင်လာနိုင်မှုတွေ က ၆.၄၄ လက်မ မျက်နှာပြင် ၊ Snapdragon 660 (နှင့် အထက်) 6 GBRAM, 5000 mAh ဘက်ထရီ တို့ပါရှိမယ် လို့ Digital Trends က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Android Nougat ကိုတော့ Xiaomi MIUI နဲ့ တွဲဖက် သုံးစွဲသွားမယ် လို့ ခန့်မှန်းလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ CES 2017 မှာ မထုတ်ပြသေးခဲ့ပေမယ့် လုပ်ဆောင်ချက်အကြမ်းထည်တွေ ပြီးပြီးသား ဖြစ်နေလို့ အခုလာမယ့် MWC 2017 မှာတော့ အပြည့်အ၀ ထုတ်ဖော်ပြသဖွယ်ရာ ရှိနေပါတယ်။

Xiaomi ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ ဟာ ခန့်မှန်းရခက်ပေမယ့် အခုလာမယ့် မိုဘိုင်းကွန်ဂရက် မှာတော့ Mi TV ၆၅ လက်မ၊ Mi Router ၊ တွေနဲ့ အတူတူ Xiaomi ရဲ့ နာမည်ကျော် ဖုန်းတစ်ခုခု ကို ထုတ်ဖော်မယ်လို့ ခန့်မှန်းထားတဲ့အတွက် Mi Max 2 ရဲ့ သဲလွန်စတွေကို ဖေဖော်ဝါရီ လကုန်မှာပဲ မြင်တွေ့ရဖို့ ရှိနေတယ် လို့ သိရပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com