2/09/2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: 1 person, sitting, shoes and text

မေး - အစ်ကို ကျွန်တော့် Phone က သီချင်းဖွင့်ဖွင့်၊ Phone ပြောရင် Speaker ကဖွင့်ပြောပြော အသံက အက်ကွဲသံကြီးဖြစ်နေတယ်။ ဘာဖြစ်တာလဲမသိဘူးဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အဲ့ဒါက Speaker မကောင်းရင်ဖြစ်တတ်ပါတယ်။ Speaker လဲလိုက်ရင် အဆင်ပြေပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့် Phone က Battery တက်လိုက်တာနဲ့ Vibrator က ဆက်တိုက်တုန်နေတယ်အစ်ကို။ ဘာလုပ်ရင် အဆင်ပြေမလဲအစ်ကို။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အဲ့ဒါက Power IC လဲကြည့်ရင် အဆင်ပြေဖို့ များပါတယ်။ IC ပိုင်းနဲ့ အခြားသောအပိုင်းတွေကို စစ်ကြည့်ရမှာဖြစ်တဲ့ အတွက် နီးစပ်ရာ Service ဆိုင်မှာ သွားပြဖို့လိုပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့် Phone က G-730 ပါ။ သူက Touch ကို ထိလိုက်တာနဲ့ ဟိုရောက်ဒီရောက်ဖြစ်နေတယ်။ Contacts ထဲဝင်ရင် Message ထဲရောက်သွားတာမျိုးတွေဖြစ်နေတာ ဘာလုပ်ရင်အဆင်ပြေမလဲ အစ်ကို။
ဖြေ - အရင်ဆုံး Firmware တင်ကြည့်ပါ။ Firmware တင်လို့မရရင်တော့ Touch လဲပေးရင် အဆင်ပြေပါလိမ့်မယ်။

မေး - ကျွန်တော့်ဖုန်းက Huawei G610-U00 ပါ။ Weed Firm ဆိုတဲ့ Game ကို ဖုန်းထဲကနေ Install လုပ်ပြီးတဲ့အခါ ကစားလို့မရပါဘူး။ ကစားဖို့ဖွင့်လိုက်ရင် Auto ပြန်ထွက်သွားလို့ပါ။ ဘာဖြစ်လို့ပါလဲ။
ဖြေ - Weed Firm ရဲ့ Version နဲ့ ဖုန်းရဲ့ CPU နဲ့မကိုက်ညီလို့ပါ။ Weed Firm ရဲ့ Version က CPU ရဲ့လုပ်နိုင်စွမ်းထက် ကျော်လွန်နေတာကြောင့် ကစားလို့မရခြင်းဖြစ်ပါတယ်။ Weed Firm ရဲ့ Version အနိမ့်ပြန်အသုံးပြုရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ ဒါမှမဟုတ် မိမိရဲ့ဖုန်းကို ပြောင်းလဲအသုံးပြုဖို့ အကြံပေးချင်ပါတယ်။

မေး - Korea Grand 2 Samsung ဖုန်းက Internet မဖွင့်ဘဲနဲ့ ပိုက်ဆံအလိုလိုဖြတ်တောက်နေတာကို ဘယ်လိုဖြေရှင်းလို့ရပါသလဲ။
ဖြေ - ဖုန်းရဲ့ Dial Pad မှာ 319712358 ကို နှိပ်ပေးပါ။ Password တောင်းရင် SKT...996412 KT... 774632LGU0821 တစ်ခုခုနှိပ်လိုက်တဲ့အခါ Network ပေါ်လာရင် မြန်မာနိုင်ငံက Network Operator ကိုပြောင်းပေးပါ။ ဥပမာ MPT...MM900 ပြီးရင် ဖုန်းကို Reboot ချလိုက်ပါ။

မေး - မင်္ဂလာပါ။ အစ်ကိုရေ Samsung ဖုန်းတွေမှာအဖြစ်များတဲ့ ပြဿနာလေးတစ်ခု မေးချင်ပါတယ်။ ကျွန်တော့်ရဲ့ Samsung Galaxy J5 (SM-J500G) Version 5.1.1 မှာ သုံးရတာအရမ်းလေးနေလို့ Setting ထဲက Backup and Reset ထဲဝင်ပြီး Reset ချလိုက်တာ Power ပြန်တက်မလာဘဲ Custom Binary Block By FRP ဆိုတဲ့စာတန်းပဲ ပေါ်နေတယ်။ အဲဒါဆိုရင် ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်ပါသလဲ။
ဖြေ - အစ်ကိုရဲ့ Samsung အကြောင်းမပြောခင် FRP ကိုရှင်းပြပါမည်။ FRP ဆိုတာ Factory Reset Protection Lock ကိုဆိုလိုတာပါ။ FRP Lock ဟာ Android Version 5.0 နှင့်အထက်ဖုန်းတွေမှာ Factory Reset ချလို့ မရအောင် Security တစ်မျိုးဖြစ်ပါတယ်။ အစ်ကိုရဲ့ Samsung ဖုန်းက FRP Lock ကျနေတာပါ။ အဲဒါဆိုရင်တော့ Firmware ပြန်တင်လိုက်ပါ။ Firmware တင်ပြီးလို့ Activate လုပ်တဲ့အခါကျရင် Gmail Account နဲ့ Password တောင်းပါလိမ့်မယ်။ အဲဒီအခါကျရင် Development Setting.apk ကို OTG Stick ထဲထည့်ပါ။ OTG Stick ဆိုတာ ဖုန်းမှာသုံးလို့ရတဲ့ Memory Stick ဖြစ်ပါတယ်။ OTG Stick ကို ဖုန်းမှာထိုးလိုက်တဲ့အခါ Partition တက်လာပါလိမ့်မည်။ Development Setting.apk ကို Install လုပ်ပါ။ အဲဒီအချိန်မှာ Unknown Sources ကို Enable လုပ်ရပါမည်။ Install လုပ်ပြီးတဲ့အခါ Done နဲ့ Open ပေါ်လာရင် Open ကိုနှိပ်လိုက်ပါ။ Setting ထဲရောက်သွားမည်။ Setting ထဲက Backup & Reset ထဲဝင်ပြီး Reset ချလိုက်ပါ။ Power ပြန်တက်လာရင် ကောင်းသွားပါပြီ။ အားလုံးပဲ အဆင်ပြေကြပါစေ။

မေး - ကျွန်တော့်ဖုန်းက Y300C ပါ။ ဖုန်းဖွင့်တာနဲ့ ပူလာတယ်။ ဘာဖြစ်တာလဲဗျ။
ဖြေ - အရင်က ကျွန်တော်ကြုံဖူးတာက Hardware ပိုင်းက ဖြစ်တာပါ။ ဘာဖြစ်လဲဆိုရင် ဖုန်းအတွင်းပိုင်းမှာပါတဲ့ Power IC 8029 ကြောင့်ပါ။ အဲ့ဒီ Power IC က အရမ်းပူလာတယ်။ ကျန်တဲ့ EMMC မှာ ပူတာမတွေ့ရပါဘူး။ အရင်ဆုံးစစ်ရမှာကတော့ Component လေးတွေကိုပါ။ စစ်ပြီးသွားရင် Power IC ကိုစစ်ပါ။ Component လေးတွေမှာ Short မတွေ့ဘူး။ Power IC ကပဲ ပူတာဆိုရင် Power IC လဲပါ။ အသစ်လဲတော့လည်း ပူတယ်ဆိုရင် 6635 ဆိုတဲ့ IC လေးကို လဲလိုက်ပါ။ အဆင်ပြေပါစေ။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com