ဟန်းဆက်ထုတ်လုပ်သောကုမ္ပဏီများဟာသုံးစွဲသူများ၏လိုအပ်ချ က်ပေါ် မူတည်၍ဖုန်းများကို Series အလိုက်ထုတ်လုပ်ရောင်းချပေးထားပါတယ်။ Meizu ဟာအရည်အသွေးကောင်းမွန်သောဖု န်းများကို ထုတ်လုပ်ရောင်းချ ပေးထားသောအမှတ်တံဆိပ်တစ်ခြု ဖစ်ပြီးဖုန်း Series များစွာကိုလည်း ဈေးကွက် အတွင်းတင်သွင်းပေးထားပါတယ်။MX 5, M5 နှင့်M5 Note ဟန်းဆက်များဟာအရည်အသွေးကောင်း မွန်သောထိပ်တန်းဖုန်းများ ဖြစ်ကြပါတယ်။
M5 ဟာ၂၀၁၆ခုနှစ်၊နိုဝင်ဘာလကထုတ်လုပ်ရောင်းချပေးထားသော ဟန်းဆက်ဖြစ်ပြီးဖုန်းရဲ့ထော င့်စွန်းများဟာအ၀န်းအ၀ိုက်ပုံစံတည်ရှိပါတယ်။ ဖုန်းရဲ့အဓိကbutton ကိုဆလင်ဒါပုံစံထည့်သွင်းပေး ထားပြီးအဓိက,ကင်မရာ ဟာဖုန်း၏အနောက်ဘက်အလယ်တည့်တ ည့်တွင်အ၀ိုင်းပုံစံတည်ရှိပါတယ်။ Flash မီးကိုကင်မရာ၏အောက်ဘက်၌တပ်ဆ င်ပေးထားပါတယ်။ ထောက်ပံ့ ပေးထားသော network အမျိုးအစားကတော့ 2G, 3G, 4G ပါ။ ကိုင်ဆောင် အသုံးပြု နိုင်မယ့်ဖုန်းကိုယ်ထည်အရွယ် အစားပမာဏဟာ147.3x72.8x8.2 mm ဖြစ်ကာအလေးချိန်မှာ 138g ရှိပါတယ်။ဆင်းကတ်နှစ်ကတ်ထည့် သွင်း အသုံးပြု နိုင်မယ့်ဖုန်းအမျိုးအစားဖြ စ်သောကြောင့်ဆင်းကတ်များစွာ ကိုင်ဆောင်အသုံးပြုနေသူများ အဆင်ပြေစေပါလိမ့်မယ်။ထည့်သွ င်းအသုံးပြု ရမယ့်ဆင်းကတ်အမျိုးအစားကတော့ Nano SIM ပါ။ဖုန်းမျက်နှာပြင်အတွက် IPS LCD capacitive touchscreen ကိုတပ်ဆင်ပေးထားပါတယ်။
ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀ န်းဟာ5.2 inchesရှိသောကြောင့်ကြည့်ရှု အသုံးပြုရာ၌ မကျဉ်း မကျယ်သော မြင်ကွင်းရသကိုရရှိပါမယ်။ကြ ည်လင် တောက်ပသော ပုံရိပ်များကိုပေးစွမ်းနိုင်စေဖို့ အတွက် pixels ပမာဏအပိုင်း တွင်720x1280 ပါရှိအောင်ဆောင်ရွက်ပေးထားပါတယ်။တစ်လက်မမှာရှိ မယ့်pixel ပမာဏသိပ်သည်းဆကတော့282ppi ပါ။Multitouchစနစ်တွင် MeizuကFlyMe 5.2 ကိုသုံးစွဲနိုင်အောင်ဆောင်ရွက်ပေးထားပါတယ်။ ကင်မရာ နှစ်မျိုးနှစ်စားပါရှိပြီးအ ဓိက,ကင်မရာဟာ13MP, f/ 2.2 စွမ်းရည်ပါရှိပါတယ်။ Dual LED (dual tone) flash စနစ်ပါရှိပါတယ်။ကင်မရာဆက်စပ် ပတ်သက် စနစ်များကိုလည်းအသုံးပြုနို င်အောင်ဆောင်ရွက်ပေးထားပါတယ်။ရှေ့ ကင်မရာငယ်ကတော့5MP, f/ 2.0 စွမ်းရည်ဖြစ်ပါတယ်။ဗီဒီယိုရိုက်ကူး နိုင်မှုစွမ်းရည်မှာ1080p ဖြစ်ကာနှုန်းမှာတစ်စက္ကန့်ကို 30frames ပါ။ ယခု နောက်ပိုင်း ထုတ်ဖုန်းအများစုတွင်လက်ဗွေ ရာ စနစ်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးလာကြ ပါတယ်။
M5 တွင်လည်းfingerprint စနစ်ကိုဖုန်း၏ အရှေ့ဘက်တွင်ထည့်သွင်းပေးထားပါတယ်။Accelerometer, Gyro, Proximity, Compass စသောSensor စနစ်များစွာလည်းပါရှိပါတယ်။ မှတ်ဥာဏ် ပမာဏအပိုင်းတွင်နှစ်မျိုးနှစ်စားထုတ်လုပ်ပေးထားပါတယ်။RAM
2GB ပါရှိပါကInternal Storage တွင်16GB ပါရှိပါမယ်။RAM 3GB ဖြစ်လျှင်
Internal Storage တွင်32GB ပါရှိပါမယ်။ အချက်အလက်အများအ ပြား သိမ်းဆည်းလိုပါက မှတ်ဥာဏ်ပမာ ဏ ကိုချဲ့ထွင်သုံးစွဲရပါမယ်။ Card Slot စနစ်အတွက်SIM 2 Slot ကိုအသုံးပြုရမှာဖြစ်ပါတယ်။
ထို့ကြောင့်မှတ်ဥာဏ်ပမာဏအပိုင်းချဲ့ထွင်လျှင်ဆင်းကတ်တစ်ကတ်သာသုံးစွဲနိုင်ပါမယ်။အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့Android ဖြစ်ပြီးVersion မှာMarshmallow ပါ။M5 တွင်Mediatek MT 6750 ကိုထည့်သွင်းပေးထား ပါတယ်။ဖုန်းအသုံးပြုရာတွင်လျင်မြန်သောတုံ့ပြန်မှုများကိုပေးစွမ်းနိုင်စေဖို့
အတွက် Octa Core 1.5GHz, Cortex A53 စွမ်းရည်ရှိသောCPU ကိုတပ်ဆင်
ပေးထားပါတယ်။GPU အမျိုးအစားမှာ Mali-T860 MP2 ပါ။Bluetooth version က4.0
ဖြစ်ပါတယ်။အားသွင်းအသုံးပြု ရမယ့်ဘက်ထရီ အမျိုးအစားမှာ 3070mAh ဖြစ်သောကြောင့်ဖုန်းကိုအချိ န်ကြာမြင့်စွာအသုံးပြုနိုင် ပါလိမ့်မယ်။ ဖုန်းဝယ်ယူ သူများအရောင်ရွေး ချယ် နိုင်စေဖို့အတွက်လည်း M5 ကိုလှပသောအရောင်၅မျိုးခန့်ဖြင့်ထုတ်လုပ်ပေး ထားပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
M5 ဟာ၂၀၁၆ခုနှစ်၊နိုဝင်ဘာလကထုတ
ဖုန်းရဲ့မျက်နှာပြင်အကျယ်အဝ
M5 တွင်လည်းfingerprint စနစ်ကိုဖုန်း၏ အရှေ့ဘက်တွင်ထည့်သွင်းပေးထာ
ထို့ကြောင့်မှတ်ဥာဏ်ပမာဏအပု
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com