Razer မှ ၄င်း၏ Razer Power Bank ကို မိတ်ဆက်ပေးခဲ့ပြီး USB-C laptop များအတွက် အားပြန်ဖြည့်သွင်းပေးနိုင်ရ န် ရည်ရွယ်ထားသည်။ ဥပမာ Razer Blade Steath အား ၄င်း၏ Power Bank နှင့် တွဲဖက်ထားပါက အားမသွင်းဘဲ 15 နာရီထိဆက်တိုက်သုံးစွဲနိုင် မည်ဖြစ်သည်။
Razer ပူးတွဲတည်ထောင်သူနှင့် CEO ဖြစ်သူ Min-Liong Tan က Razer Bank သည် laptop ၊ စမတ်ဖုန်းနှင့် tablet များကို တစ်ပြိုင်တည်း အလွယ်တကူအားဖြည့်သွင်းပေးနိုင်ကြောင်း ဆိုခဲ့သည်။ Razer Power Bank တွင် အားသွင်းရန် port များစွာပါဝင်ခဲ့ပြီး USB A port နှစ်ခုနှင့် USB–C port တို့ ပါဝင်ကာ မိုဘိုင်းပစ္စည်းသုံးမျိုးအား တစ်ပြိုင်တည်းအားသွင်းပေးနိုင်သည်။ အားသွင်းရန် လိုအပ်နေသည့် ပစ္စည်းအားသိရှိပြီး နှစ်နာရီမပြည့်သော ကာလအတွင်း Blade Steath ကို ၆ နာရီဆက်သုံးနိုင်ရန် အားအမြန်သွင်းပေးနိုင်သည်ဟု သိရသည်။
Qualcomm Quick Charge 3.0 နှင့်လည်း လိုက်ဖက်ညီစွာ သုံးနိုင်ပြီး ပုံမှန်ထက် 4 ဆ ပိုမြန်စွာ အားသွင်းပေးနိုင်သည်ဟုဆိုသည်။
အဆိုပါ power bank မှာ 12800 mAh ဘက်ထရီပါဝင်ပြီး 126 x 78x 23 mm
အရွယ်ရှိကာ 335 g လေးသည်။ မတ်လထဲတွင် စတင်ရောင်းချမည်ဖြစ်ပြီး ဒေါ်လာ 149.99
ကျသင့်မည်ဟု ဆိုသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
Razer ပူးတွဲတည်ထောင်သူနှင့် CEO ဖြစ်သူ Min-Liong Tan က Razer Bank သည် laptop ၊ စမတ်ဖုန်းနှင့် tablet များကို တစ်ပြိုင်တည်း အလွယ်တကူအားဖြည့်သွင်းပေးနိ
Qualcomm Quick Charge 3.0 နှင့်လည်း လိုက်ဖက်ညီစွာ သုံးနိုင်ပြီး ပုံမှန်ထက် 4 ဆ ပိုမြန်စွာ အားသွင်းပေးနိုင်သည်ဟုဆိုသည
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com