2/16/2017

♪ " 5 လက်မ iPhone 8 တွင် ဖန်သားနှင့်တည်ဆောက်ပြီး wireless အားသွင်း စနစ်ပါဝင်မည်ဟုဆို " ♫

Image may contain: phone

iPhone နှင့်ပတ်သက်သော ကောလာဟလ သတင်းများမှာဆက်တိုက်ထွက်ပေါ်နေခဲ့ပြီး စက်တင်ဘာ လရောက် မှပင် အမှန်ဆုံးသတင်းကို သိခွင့်ရကြမည်ဖြစ်သည်။မည်သို့ပင်ဖြစ်စေ အနာဂတ် iPhone အတွက်
5 လက်မ model တွင် wireless charging စနစ်ပါဝင်လာမည်ဟု ဆိုထားခဲ့သည်။


ထိုင်ဝမ်ရှိ ယုံကြည်စိတ်ချနိုင်သော သတင်းပေးမှုဖြစ်ပြီး ဂျပန်ရှိ Blog မှ ဖော်ပြခဲ့ခြင်းဖြစ်ကာ 5” model တွင်သာ အဆိုပါ wireless (သို့) inductive charging ပါဝင်ကာ ကျောဘက်ကို ဖန်သားဖြင့် တည်ဆောက်ထားလိမ့်မည်ဟု ဖော်ပြခဲ့သည်။ သို့သော် အခြားသတင်းတစ်ရပ်ကမူ model 3 ခုစလုံးတွင် ကြိုးမဲ့အားသွင်းနိုင်သော စနစ်ပါဝင်မည်ဟု ဆိုထားပြန်သည်။

ထို့အပြင် အချို့ သတင်းများအရလည်း wireless charger သည် ဖုန်းထဲတွင် ပါဝင်မည်မဟုတ်ဘဲ အပိုပစ္စည်း accessories တစ်ခုအနေဖြင့်သာ ၀ယ်ယူနိုင်မည်ဟု ဆိုသည်။ ထို့အပြင် Apple သည် Lighting မှ 3.5mm adpter ကို ထောက်ပံ့ပေးတော့မည်မဟုတ်ဘဲ Lightining (သို့) Bluetooth headphone များ ပြောင်းလဲသုံးစွဲကြပြီးဖြစ်သည်ဟု ယူဆမည်ဖြစ်သည်။

4.7” နှင့် 5.5” iPhone 8 နှင့် 8 Plus တို့ကို တွေ့ရရန် (သို့) 7S နှင့် 7S Plus ကို တွေ့ရရန် မျှော်လင့်နိုင် မည်ဖြစ်ပြီး 5” anniversary model ကိုလည်း ကွဲပြားသော feature များဖြင့် ထုတ်လုပ်လာနိုင်ကြောင်း သိရသည်။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com