2/17/2017

♪ Facebook က ထပ်မံမိတ်ဆက်လိုက်တဲ့ Video Feature အသစ်များ ♫


Facebook က Mobile user တွေ Facebook ပေါ်က Video တွေကို ကြည့်ရှုတဲ့အခါ ပိုမိုအဆင်ပြေစေဖို့အတွက် အမှန်တကယ် အသုံးဝင်မယ့် feature အသစ်တွေကို ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ဒီ feature တွေကတော့ …

Auto-play video တွေမှာ အသံပါ ပါဝင်လာ


Facebook ပေါ်က auto-play video တွေဟာ ယခင်က အသံမပါဘဲ အရုပ်သက်သက် auto-play တာ ဖြစ်ပြီး အခုအခါမှာတော့ အသံပါ ပါဝင်လာမှာဖြစ်ပါတယ်။ Mobile device တွေကနေ Facebook mobile app ကို အသုံးပြုသူနေသူတွေဟာ News Feed ပေါ်မှာ scroll လုပ်နေရင်း Video တစ်ခုကိုတွေ့တဲ့အခါ Video ရဲ့ အရုပ်နဲ့ အသံက fade in အနေနဲ့ ပေါ်ထွက်လာမှာဖြစ်ပြီး Video ကို စိတ်မဝင်စားလို့ အောက်ကို scroll လုပ် လိုက်တာနဲ့ ရုပ်နဲ့ အသံက fade out နဲ့ ပျောက်သွားမှာဖြစ်ပါတယ်။ ဒီ feature ကို သဘောမကျ တဲ့ သူတွေ အတွက်လည်း Setting ထဲမှာ Off ပြုလုပ်လို့ရအောင် ဖန်တီးပေးထားပါတယ်။

ဒေါင်လိုက် Video တွေကြည့်ရတာ ပိုအဆင်ပြေလာ

စမတ်ဖုန်းနဲ့ tablet အသုံးပြုသူတွေဟာ video တွေရိုက်တဲ့အခါ အလျားလိုက်ရိုက်မိတဲ့အခါရှိသလို ဒေါင်လိုက် ရိုက်မိတဲ့အခါတွေလည်းရှိကြပါတယ်။ အရင်က Mobile Facebook app ပေါ်မှာ အလျားလိုက် video တွေကိုသာ ကြည့်ရတာ အဆင်ပြေပေမယ့် အခုအခါမှာတော့ ဒေါင်လိုက် Video တွေကိုပါ အဆင်ပြေပြေကြည့်နိုင်အောင် ဖန်တီးပေးလိုက်ပြီဖြစ်ပါတယ်။ မျက်နှာပြင်အပြည့် ချဲ့ကြည့်လို့လည်း ရမှာပါ။

လုပ်ချင်တာလုပ်နေရင်းနဲ့ Video ကြည့်နိုင်ပြီ


အရင်က Facebook ပေါ်က Video တစ်ခုကို ကြည့်မယ်ဆိုရင် ဘာမှ လုပ်လို့မရတော့ပါဘူး။ Video ကို ပြီအောင်ကြည့်ရင်ကြည့် ဒါမှမဟုတ် မကြည့်ဘဲ ထွက်ပြီးမှ အခြားဟာ လုပ်လို့ရပါတယ်။ အခုတော့ ကြိုက်နှစ်သက်တဲ့ Video ကို screen ရဲ့ ထောင့်တစ်နေရာရာမှာ ဖွင့်ထားပြီး Facebook ပေါ်က အခြားတစ်ခုခု ကိုလုပ်နေမှာမလား၊ (ဒါမှမဟုတ် Android သုံးတဲ့သူဆိုရင်) Facebook app ရဲ့ အပြင်မှာပဲ တစ်ခုခုလုပ်နေမလား ဆိုတာ စိတ်တိုင်းကျ ဆုံးဖြတ်နိုင်ပြီဖြစ်ပါတယ်။

Feature တွေနဲ့ ပတ်သတ်လို့ ပိုမိုထင်သာမြင်သာရှိစေဖို့အတွက် မိတ်ဆက် video လေးကို ဖော်ပြပေး လိုက်ပါတယ်။




 

Credit to ==>  DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com