2/18/2017

♪ “Redmi Note 4X Hatsune Miku Special Edition ကိုမိတ်ဆက်” ♫

Image may contain: phone

Xiaomi က Redmi Note 4 Model အသစ်တစ်မျိုးကိုမိတ်ဆက်လိုက်ပါတယ်။ Redmi Note 4X Hatsune Mikuလို့အမည်ပေးထားပြီး Special Edition ဖြစ်ပါ တယ်။ အဲဒီမော်ဒယ်မှာအထူး Accessory Package များလည်းပါပါတယ်။ Hatsune Miku ဟာဂျပန်မှာနာမည်ကြီးတဲ့Application ဖြစ်ပါတယ်။

App ကို Windows နဲ့ macOSတို့အတွက် ထုတ်လုပ်ပေးထားပြီးသင်ဆိုလိုက်တဲ့ သီချင်းကို ၁၆ နှစ်အရွယ် မိန်းကလေးငယ် အရုပ်ကသီချင်းအသံထွက် အတိုင်း ပါးစပ်ကိုလှုပ်ရှားပြသပေးပါတယ်။ Hatsune Miku ကို နှစ်သက်သူများ အတွက်တော့ ယခုမော်ဒယ်ဟာစွဲဆောင်စရာကောင်းနေပါတယ်။ စမတ်ဖုန်းရဲ့ နောက်ကျောမှာလည်းအရုပ်မလေးရဲ့ပုံကိုရေးဆွဲထားပြီး ဖုန်းအရောင်များအနေဖြင့် အစိမ်းရောင်နဲ့ ပန်းရောင်ကိုရွေးချယ်နိုင်ပါတယ်။

Protective Case နဲ့ Limited Edition Mi Power Bank များကိုလည်း ထည့်သွင်းပေးထားပါတယ်။ Specifications အပိုင်းမှာတော့ မော်ဒယ်အသစ် ဟာ နိုင်ငံတကာမှာရောင်းချတဲ့ မော်ဒယ်နဲ့ တူညီပါတယ်။ဒါပေမယ့် ရှောင်မီ က X ကိုအမည်မှာထည့်သွင်းရတဲ့ အကြောင်းအရင်းကိုမသိရပါဘူး။ Redmi Note 4X Hatsune Miku Edition မှာ ၅.၅ လက်မ Full HD Display တပ်ဆင် ထားပါတယ်။ 

Qualcomm Snapdragon 625 SoCမောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM , 64GB Internal Storage တပ်ဆင်ထားပါတယ်။ အနောက်ဘက် မှာ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ လက်ဗွေရာအာရုံခံကိရိယာနဲ့ 4100mAh Battery ပါရှိပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com