ဓါတ်ပုံဆရာတွေ
နဲ့ 4K အရည်အသွေးရှိ ဓါတ်ပုံ၊ ဗွီဒီယိုရိုက်ကူးလိုသူတွေအပြင် အချက်အလက်
Data တွေ အများကြီးကို ကိုယ့်မိုဘိုင်းဖုန်း၊ တက်ဘလက်တွေနဲ့ လက်ကိုင်
Devices တွေမှာ သိမ်းဆည်းထားချင်သူတွေ အတွက် ရည်ရွယ်ပြီး ဆိုနီက
ကမ္ဘာ့အမြန်ဆုံး နဲ့ နောက်ဆုံးပေါ် SD Cards တွေကို ထုတ်လုပ်ပြီး
ဈေးကွက်ချပြလိုက်ပြီ ဖြစ်ပါတယ်။
အဆိုပါ
SF-G စီးရီး SDcards တွေဟာ ကမ္ဘာမှာ အမြန်ဆုံး SDCard တွေ ဖြစ်လာမယ် လို့
ကုမ္ပဏီက ဆိုပါတယ်။ 32GB, 64GB, 128GB အမျိုးအစား ၃ မျိုး ထုတ်လုပ်ထားပြီး
တစ်ကမ္ဘာလုံးရဲ့ ဈေးကွက်ထဲကို မတ်လ မှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။
ကဒ်တိုင်း ရဲ့ အချက်အလက် ကူးပြောင်းမှု အမြန်နှုန်း ဟာ တစ်စက္ကန့်ကို 300MB
ရှိပြီး မှတ်သားမှု အမြန်နှုန်း ကတော့ တစ်စက္ကန့်ကို 299MB ရှိပါတယ်။
4K
အရည်အသွေး ရုပ်ထွက် ရှိတဲ့ ဓါတ်ပုံတွေ ၊ ဗွီဒီယိုတွေဟာ အရည်အသွေး
မြင့်မားလှသလို အချက်အလက် ကူးပြောင်းမှု၊ နေရာယူမှုတွေ က လေးလံလှတဲ့အတွက်
ဆိုနီ က အခုလို SDCards တွေကို သာ သုံးစွဲမယ် ဆိုရင် ပိုပြီး အဆင်ပြေစေမယ်
လို့ ဆိုပါတယ်။ အခု ထုတ်လုပ်လိုက်တဲ့ SDCard တွေကို USB 3.1Gen 1 Card
Reader တွေနဲ့ တွဲဖက်အလုပ်လုပ်ရင် ပိုပြီး ထိရောက်မယ်လို့ ဆိုပါတယ်။
www.pyaephyo.com