2/17/2017

♪ “Apple ရဲ့ ၁၀ နှစ်ပြည့် iPhone ဟာ ဒေါ်လာ ၁၀၀၀ ကျော်မလား” ♫

Image may contain: phone

၂၀၁၇ ခုနှစ်ကတော့ ပထမဆုံး iPhone ထုတ်လုပ်ခဲ့တဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည်ဖြစ်တဲ့အတွက် Apple နဲ့ သူ့ရဲ့ ပရိတ်သတ်များအတွက် အလွန် ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ၁၀ နှစ်ပြည့်အတွက် Apple က ထူးခြား ဆန်းသစ်တဲ့ iPhone များကို ဘယ်လို မိတ်ဆက်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းများအရ Apple က ၄.၇ လက်မ iPhone 7s , ၅.၅ လက်မ iPhone 7s Plus နဲ့ ၅.၈ လက်မ iPhone 8 တို့ကို မိတ်ဆက်မယ်လို့ သိရပါတယ်။ iPhone 8 ကို iPhone X လို့လည်း ခေါ်နိုင်ပြီး OLED Display တပ်ဆင်ထားပါတယ်။ အဲဒီဖုန်းဟာ ခလုတ်မပါတဲ့ ဒီဇိုင်း ဖြစ်သလို မျက်နှာပြင်ဘေးဘောင်မဲ့ ဒီဇိုင်း လည်း ဖြစ်ပါတယ်။ Home Button ကိုတော့ တပ်ဆင်ထားပြီး ဘေးဘက်ခလုတ်များ မပါရှိပါဘူး။

 ဘေးဘက် ခလုတ်များအစား 3D အာရုံခံနည်းပညာကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ မျက်နှာကို အာရုံခံတဲ့ နည်းပညာ များနဲ့ Augmented Reality နည်းပညာများ လည်း ပါရှိမယ်လို့ သိရပါတယ်။ အဲဒီ ဖုန်းဟာ Apple ရဲ့ ၁၀ နှစ်ပြည့် အထူးထုတ် မော်ဒယ်ဖြစ်ပြီး ဒေါ်လာ ၁၀၀၀ ကျော် တန်ကြေးရှိတယ်လို့ ပြောနေကြပါတယ်။ လက်ရှိမှာ အမေရိကန်မှာ iPhone 7 Plus ကို ၉၆၉ ဒေါ်လာဖြင့် ရောင်းချပေးနေပါတယ်။ iPhone X ရဲ့ OLED Panel ကြောင့် ဈေးနှုန်းပိုမြင့်တာဖြစ်ပြီး လက်ရှိ Apple သုံးနေတဲ့ LCD များထက် ၂ ဆ ဈေးမြင့်ပါတယ်။

KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က iPhone အသစ် အားလုံးမှာ ကြိုးမဲ့အားသွင်းစနစ်ပါလာမယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။ Apple ကတော့ iPhone အသစ်များနဲ့ ပတ်သက်ပြီး တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com