2/17/2017

♪ “Huawei P9” ♫

Image may contain: 1 person, standing and text

အံ့သြလောက်ဖွယ်ရာကောင်းမွန်တဲ့ပုံရိပ်တွေကိုရရှိစေနိုင်မယ့်Dual-Lens ကင်မရာကိုယခုဖုန်းတွင်အသုံးပြုထားပါတယ်။နိုင်ငံအနေအထားပေါ်မူတည် ပြီးတော့Single-SIM, Dual-SIM ဆိုပြီးခွဲခြားဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်တည်းကစတင်ထုတ်လုပ်လာခဲ့တဲ့P series တွေရဲ့လေးဆက် မြောက် မျိုးဆက်လို့သတ်မှတ်နိုင်မယ့်P9ဟာလတ်တလောထွက်ထားတဲ့ စမတ်ဖုန်းတွေနဲ့ယှဉ်လိုက်မယ်ဆိုရင် ကင်မရာလုပ်ဆောင်ချက်ပိုင်းမှာ အကောင်းဆုံးအဆင့်မှာရှိပါတယ်။သုံးစွဲသူတွေအနေနဲ့မတူကွဲပြားတဲ့RAM, Storage အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူရပါလိမ့်မယ်။

Huawei အနေနဲ့P9 ကိုယခုပုံစံအတိုင်းထုတ်လုပ်နိုင်စေဖို့အတွက်လေ့လာမှုပေါင်းများစွာနဲ့အတူ ဒီဇိုင်းပိုင်းနဲ့ပတ်သက်လို့လည်းစိတ်ကြိုက်မဖြစ်မချင်းအကောင်အထည်ဖော်ခဲ့ရတယ်လို့သိ ရပါတယ်။ ဒီဇိုင်းအရောင်ပိုင်းတွေနဲ့ပတ်သက်လို့ကုမ္ပဏီရဲ့ဒီဇိုင်းထုတ်လုပ်မှုပိုင်းမှာတာဝန်ယူထားသူတွေဟာ ပြင်သစ်မှာသွားရောက်လေ့လာ ခဲ့ကြပါတယ်။ဖုန်းထုတ်လုပ်မှုပိုင်းနဲ့ပတ်သက်လို့အာရှ၊ဥရောပနဲ့အမေရိကန်မှာဘယ်လိုအရောင်တွေကိုလူကြိုက်များနေတယ်ဆိုတာကစလို့ဘေးဘောင်တွေရဲ့အကွေးဒီဇိုင်းပုံဖော်မှုတွေအဆုံး ကိုအဖွဲ့ဝင်များစွာပါဝင်တဲ့Design Team တစ်ခုဖွဲ့ပြီးလေ့လာစေခဲ့တာပါ။ဒါကိုHuawei ရဲ့YouTube မှာတင်ထားတဲ့ ဒီဇိုင်းအဖွဲ့ရဲ့Video တွေကိုကြည့်လိုက်တာနဲ့သိနိုင်ပါတယ်။P9 ရဲ့ဒီဇိုင်းပိုင်း ကိုကြည့်လိုက်မယ်ဆိုရင်သူ့ရှေ့မှာထွက်ထားတဲ့Series တွေနဲ့အရွယ်အစား တူညီပါတယ်။၅.၂လက်မနဲ့သာထုတ်လုပ်ထားတာကြောင့်ပါ။လက်ရှိထွက်ထားတဲ့ပြိုင်ဘက်ထုတ်လုပ်သူတွေဖြစ်တဲ့Galaxy S7(5.1inch),LG G5(5.3inch) တို့ရဲ့ကြားအရွယ်အစားမှာရှိပါတယ်။

ဖုန်းရဲ့နောက်ကျောဘက်မှာတော့လေးထောင့်သဏ္ဌာန်Fingerprint Sensor ကိုတပ်ဆင်ထားပါတယ်။ သွက်လက်တဲ့လုပ်ဆောင်ချက်တွေနဲ့ပုံရိပ်တွေကိုဖမ်းယူနိုင်မယ့်Leica ကင်မရာတွေကတော့နောက်ကျော ဘက်ရဲ့ထိပ်ဆုံးမှာ သီးသန့်တည်ရှိနေပါလိမ့်မယ်။ကင်မရာကိုပူးပေါင်းထုတ်လုပ်ထားတဲ့ကင်မရာကုမ္ပဏီရဲ့အမှတ်အသားကိုလည်းထည့်သွင်းပေးထားပြီး Huawei အမှတ် အသားကတော့ဖုန်းရဲ့အောက်နားမှာခတ်နှိပ်ထားမှာပါ။P9 အရွယ်အစား ဟာ145×71×7mm ရှိမှာဖြစ်ပြီးအလေးချိန်ကတော့၁၄၄ဂရမ်ရှိပါတယ်။ 3000mAh ဘက်ထရီထည့်ထားတယ်ဆိုပေမယ့်7mm ဟာသိပ်အထူကြီး တော့မဟုတ်ပါဘူး။SIM, SD card slot တွေကတော့ဖုန်းကိုယ်ထည်မှာ ရှိတဲ့Tray ကိုထုတ်ယူပြီးထည့်သွင်းနိုင်မှာဖြစ်ပါတယ်။၅.၂လက်မရှိတဲ့ ဖန်သားမှာFHD LCD panel ကိုသုံးထားပါတယ်။ပုံရိပ်တွေကိုဖော်ပြနိုင်စွမ်း ကောင်းမွန်ပြီးနေ့အလင်းရောင်၊နေရောင်တိုက်ရိုက်ကျတဲ့အချိန်မှာတောင် ဖန်သားကပြတ်သားမှုရှိရှိဖော်ပြနိုင်တယ်လို့ဆိုပါတယ်။ ကင်
မရာရဲ့စွမ်းဆောင်ချက်နဲ့OS တစ်ခုရဲ့လုပ်ဆောင်မှုတွေကိုအသားကျစွာထိန်းချုပ်နိုင်စေဖို့ အတွက်သူ့မှာသုံးစွဲထားတဲ့ပရိုဆက်ဆာကတော့ကိုယ်တိုင်ထုတ်လုပ်တဲ့ Hisilicon Kirin 955 ဖြစ်ပါတယ်။

ပြင်ပဆူညံသံတွေကိုလျှော့ချပေးပြီးကြည်လင် ပြတ်သားတဲ့အသံရရှိအောင် စွမ်းဆောင်ပေးမယ်လို့ပြောထားပေမယ့်Ear Phone နဲ့နားဆင်တာကတော့ စိတ်အချရဆုံးဖြစ်ပါလိမ့်မယ်။P9 မှာသုံးစွဲသူတွေစိတ်ကြိုက်လို အပ်တဲ့ သိုလှောင်မှုနဲ့ဝယ်နိုင်စေဖို့3GB RAM (32GB Storage), 4GB RAM (64GB storage) တွေနဲ့ဖြစ်ပါတယ်။ ဆော့ဝဲပိုင်းနဲ့ပတ်သက်ရင်တော့Android ရဲ့ နောက်ဆုံးထွက်ထားတဲ့ဗားရှင်6း.0.1(Marshmallow)နဲ့ဖြစ်ပြီးEmotion UI4.1 ပါတွဲဖက်သုံးနိုင်ပါလိမ့်မယ်။လိုအပ်သလိုပြောင်းလဲသုံးစွဲနိုင်မယ့်UI တွေကို Packages လိုက်ထည့်သွင်းပေးထားပါတယ်။Huawei ID သာရှိမယ်ဆိုရင် theme အသစ်တွေကိုထပ်မံဒေါင်းလုပ်ပြုလုပ်နိုင်ဦးမှာပါ။ဖုန်းရဲ့ နောက်ကွယ် ကနေစွမ်းအားအလေအလွင့်ဖြစ်အောင် ပြုလုပ်နေတဲ့App တွေကိုလည်း စီမံခန့်ခွဲထားနိုင်ပါသေးတယ်။App တွေကိုBackup, Restore ပြုလုပ်ပြီးတော့ အခြားHuawei ဖုန်းတွေဆီကိုလွှဲပြောင်းနိုင်ပါလိမ့်မယ်။

Huawei ရဲ့P9 မှာ သုံးထားတဲ့ကင်မရာရဲ့နည်းပညာကပိုဆန်းသစ်နေပါတယ်။မတူကွဲပြားတဲ့ ကင်မရာလုပ်ဆောင်ချက်တွေနဲ့ ပုံရိပ်တွေဖမ်းယူပေးမှာပါ။ကင်မရာတစ်ခုဟာRGB Sensor ပါဝင်ပြီးအရောင်စုံနဲ့ပုံတွေရိုက်ကူးတဲ့ပုံစံဖြစ်ကာ ကင်မရာ တစ်ခုမှာတော့Monochrome Sensor နဲ့ဖြစ်ပါတယ်။တိကျစွာဆိုရမယ်ဆိုရင် အဖြူ၊အမည်းရိုက်ကူးနိုင်စွမ်းပါ။ပုံမှန်Lens တွေမှာသုံးထားတဲ့RGB Filtering မပါတော့တာကြောင့်အလင်းအမှောင်သိပ်သည်းဆကိုပဲတိုက်ရိုက်အာရုံခံပေးတော့မှာဖြစ်ပါတယ်။ဒါကြောင့်Object တစ်ခုကိုရိုက်ကူးလိုက်တာနဲ့Lens နှစ်ခု ဟာသူတို့လုပ်ဆောင်ချက်တစ်ခုချင်းကိုပြုလုပ်ပေးပြီးအလင်းအမှောင် ပြတ်သား၍Focus တည်ငြိမ်တဲ့ပုံကောင်းတစ်ပုံထုတ်ပေးမှာပါ။အလင်းရောင် အရမ်းအားနည်းတဲ့အချိန်မှာတောင် ပြတ်သားတဲ့ပုံထွက်ကိုပေးပါလိမ့်မယ်။

အဓိကကင်မရာဟာ12MP Sensor မှာf/2.2 aperture နဲ့ဖြစ်ပြီးSelfieကင်မရာ ကတော့8MP မှာ f/2.4 နဲ့ဖြစ် ပါတယ်။ဘက်ထရီဟာဖုန်းကိုကြာရှည်စွာ သုံးတဲ့ သူတွေအတွက်အဆင်ပြေမယ့်စွမ်းအားနဲ့ဖြစ်ပြီးဗီဒီယိုတွေ ကြည့်ရှုတာ၊ဓာတ်ပုံရိုက်တာတွေကိုအချိန်ကြာကြာပြုလုပ်နိုင်တဲ့အပြင်အားသွင်းမြန်ဆန်သောစနစ်လည်း ပါရှိပါတယ်။P9 ဈေးနှုန်းမှာ၅၅၉၀၀၀ိ/- ကျပ်ဝန်းကျင်ဖြစ်ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com