Huawei
Mate 9 ၏ screen ကို resolution နိမ့်သည်ဟု ထင်သူများ ကြီးလွန်းသည်ဟု
ထင်သူများ အတွက် Huawei သည် Honor V9 ကို ထုတ်လုပ်ပေးခဲ့ပြီဖြစ်သည်။
တရုတ်တွင် ကြေညာခဲ့ခြင်းဖြစ်ကာ 5.7” QHD LTPS LCD touchscreen ပါဝင်ပြီး
dual 12 MP ကင်မရာ f/2.2 ပါဝင်ပြီး sensor တစ်ခုမှာ monochrome ဖြစ်ပြီး
autofocus မှာ laser autofocus ဖြစ်၍ 4K ဗီဒီယိုကို ရိုက်ကူးပေးနိုင်ခဲ့သည်။
Selfie အတွက်မူ ရှေ့ဘက်တွင် 8 MP f/ 2.0
ကင်မရာပါဝင်ပြီး Huawei မှထုတ်လုပ်သည့် HiSilicon Kirin 960 chipset
ကိုသုံးစွဲထားခဲ့သည်။ RAM 6 GB ထိ ပါဝင်ထောက်ပံ့ပေးထားပြီး storage ကို 64
GB (သို့) 128 GB ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ Micro SD ကတ်လည်း ထပ်မံထည့်သွင်းနိုင်သော်လည်း
hybrid ပုံစံဖြစ်သဖြင့် SIM ကတ်နှစ်ကတ်သုံးစွဲပါက micro SD ကို
သုံးစွဲနိုင်မည်မဟုတ်ပေ။ ကြီးမားသော 4000 mAh ဘက်ထရီပါဝင်ပြီး Android 7.0
Nougat ကို Huawei ၏ EMUI 5-0 ဖြင့် အားဖြည့်ပေးထားသည်။
157 x 77.5 x 6.97 mm အရွယ်အစားရှိပြီး 184 g လေးသည်။ 64 GB version အား တရုတ်တွင် CNY 2999 (ဒေါ်လာ 435) ၀န်းကျင် ရောင်းချနေပြီး အပြာရောင်နှင့် ရွှေရောင်တို့ ရရှိနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံပြင်ပဈေးကွက်များ တွင် Honor V9 အား Honor 8 Pro ဟုခေါ်တွင်မည်ဟု သိရသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
Selfie အတွက်မူ ရှေ့ဘက်တွင် 8 MP f/
157 x 77.5 x 6.97 mm အရွယ်အစားရှိပြီး 184 g လေးသည်။ 64 GB version အား တရုတ်တွင် CNY 2999 (ဒေါ်လာ 435) ၀န်းကျင် ရောင်းချနေပြီး အပြာရောင်နှင့် ရွှေရောင်တို့ ရရှိနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံပြင်ပဈေးကွက်မ
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com