2/16/2017

♪ ဆဲလ်ဖီး ချစ်သူတွေ အကြိုက်တွေ့စေမယ့် Huawei P10 လာတော့မည်။ ♫


Huawei ကုမ္ပဏီ ဟာ အခု ဖေဖော်ဝါရီလကုန်ပိုင်းမှာ ကျင်းပမယ့် MWC 2017 Expo ပွဲမှာ နိုင်ငံတကာ က ဆဲလ်ဖီးချစ်သူတွေ အကြိုက်တွေ့စေမယ့် Huawei P10 ကို ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်တဲ့ကြောင်း အတည်ပြုချက် ပေးခဲ့ပါတယ်။

စပိန်၊ ဘာစီလိုနာ မှာ ကျင်းပမယ့် ပွဲမှာ ပြသမယ့် တရားဝင် Teaser Video ကို တနင်္လာနေ့ က ထုတ်ဖော်ပြသခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် Huawei P9 မှာ Dual-Lens Camera ပါရှိခဲ့ပြီး ကမ္ဘာကိုပြောင်းလဲပစ်မယ် လို့ ကြော်ငြာခဲ့တဲ့အတိုင်း အကောင်းဆုံး အရည်အသွေးတွေ ထုတ်ဖော်ပြသခဲ့ပါတယ်။

P10 မှာ Specs အနေနဲ့  2.3GHz Kirin 960 chip ၊ 6GB RAM ၊ 64GB storage ၊ တွေပါရှိမှာ ဖြစ်ပြီး OS အနေနဲ့ Android 7.0 ကို ထည့်သွင်းပေးမယ် လို့ ဆိုပါတယ်။ မျက်နှာပြင် အနေနဲ့ ၅.၅ လက်မ ရှိမှာ ဖြစ်ပြီး အဓိက ပြောင်းလဲမှုအနေနဲ့ FHD ကနေ QHD ကို ပြောင်းလဲလိုက်တဲ့အတွက် အကောင်းဆုံး ရုပ်ထွက်တွေကိုပါ ရရှိစေမယ် လို့ အာမခံထားပါတယ်။ ခန့်မှန်းဈေးနှုန်း အနေနဲ့ ဒေါ်လာ ၅၀၀ ၀န်းကျင်ကနေ ဒေါ်လာ ၆၈၀ နှုန်းအထိ သာ ရှိမယ် လို့ ဆိုပါတယ်။


Huawei P10 ထူးခြားချက် တွေနဲ့ ပတ်သက်ပြီး ဒီမှာ ဖတ်ရှုလို့ရနိုင်ပါတယ်။
Video : Huawei P10


 
Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com