
တရုတ်
စမတ်ဖုန်း ထုတ်လုပ်သူ Meizu က ဘာစီလိုနာမှာ မကြာမီ ကျင်းပမယ့် Mobile World
Congressမှာ လျင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာကို မိတ်ဆက်မှာ
ဖြစ်ပါတယ်။
Meizu
က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ မီဒီယာများအား မိတ်ဆက်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာလို့
အရိပ်အမြွက် ပြောကြားထားပါတယ်။ ဒါပေမယ့် အခြား သတင်းအချက်အလက်များကိုတော့
ကုမ္ပဏီက ပြောကြားခြင်း မရှိသေးပါဘူး။ ထွက်ပေါ်နေတဲ့ သတင်းတွေ အရ ကုမ္ပဏီက MWC
မှာ စမတ်ဖုန်း အသစ်ကို မိတ်ဆက်မှာ မဟုတ်ဘဲ၊ နည်းပညာအသစ်၊ တီထွင်ဆန်းသစ်မှု
အသစ်များကို မိတ်ဆက်မယ်လို့ သိရပါတယ်။
သတင်းများအရ
Meizu က စမတ်ဖုန်းများအတွက် လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ
အသစ်ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ Meizu က Meizu Pro 6 မှာ
လျှင်မြန်စွာ အားသွင်းနိုင်တဲ့ mCharge 3.0 ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ
စမတ်ဖုန်းကို ၁၀ မိနစ်အတွင်းမှာ ၂၆ ရာခိုင်နှုန်းနဲ့ ၁ နာရီအတွင်းမှာ ၁၀၀
ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။
အခုတော့ Meizu က ၄၅ မိနစ်အတွင်းမှာ ၁၀၀
ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ mCharge 4.0 ကို မိတ်ဆက်တော့မယ်လို့
သိရပါတယ်။ mCharge 4.0 မှာ 9V/4A Charger (36W) ကို အသုံးပြုထားမှာ
ဖြစ်ပါတယ်။ နောက်ထုတ်မယ့် Pro 7 မှာ mCharge 4.0 ကို
စတင်ထည့်သွင်းပေးနိုင်ပါတယ်။
www.pyaephyo.com