2/09/2017

♪ Huawei P9 , P9 Lite နဲ့ P9 Plus တို့အတွက် Tips & Tricks များ ♫


Huawei P9 ၊ သူ့ရဲ့ အရွယ်သေး မော်ဒယ် P9 Lite နဲ့ အရွယ်ကြီး မော်ဒယ် P9 Plus တို့ဟာ အံ့မခန်းကောင်းမွန်တဲ့ ဖုန်းများဖြစ်ပါတယ်။ အဲဒီဖုန်းတွေဟာ စွမ်းရည်မြင့်မားပြီး အသုံးဝင်တဲ့ စွမ်းဆောင်ချက်များစွာ ပါပါတယ်။ ဒါပေမယ့် လူတော်တော်များများက အဲဒီစွမ်းဆောင်ချက်တွေကို အသုံးမချတတ်ကြပါဘူး။ အဲဒီအတွက် အဲဒီဖုန်းများကို အကောင်းဆုံး အသုံးချနိုင်မယ့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

မှတ်ချက်။ ။ အချို့နည်းလမ်းများဟာ အဲဒီဖုန်း ၃ လုံးစလုံးမှာ သုံးလို့ မရပါဘူး။ ဒါ့အပြင် အချို့နည်းလမ်းများဟာလည်း Nougat ကို အဆင့်မြှင့်ပြီးမှ သုံးလို့ရပါတယ်။

Customization
App Drawer ကို Enable ပြုလုပ်ခြင်း။


NOUGAT ကို အဆင့်မြှင့်ထားတဲ့ P9 မှာ ဆိုရင် APP DRAWER ကို ENABLE လုပ်ရတာ လွယ်ပါတယ်။ SETTINGS> HOME SCREEN STYLE ထဲသွားပြီး ENABLE လုပ်ပါ။

NOTIFICATIONS များကို စီမံခန့်ခွဲပါ။

SETTINGS> NOTIFICATIONS AND STATUS BAR > NOTIFICATION MANAGER ထဲသွားရင် P9 မှာ အင်စတောလုပ်ထားတဲ့ APPS များရဲ့ NOTIFICATIONS များကို စီမံခန့်ခွဲနိုင်ပါတယ်။

INTERFACE ကို ပြောင်းလဲဖို့ SMART ASSISTANT ကို သုံးပါ။
Huawei ရဲ့ Smart Assistant ဟာ အလွန် ဥာဏ်ရည်မြင့်မားပါတယ်။ သူက သင်နှစ်သက်တဲ့ Interface များကို ပြောင်းလဲနိုင်အောင် ပြုလုပ်ခွင့်ပေးထားပါတယ်။ ဥပမာအားဖြင့် Navigation Button များကို Customize လုပ်နိုင်ပါတယ်။ Navigation Buttons များကို Floating Dock အဖြစ် သုံးနိုင်ပါတယ်။

လက်တစ်ဖက်ထဲနဲ့ သုံးလို့ရတဲ့ UI ကိုလည်း ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် လက်လှုပ်ရှားမှုဖြင့် အလုပ်များ လုပ်နိုင်ပါတယ်။ App တစ်ခုရဲ့ အရှေ့ဆုံး စာလုံးကို လက်ဖြင့် ရေးလိုက်တာနဲ့ အဲဒီ App ကို ဖွင့်နိုင်ပါတယ်။ ဖုန်းဝင်လာရင် မှောက်လိုက်တာနဲ့ အသံကို ပိတ်နိုင်ပါတယ်။

P9 Version အလိုက် လျှို့ဝှက် Customization စွမ်းဆောင်ချက်များစွာ ရှိပါတယ်။ အဲဒီအဆင့်များကို အောက်မှာ လေ့လာနိုင်ပါတယ်။

• Navigation buttons: Settings > Navigation.
• Home screen style: Settings > Home Screen Style.
• Font Size: Settings > Display > Font size.
• Brightness: Settings > Display > Brightness.
• Color temperature: Settings > Display > Color temperature.
• Status bar: Settings > Notifications and Status Bar > Show Operator Name and Battery Percentage.
• Wallpapers and widgets: Home Screen ပေါ်မှ လွတ်နေတဲ့ နေရာကို ဖိထားပြီး စကရင်အောက်မှာ ပြသထားတဲ့ အရာများမှ Customize လုပ်ချင်တဲ့ တစ်ခုကို ရွေးချယ်ပါ။

Other Tricks
Voice Commands များကို Activate လုပ်ပါ။
P9 ကို အသံဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အဲဒီစွမ်းဆောင်ချက်ကို On ထားရင် ဖုန်းလက်ခံပြောခြင်း၊ ငြင်းပယ်ခြင်းများကို အသံဖြင့် ခိုင်းစေနိုင်ပါတယ်။ အသံဖြင့် ဖုန်းကို Wake လုပ်နိုင်ပါတယ်။ Wake-Up Command ကို သင့်စိတ်ကြိုက် သတ်မှတ်နိုင်တာက ပျော်စရာကောင်းပါတယ်။ သင့်ရဲ့ အသံကို မှတ်မိဖို့ သူ့ကို သင်ကြားပေးနိုင်ပါတယ်။

ဖုန်းကို အလိုအလျှောက် အဖွင့် ၊ အပိတ်လုပ်ဖို့ Schedule လုပ်ပါ။
Settings> Smart Assistant ထဲသွားပြီး Automatic Power ကို On ပေးပါ။ ပြီးရင် အချိန် သတ်မှတ်ပါ။ ညအိပ်ချိန်မှာ အလိုအလျှောက် ဖုန်းပိတ်ပေးပြီး မနက်အိပ်ယာထချိန်မှာ အဆင်သင့်ဖွင့်ပေးထားမှာပါ။

Apps များဖွင့်ဖို့ လက်ဗွေရာအာရုံခံ ကိရိယာကို သုံးပါ။
P9 ရဲ့ လက်ဗွေရာ အာရုံခံ ကိရိယာဟာ ဖုန်းကို Unlock လုပ်ဖို့သာ မဟုတ်ပါဘူး။ Settings> Fingerprint ID ထဲသွားပြီး ဓါတ်ပုံရိုက်ဖို့၊ ဖုန်းလက်ခံ ပြောဖို့နဲ့ အခြားအလုပ်များစွာကို သတ်မှတ်နိုင်ပါတယ်။

WiFi+ ကို သုံးပါ။
WiFi နဲ့ မိုဘိုင်းဒေတာ ၂ ခုကို ပေါင်းစည်း အသုံးပြုရင်တော့ အလွန် လျှင်မြန်စွာ ဒေါင်းလုပ်လုပ်နိုင်မှာပါ။

Facebook အကောင့် ၂ ခု သုံပါ။
Nougat နဲ့ EMUI 5.0 မှာပါတဲ့ စွမ်းဆောင်ချက်တစ်ခုက Facebook App တစ်ခုထဲမှာ အကောင့် ၂ ခု သုံးနိုင်တာ ဖြစ်ပါတယ်။ Battery Options ရဲ့ အောက်မှ Settings Menu မှာ Activate လုပ်နိုင်ပါတယ်။

App တစ်ခုကလွဲပြီး ကျန် Apps အားလုံးကို သတ်ပါ။
Huawei Emotion UI မှာ Task Switcher ကနေ App တစ်ခုကလွဲပြီး ကျန် Apps အားလုံးကို သတ်နိုင်ပါတယ်။ သုံးချင်တဲ့ App ကို အောက်ကို ဖိဆွဲထားပြီး Kill All Button ကို နှိပ်ပါ။

မျက်စိကို ကာကွယ်ပါ။
Blue Light ကို ဖယ်ရှားခြင်းဖြင့် ညအချိန် စာဖတ်ရာမှာ မျက်စိကို မထိခိုက်စေပါဘူး။ Eye Protection Mode က သင့်မျက်စိကို ကာကွယ်ပေးနိုင်ပါတယ်။

လက်တစ်ဖက်ထဲနဲ့ သုံးပါ။
P9 ဟာ သုံးရတာ သက်တောင့်သက်သာရှိပါတယ်။ ဒါပေမယ့် One Handed Use Mode က ပိုအဆင်ပြေစေမှာပါ။ Settings> Smart Assistance > One handed UI > View mini screen ထဲသွားပြီး Enable လုပ်ပါ။

Camera & Photos
ဓါတ်ပုံ လျှင်မြန်စွာ ရိုက်ပါ။
Unlock လုပ်စရာမလိုဘဲ လျှပ်တစ်ပြက်ရိုက်ချက်များ ရိုက်ချင်ရင်တော့ Low Volume Button ကို ၂ ချက်နှိပ်ပါ။
စကရင်ရှော့များကို လျှင်မြန်စွာ ရိုက်ပါ။ 
 


P9 မှာတော့ စကရင်ရှော့ရိုက်ဖို့ ခလုတ်အတွဲအစပ်များ နှိပ်ဖို့ မလိုတော့ပါဘူး။ ဖုန်းစကရင်ကို လက်ဆစ်နဲ့ ၂ ချက်ခေါက်လိုက်ရုံပါပဲ။ ဒီစွမ်းဆောင်ချက်ကို သုံးဖို့ Settings> Smart> Smart Screenshots မှာ Activate လုပ်ပါ။

Bokeh Effect ကို သုံးပါ။
P9 မော်ဒယ် ၃ လုံးစလုံးမှာ Bokeh Effect ကို သုံးနိုင်ပါတယ်။ အဲဒီ Effect ဟာ ဓါတ်ပုံတစ်ပုံမှ လူကဲ့သို့ အဓိက ကျတဲ့ အရာကို ကြည်လင်ပြတ်သားစေပြီး နောက်ခံကို မှုန်ဝါးအောင်လုပ်ပေးပါတယ်။

Filters
Filters များကို ဓါတ်ပုံများမှာ ထည့်သွင်းချင်သူများအတွက် Huawei က P9 ရဲ့ Camera App ထဲမှာ Filters များစွာ ထည့်ပေးထားပါတယ်။ ရိုက်ချင်တဲ့ အရာဝတ္ထုကို ကင်မရာဖြင့် ချိန်ရွယ်ပါ။ အစက်သုံးစက်ကို နှိပ်ရင် မတူညီတဲ့ Filter တစ်ခုစီပါတဲ့ Mode ၉ ခုကို အသုံးပြုနိုင်ပါတယ်။

Video
စမတ်ဖုန်းကနေ ဗီဒီယို ရိုက်ကူးရတာကို နှစ်သက်သူများအတွက် ဗီဒီယို အရည်အသွေးကို တိုးမြှင့်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ Huawei က Default အားဖြင့် Full HD 1080p (16:9, Stereo) ဗီဒီယို အရည်အသွေးကို သတ်မှတ်ပေးထားပါတယ်။ အမြင့်ဆုံး အရည်အသွေးကို ပြောင်းဖို့အတွက် Camera App ကို ဖွင့်ပါ။ Video Mode ကို ပြောင်းပါ။ Settings ထဲသွားပြီး Full HD 1080p (16:9, Stereo, 60fps ) ကို ရွေးချယ်ပေးပါ။

Battery

ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပါ။ 
 


အရွယ်ကြီး မျက်နှာပြင်များဟာ ဘက်ထရီ စားပါတယ်။ P9 Model အားလုံးမှာ ဘက်ထရီ သက်သာစေတဲ့ Power Saving Modes များကို ထည့်ပေးထားပါတယ်။
• Energy Saving Mode : သူက နောက်ကွယ်မှ Apps များကို ပိတ်ပေးခြင်း၊ အသံ Effects များကို လျှော့ချပေးခြင်း၊ နောက်ကွယ်မှာ အီးမေးများ ဒေါင်းလုပ်လုပ်ခြင်းကို ပိတ်ပေးခြင်းများကို ပြုလုပ်ပေးပါတယ်။ Huawei ရဲ့ စမတ်ဘက်ထရီ ဖန်ရှင်ဟာ စွမ်းဆောင်ရည်ကို မထိခိုက်စေဘဲ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးပါတယ်။
• Ultra : ဘက်ထရီ အလွန်နည်းနေတဲ့ အချိန်ကျမှ သူ့ကို သုံးဖို့ အကြံပေးပါတယ်။ သူ့ကို ON ထားရင် ဖုန်းပြောခြင်းနဲ့ စာပို့ခြင်းကိုသာ သုံးလို့ရပါတယ်။ အားသွင်းဖို့ ခက်ခဲတဲ့ နေရာဒေသများမှာ Ultra Power Saving Mode က အသုံးဝင်ပါတယ်။
• Low Resolution Savings : သူက Screen Resolution ကို လျှော့ချပေးပါတယ်။ Screen Resolution ကို 720×1280 အထိ လျှော့ချပေးနိုင်တဲ့အတွက် ဘက်ထရီ သက်တမ်းအလွန် အသုံးခံတယ်လို့ Huawei က ပြောပါတယ်။
• Close App After Lock Screen : သူက ဖုန်းကို Lock လုပ်တဲ့အခါမှာ နောက်ကွယ်မှ Apps အားလုံးကို ပိတ်ပေးပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com