
Nokia က
MWC ပွဲမှာ စမတ်ဖုန်း အသစ် ၄ လုံးကို မိတ်ဆက်လိုက်ပါတယ်။ စမတ်ဖုန်း
အားလုံးမှာ Pure Android OS နဲ့ Google Assistant ထည့်သွင်းထားပါတယ်။ Nokia
6 ရဲ့ အခြေခံ ဈေးနှုန်းမှာ ယူရို ၂၂၉ နဲ့ သူ့ရဲ့ တန်ဖိုးကြီး မော်ဒယ်မှာ
ယူရို ၂၉၉ တန်ကြေးရှိပါတယ်။ Nokia 5 ကို ယူရို ၁၈၉ ၊ Nokia 3 ကို ယူရို ၁၃၉
၊ Nokia 3310 ကို ယူရို ၄၉ သတ်မှတ်ထားပါတယ်။ ဖုန်းအားလုံးကို ယခုနှစ်
ဧပြီလနဲ့ ဇွန်လအကြားမှာ ရောင်းချမှာပါ။

Nokia 6 ဟာ စမတ်ဖုန်း ၄ လုံးထဲမှာ စွမ်းဆောင်ရည် အမြင့်မားဆုံး ဖြစ်ပါတယ်။
Dual SIM Smartphone ဖြစ်ပြီး ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။
မျက်နှာပြင်ကို Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။ Octa-Core
Qualcomm Snapdragon 430 Processor , Adreno 505 GPU , 4GB RAM , 64GB
Storage တပ်ဆင်ထားပါတယ်။ 128GB အထိ ၀င်ဆန့်တဲ့ microSD Card
စိုက်နိုင်ပါတယ်။ PDAF ပါတဲ့ 16MP Rear Camera နဲ့ 8MP Front Camera
ပါပါတယ်။ 4G LTE , Bluetooth 4.1, USB OTG, WiFi , GPS များကို
ထောက်ပံ့ပါတယ်။ 3000mAh Battery ပါပါတယ်။ Dolby Atmos နည်းပညာပါတဲ့ စပီကာ ၂
လုံး တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို Home Button မှာ
မြှပ်နှံထားပါတယ်။

Nokia 5 မှာ ၅.၂ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး အလူမီနီယမ် ကိုယ်ထည်ဖြင့်
တည်ဆောက်ထားပါတယ်။ အပြာ၊ အနက်နဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 2GB
RAM, 16GB Storage, Qualcomm Snapdragon 430 , Android 7.1, 13MP Rear
Camera, 8MP Front Camera များ တပ်ဆင်ထားပါတယ်။


Nokia 3 မှာ ၅ လက်မ မျက်နှာပြင်တပ်ဆင်ထားပါတယ်။ အရှေ့နဲ့အနောက်မှာ 8MP
Camera ပါရှိပါတယ်။ Quad-Core MediaTek MT6737 Chipset မောင်းနှင်မှာ
ဖြစ်ပါတယ်။

www.pyaephyo.com