2/18/2017

♪ ZTE က Gigabit download speed နဲ့ Gigabit Phone ကိုမိတ်ဆက် ♫


တရုတ် နည်းပညာကုမ္ပဏီ တစ်ခုဖြစ်တဲ့ ZTE က တစ်စက္ကန့်မှာ Gigabit မြန်နှုန်းထိ လိုင်းဆွဲအားကောင်းမွန်တဲ့ ZTE Gigabit Phone ကို မိတ်ဆက်လိုက်ပါတယ်။

မြန်ဆန်တဲ့ ဒီဖုန်းရဲ့ လိုင်းဆွဲအားက 1Gbps အထိ Download ရယူနိုင်မှာဖြစ်ပြီး ဒီဖုန်းမှာ အခြားသော စွမ်းဆောင်ရည်မြင့်တဲ့ feature တွေလည်းပါဝင်ကာ ဖုန်းရဲ့ ကင်မရာကလည်း Panaromic နဲ့ 360′ video တွေကို ဖန်တီးနိုင်တယ်လို့လည်းသိရပါတယ်။

တစ်စက္ကန့်မှာ 1 Gigabit download speed ဆိုတာ အလွန်မြန်တဲ့ အံ့သြစရာမြန်နှုန်းတစ်ခုဖြစ်ပါတယ်။ 1 Gigabit ဆိုတာ 1 Gigabyte (GB) ရဲ့ ရှစ်ပုံတစ်ပုံ သာရှိတဲ့အတွက် Megabyte(MB) နဲ့ဖော်ပြမယ်ဆိုရင် 125MB ဖြစ်ပါတယ်။ တစ်က္ကန့်မှာ 125MB ဆိုတာ HD ရုပ်ရှင်တစ်ကားကို စက္ကန့်ပိုင်းအတွင်း download ရယူနိုင်ပါတယ်။

ဒီစမတ်ဖုန်းက ဖမ်းယူနိုင်တဲ့ လိုင်းဆွဲအား အမြန်နှုန်းဟာ 4G LTE advanced ရဲ့ အမြန်နှုန်းနဲ့ထပ်တူကျနေတဲ့အတွက် 4G LTE မြန်နှုန်းအပြည့်အဝရနိုင်တဲ့ အင်တာနက်လိုင်းမျိုးနဲ့ဆိုရင်တော့ အသုံးပြုတဲ့သူဟာ ဖလန်း ဖလန်းထက် ကိုကျော်လွန်တဲ့ ခံစားမှုမျိုးကို ခံစားရစေနိုင်ပါတယ်။ ပုံမှန် မြန်နှုန်းမရှိတဲ့ အင်တာနက်လိုင်းမျိုးနဲ့ အသုံးပြုရင်တော့ ဒီဖုန်းရဲ့ 1Gps download speed ဟာ အသုံးမဝင်တဲ့ အပို feature တစ်ခု လို့ ပြောမယ်ဆိုရင်တောင် ရနိုင်ပါတယ်။ 5G Network ထွက်ပေါ်လာခဲ့ရင်တော့ အသင့်တော်ဆုံးဖုန်းတစ်ခု ဖြစ်လာမှာပါ။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com