Mobile
World Congress (MWC) 2017 မှာ Sony အနေနဲ့လည်း ၄င်းရဲ့
နည်းပညာထုတ်ကုန် အသစ်တွေကို ပါဝင်မိတ်ဆက်ပြသမှာဖြစ်တဲ့အတွက် Sony Xperai X
2017 edition စမတ်ဖုန်းအသစ်ကို မိတ်ဆက်ပြသဖို့ မျှော်လင့်ထား
ကြောင်းသိရပါတယ်။
ဒီ စမတ်ဖုန်းနဲ့ပတ်သတ်တဲ့ တိကျတဲ့ ပုံရိပ်ထွက်ပေါ်လာခဲ့ပေမယ့် အခြား specs တွေကတော့ ဘာတစ်ခုမှ ထွက်ပေါ်လာခဲ့ခြင်းမရှိသေးပါဘူး။
ထွက်ပေါ်လာတဲ့ပုံရိပ်အရ
ဆွဲဆောင်မှုရှိပြီး ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပုံစံဖြစ်တဲ့အတွက်
အခုနှစ်(၂၀၁၇) ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်း ဒီဇိုင်းတစ်ခု
ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုတွေရှိနေပါတယ်။
ပုံရိပ်အရ
အပေါ်နဲ့ အောက်အစွန်းတွေကို curved ပြုလုပ်ထားပြီး
အသံအတိုးအချဲ့ခလုတ်တွေနဲ့ ပါဝါခလုတ်ကို ဖုန်းရဲ့ ညာဘက် အောက်ဘက်အခြမ်းမှာ
မြင်တွေ့ရပါတယ်။
Sony
အနေနဲ့ MWC မှာ အနည်းဆုံး ထုတ်ကုန် (၄) ခုလောက်ပြသနိုင်ချေရှိတယ်လို့
လေ့လာသူတွေက မျှော်လင့်ထားကြပြီး တိကျတဲ့အချက်အလက်တွေကိုတော့ MWC ပွဲ
ကျင်းပတော့မှပဲ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
www.pyaephyo.com