2/16/2017

♪ Windows Store ကနေ Appx ဖိုင်ကို ဘယ်လို download လုပ်မလဲ ♫


Windows Store ကို Windows 8 နောက်ပိုင်းမှာ စတင်သုံးစွဲ လာနိုင်ပြီဖြစ်ပါတယ်။ တကယ်လို့ Windows Store က app တွေကို store ကို အသုံးမပြုဘဲ ထည့်သွင်းချင်တာပဲဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေအပေါင်း အသင်းတွေကို Windows Store ကနေ ကိုယ် download လုပ်ထားတဲ့ဖိုင်ကို ထည့်သွင်း အသုံးပြုစေချင်တဲ့ အခါမှာပဲဖြစ်ဖြစ် appx ဖိုင်ကို download ပြုလုပ်ပြီး ပြန်လည်ဝေမျှနိုင်မှာဖြစ်ပါတယ်။

Windows Store က app တွေကို appx ဖိုင်အဖြစ် download ပြုလုပ်ချင်တယ်ဆိုရင် Fiddler ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုနိုင်ပါတယ်။ Fiddler ကို ဒီနေရာ ကနေ ရယူနိုင်ပါတယ်။

ပထမဆုံး Fiddler ကို download ပြုလုပ်ပါ။ ပြီးသွားရင် Install ပြုလုပ်ရပါမယ်။

Install ပြုလုပ်ပြီးရင် Start menu ကို နှိပ်ပြီး Fiddler ဆိုတဲ့ keyword ကို ရိုက်ထည့်ပါ။


ဆော့ဖ်ဝဲပွင့်လာပြီဆိုရင် Winconfig ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။


ဒါဆိုရင် AppContainer Loopback Exemption Utility ဆိုတဲ့ box တက်လာပါလိမ့်မယ်။ အဲဒီ box ထဲမှာ Windows Store ကနေ ကိုယ် download ပြုလုပ်ပြီး install လုပ်ထားတဲ့ game တွေနဲ့ app တွေကို တွေ့ရ ပါလိမ့်မယ်။ အဲဒီထဲက Exempt All ဆိုတာကို နှိပ်ပြီး Save Changes ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။



နောက်တစ်ဆင့်ကတော့ Remove button ကို နှိပ်ပြီး Remove all ဆိုတာကို ရွေးချယ်လိုက်ပါ။



ပြီးသွားပြီဆိုရင် Windows Store ကိုဖွင့်ပြီး ကိုယ်လိုချင်တဲ့ app ကိုရွေးချယ်ပြီး Install ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် download ပြုလုပ်ပြီး တစ်ခါတည်း install ပြုလုပ်သွားပါလိမ့်မယ်။



Download ပြုလုပ်နေစဉ် နောက်ကွယ်မှာ run နေတဲ့ Fiddler ဆော့ဖ်ဝဲကနေ appx ဖိုင်လမ်းကြောင်းကို ရှာဖွေဖို့အတွက် Fiddler ရဲ့ Find button ကို နှိပ်ပြီး Find ဆိုတဲ့ box မှာ appx ဆိုတာကို ရိုက်ထည့်ရပါမယ်။

ပြီးရင် Find sessions ဆိုတဲ့ခလုတ်ကို နှိပ်ပြီး appx ဖိုင် package ကို download လုပ်နေတဲ့လမ်းကြောင်းကို ရွေးရပါမယ်။ တွေ့ပြီဆိုရင် select မှတ်ပြီး Right-click နှိပ်ကာ Copy > Just Url ဆိုတာကို ရွေးချယ်ပေးရပါမယ်။



ပြီးသွားပြီဆိုရင် browser address bar မှာ paste ပြုလုပ်ပြီး Enter နှိပ်လိုက်ရင် Appx bundle ဖိုင်ကို save ဖို့အတွက် ဖော်ပြပေးပါလိမ့်မယ်။ Download ပြုလုပ်ပြီး သိမ်းဆည်းလိုက်ပါ။ ဒါဆိုရင် အခြား Windows device တွေမှာ offline install ပြုလုပ်နိုင်မယ့် appx ဖိုင်ကို ရရှိပြီဖြစ်ပါတယ်။





Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com