2/09/2017

♪ Huawei မှ Huawei P9 နဲ့ Huawei GR5 2017 ဝယ်ယူသူများအတွက် ချစ်သူများနေ့အထူးအစီအစဉ်ပြုလုပ် ♫


Huawei ဟာမကြာမီရက်ပိုင်း အတွင်းကျရောက်တော့မယ့် ရင်ခုန်ကြည်နူးဖွယ် Valentine နေ့ရက်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၃ ရက်နေ့အထိ Huawei P9 နှင့် Huawei GR5 2017 ဝယ်ယူသူများအတွက် ချစ်သူများနေ့အထူးပရိုမိုးရှင်းအစီအစဉ်များကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ကြေညာထားတယ်လို့ သိရပါတယ်။

အဆိုပါချစ်သူများနေ့ အထူးပရိုမိုးရှင်းအစီအစဉ်မှာ Huawei P9 ဝယ်ယူသူများအတွက် P9 Photography Box၊ ကျောပိုးအိတ်နဲ့ Power bank တို့ကို ရရှိမှာဖြစ်ပြီး Huawei GR5 2017 ဝယ်ယူသူများအတွက် 32GB SD ကတ်တို့ကို လက်ဆောင်အနေနဲ့ ရရှိမှာဖြစ်ပါတယ်။ ထို့အပြင် အထူးလက်ဆောင်အနေနဲ့ ဖေဖော်ဝါရီလ (၄) ရက်နေ့ကနေ (၁၃)ရက်နေ့အထိ ဝယ်ယူသူများအနေနဲ့ ဖုန်းဝယ်ယူပြီး ရရှိတဲ့ Invoice၊ ဝယ်ယူထားတဲ့ ဖုန်းဘူးခွံဓါတ်ပုံနဲ့ မိမိအမည်၊ ဖုန်းနံပါတ်တို့ကို ပူးတွဲပြီး Huawei Mobile ဖေ့ဘွတ်စာမျက်နှာရှိ Message Box ကို ပေးပို့ရမှာဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ (၄)ရက်နေ့ကနေ (၈)ရက်နေ့အတွင်း အစောဆုံးပေးပို့နိုင်တဲ့သူ (၅)ဦးကို မိမိတို့ ချစ်ခင်သူ မိတ်ဆွေနဲ့ အတူကြည့်ရှုနိုင်မယ့် Huawei က Platinum Sponsor အဖြစ် ကူညီပံ့ပိုးပေးထားပြီး ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှာ ပြုလုပ်မယ့် Myanmar Idol Competition Live Show လက်မှတ် ၂ စောင်စီ ရရှိမှာဖြစ်ပါတယ်။ အဆိုပါ အထူးလက်ဆောင်လက်မှတ်ရရှိသူ ၅ ဦးက ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Myanmar Idol ၇ ဦးတို့ရဲ့ သီဆိုဖျော်ဖြေမှုကို မိမိရဲ့ချစ်သူနဲ့အတူ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ထိုနည်းအတူ ဖေဖော်ဝါရီလ (၉)ရက်နေ့ကနေ (၁၃) ရက်နေ့အတွင်း အစောဆုံးပေးပို့နိုင်သူ (၅) ဦးကို ဖေဖော်ဝါရီလ (၁၇)ရက်နေ့ Myanmar Idol Result Live Show ကို မိမိရဲ့ ချစ်သူနဲ့အတူ ကြည့်ရှုနိုင်မယ့် လက်မှတ် ၂ စောင်စီ ရရှိမှာဖြစ်ပါတယ်။ လက်မှတ်ကို ပွဲလာကြည့်တဲ့နေ့တွင် ညနေ ၇နာရီခွဲ (၇း၃၀) ထက် နောက်မကျဘဲ ရွှေထွဋ်တင်ကွင်းမှာ လက်ရောက်ထုတ်ယူ တပြိုင်နက်တည်း စောင့်ဆိုင်းကြည့်ရှုရမှာ ဖြစ်ပါတယ်။ Myanmar Idol ပွဲကျင်းပပြုလုပ်တဲ့နေ့ရက်တွေမှာလည်း လာရောက်ကြည့်ရှုကြမယ့် ချစ်သူစုံတွဲများကို Huawei မှ အမှတ်တရ လက်ဆောင်များလည်းထပ်မံပေးအပ်သွားအုံးမှာ ဖြစ်ပါတယ်။

Huawei မှချီးမြှင့်တဲ့ Myanmar Idol လက်မှတ်ကံထူးသူများကို Huawei မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တစ်ဦးခြင်းစီ အကြောင်းကြားသွားမှာဖြစ်ပြီး အဆိုပါဆုလက်ဆောင်ပေးအပ်ခြင်းနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ အငြင်းပွားဖွယ်ရာများဖြစ်ပေါ်လာပါက Huawei ရဲ့ ဆုံးဖြတ်ချက်ကိုသာ အတည်ပြုမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com