2/10/2017

♪ “Gionee က စွမ်းဆောင်ရည်သင့် F5 ကို မိတ်ဆက်” ♫

Image may contain: phone

Gionee က တရုတ်မှာ F5 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး ရွှေရောင်နဲ့ နှင်းဆီရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ Gionee F5 မှာ ၅.၃ လက်မ IPS HD Display တပ်ဆင်ထားပါတယ်။ Octa-Core Cortex A5 Processor တပ်ဆင်ထားတဲ့ MT6750 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။

F5 မှာ 4GB RAM ပါရှိပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera နဲ့အတူ LED Flash တစ်လုံးကို ပူးတွဲတပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8 Megapixel Camera ပါရှိပါတယ်။ 4000mAh Battery , Android 6.0 Marshmallow ထည့်သွင်းထားပါတယ်။

ဒေါ်လာ ၂၆၀ တန်ကြေးရှိပြီး ယွမ် ၁၇၉၉ နဲ့ ညီမျှပါတယ်။ Specification များ တူညီတဲ့ Meizu M5 ရဲ့ ဈေးထက် F5 က ၂ ဆ များပြားနေပါတယ်။ F5 ကို လက်ရှိမှာ တရုတ်တွင် ရောင်းချပေးနေပြီး အခြားနိုင်ငံများမှာ ရောင်းချပေး မယ့် သတင်းကို မသိရသေးပါဘူး။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com