2/10/2017

♪ WhatsApp ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများ ♫


WhatsApp ဟာ ကမ္ဘာမှာ လူသုံးအများဆုံး Chat App တစ်ခု ဖြစ်ပါတယ်။ WhatsApp သုံးသူအချင်းချင်း အခမဲ့ Messages များပေးပို့နိုင်ခြင်း၊ Voice Calls , Video Calls များ ပြောဆိုနိုင်ခြင်းတို့ကို ပံ့ပိုးပေးထားပါတယ်။ WhatsApp ကို လူတိုင်း အသုံးပြုတတ်ကြပေမယ့် လူသိပ်မသိတဲ့ လျှို့ဝှက်စွမ်းဆောင်ချက်များ ရှိနေပါတယ်။ အခု Tutorial မှာတော့ WhatsApp ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။
Group Chats vs. Broadcasts

Chats Tab ထဲမှာ Broadcast Lists နဲ့ New Group ၂ ခုကို တွေ့ရမှာပါ။ Broadcast Lists ကတော့ လူများစွာထံ Message တစ်ပြိုင်နက် ပေးပို့တဲ့ အခါမှာ သုံးတာ ဖြစ်ပြီး Group ဖွဲ့၍ ပေးပို့တာ မဟုတ်ပါဘူး။ Group Chats ကတော့ Facebook Messenger မှာလို Group ဖွဲ့၍ ဆက်သွယ်စကားပြောတာ ဖြစ်ပါတယ်။
WhatsApp ကို ဒတ်စတော့နဲ့ ၀က်ဆိုက်မှာ သုံးပါ။

ဒတ်စတော့အတွက် WhatsApp ကို ထုတ်လုပ်ပေးထားပြီး Mobile App မှ ဒေတာများနဲ့ Sync လုပ်ပေးမှာပါ။ ဒီလိုအသုံးပြုဖို့အတွက် ဒတ်စတော့ App ရဲ့ Settings> WhatsApp Web/Desktop ထဲသွားပါ။ QR Code ကို ဒတ်စတော့မှာ ပြပေးမှာပါ။ Mobile App ကနေ ကင်မရာကိုဖွင့်ပြီး QR Code ကို Scan လုပ်ပါ။ ဒါဆိုရင် ဒတ်စတော့ App နဲ့ Mobile App ကို ချိတ်ဆက်လိုက်တာ ဖြစ်ပြီး ဒေတာများကို Sync လုပ်ပေးမှာပါ။ Desktop App အပြင် ၀က်ဆိုက်ကနေလည်း သုံးနိုင်ပါတယ်။

Last Seen, Profile Photo နဲ့ Status ကို ဖွက်ခြင်း။


သင့်ထံပေးပို့တဲ့ စာကို သင်မြင်တာနဲ့ ပေးပို့သူက Seen ဆိုတဲ့ အသိပေးစာကို တွေ့ရမှာပါ။ အဲဒီလို မြင်စေတာဟာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ပိတ်နိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ ပရိုဖိုင် ဓါတ်ပုံနဲ့ စတေးတပ်စ်များကို အခြားလူများ မမြင်အောင် ဖွက်ထားနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Settings> Account> Privacy ထဲသွားပါ။ အဲဒီမှာ Everyone , Your Contacts , Nobody စတဲ့ သင့်ရဲ့ သတင်းအချက်အလက်များကို မြင်တွေ့စေချင်သူများကို ရွေးပေးပါ။

သင့်ရဲ့ အရေးကြီး Chats များကို သိမ်းဆည်းပါ။


သင်ဟာ လူများစွာနဲ့ စကားပြောဖူးတယ်ဆိုရင် အရေးကြီး Chat များကို ရှာဖွေဖို့ မလွယ်ကူပါဘူး။ အဲဒီအတွက် အရေးကြီး Chats များကို သိမ်းဆည်းထားပြီး လိုအပ်တဲ့ အချိန်မှာ လွယ်ကူစွာ ပြန်ကြည့်နိုင်အောင် သိမ်းထားသင့်ပါတယ်။ ဒီလိုလုပ်ဖို့ Chat တစ်ခုပေါ်မှာ လက်ဖြင့်ဖိ၍ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး Archive ကို ရွေးပါ။ သင် သိမ်းထားတဲ့ Chats များကို ပြန်ကြည့်ဖို့ Chats Tab ထဲရောက်နေတဲ့အခါမှာ လက်ဖြင့် အောက်ကို ပွတ်ဆွဲပါ။ ဒါဆိုရင် Search Bar ရဲ့ အထက်မှာ Archived Chats ကို ပြသမှာပါ။

သင့် Message များကို တစ်ဖက်လူက ဖတ်ပြီးပြီလားဆိုတာ ဘယ်လို သိမလဲ ?


သင်စာပို့တဲ့အခါမှာ သင့်စာရဲ့ ဘေးမှာ အမှန်ခြစ်များကို တွေ့ရမှာပါ။ အညိုရောင် အမှန်ခြစ်တစ်ခုက သင့် စာကို ပေးပို့ပြီးကြောင်း ပြသတာပါ။ အညိုရောင် အမှန်ခြစ် ၂ ခုက သင့်စာဟာ တစ်ဖက်လူထံ ရောက်ရှိပြီဆိုတာ ပြသပါတယ်။ အပြာရောင် အမှန်ခြစ် ၂ ခုကို မြင်ရင်တော့ သင့်စာကို တစ်ဖက်လူက ဖတ်ပြီးပါပြီ။

ဒေတာ အသုံးပြုမှုကို လျှော့ချပါ။


ဒေတာ အသုံးပြုမှုကို လျှော့ချချင်ရင် Settings> Data and Storage Usage ထဲသွားပါ။ အဲဒီမှာ မီဒီယာနဲ့ စာရွက်စာတမ်းများကို ၀ိုင်ဖိုင်ဆက်သွယ်မှု ရမှသာ ဒေါင်းလုပ်လုပ်ဖို့ သတ်မှတ်နိုင်ပါတယ်။ Low Data Usage ကို On ပေးရင် ဖုန်းပြောရင် ဒေတာ သက်သာစေပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com