2/10/2017

♪ “တယ်လီနော၏ တစ်လသုံး အင်တာနက် Package များအား ရက် ၉၀အထိ ထပ်မံတိုးချဲ့အသုံးပြုနိုင်မည်” ♫

Image may contain: text

တယ်လီနောမြန်မာမှ ပါဆယ်ရယူနိုင်သည့် အင်တာနက် Package အစီအစဉ် သစ်များအား ထပ်မံ မိတ်ဆက်လိုက်ပြီဖြစ်ပြီး တစ်လသုံးအင်တာနက် Package များအား ရက် ၉၀ အထိ တိုးချဲ့ အသုံးပြုနိုင် ကြောင်းသိရသည်။

သုံးစွဲသူများအနေဖြင့် သက်တမ်းကုန်ဆုံးသွားချိန်အထိ အသုံးပြုရန်ကျန်ရှိ နေသော အင်တာနက်သုံး ဒေတာနှင့် အခြားအကျိုးခံစားခွင့်များကို ရက် ၉၀ အထိ ယူဆောင်အသုံးပြုနိုင်မည့် “ပါဆယ်” အင်တာနက်သုံးဒေတာ Package များအား ရက် ၃၀ သက်တမ်းရှိ “ပါဆယ်” အစီအစဉ်များအဖြစ် 300MB အတွက် ၉၉၉ ကျပ်မှစ၍ 120GB အတွက် ၉၉,၉၉၉ ကျပ်အထိ စီစဉ်ပေးထား ပါသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင် ရရှိနိုင်မည့် “ပါဆယ်” အင်တာနက် သုံး ဒေတာအစီအစဉ်များတွင် Facebook, Viber နှင့် BeeTalk ကဲ့သို့ လူမှုကွန်ရက်များအသုံးပြုရန် အခမဲ့ဒေတာ၊ တယ်လီနော Capture တွင် ဓာတ်ပုံနှင့် ဗီဒီယိုများသိမ်းဆည်းခွင့်နှင့် တယ်လီနောနံပါတ်အချင်းချင်းသို့ အခမဲ့စာ တိုပို့ခွင့် စသည့်အကျိုးခံစားခွင့်များ ပါရှိကြောင်းသိရသည်။

“ပါဆယ်” အစီအစဉ်ကို ရယူထားခြင်းဖြင့် သုံးရန်ကျန်နေသေးသည့် ဒေတာနှင့် အခြားအကျိုးခံစား ခွင့်များကို ပါဆယ်ယူဆောင်နိုင်မည်ဖြစ်ပြီး ထပ်မံစာရင်းသွင်းလိုက်သည့်အခါတိုင်း ယင်းအကျိုး ခံစားခွင့်များကို ဆက်လက်အသုံးပြုသွားနိုင်မည်ဖြစ်ပါသည်။ အစီအစဉ်၏ သက်တမ်းမှာ ရက် ၃၀ သာရှိသည်ဖြစ်ပြီး သက်တမ်းကုန်ပြီး ရက် ၃၀ အတွင်း ထပ်မံစာရင်းသွင်း မှသာ ကျန်ရှိအကျိုးကျေးဇူးများ ဆက်လက်အသုံးပြုခွင့် ကိုရရှိပါမည်။

Facebook, Viber နှင့် BeeTalk လူမှုကွန်ရက်များအတွက် အခမဲ့ပေးထား သည့်ဒေတာများ ကျန်ရှိနေပါက ယင်းဒေတာများကို လူမှုကွန်ရက်များမှ တစ်ဆင့် ဗီဒီယိုနှင့် အသံခေါ်ဆိုမှုများအတွက် အသုံးပြုခွင့်ရှိမည် မဟုတ်ပေ။ 


ဖုန်းခေါ်ဆိုမှုများနှင့် စာတိုပေးပို့မှုများအတွက် ပုံမှန်နှုန်းထား များဖြစ်သည့် တစ်မိနစ် ၂၅ကျပ်နှင့် စာတိုတစ်စောင် ၁၅ ကျပ်အသီးသီးကောက်ခံသွား မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် 979*2*7# သို့ ဖုန်းခေါ်ဆိုခြင်းဖြင့် ဖြစ်စေ၊ My Telenor app မှတစ်ဆင့်ဖြစ်စေ၊ စာတိုပို့ခြင်းဖြင့်ဖြစ်စေ “ပါဆယ်” အစီအစဉ်ကို ရယူနိုင်ပါသည်။ စာတိုမှတစ်ဆင့် မိမိကြိုက်နှစ်သက်သည့် “ပါဆယ်” အစီအစဉ်ကို ရယူရန် ၅၀၀သို့ DPXS, DPS, DPM, DPL, DPXL, DP2XL နှင့် DP3XL တို့ကို ပေးပို့ရယူနိုင်ပါသည်။

အသုံးပြုနိုင်သည့်ဒေတာလက်ကျန်အခြေအနေကို *124*1# သို့ ဖုန်းခေါ်ယူ စစ်ဆေးနိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် “ပါဆယ်”အစီအစဉ်အပြင် လက်ရှိရှိနေသော “စူပါနှစ်ဆ” Smart အင်တာနက် လစဉ်အစီအစဉ်များ ကိုလည်း ကြိုက်နှစ်သက်ရာ ၀ယ်ယူအသုံးပြုနိုင်ပါသည်။ သုံးစွဲသူများ များစွာ နှစ်ခြိုက်ကြ သော “စူပါပွား” အစီအစဉ်သည်လည်း ဆက်လက်ရရှိနေ မည်ဖြစ်ပါသည်။ စူပါပွားဖြင့် တယ်လီနော၏ ပိုမို ကောင်းမွန်သည့် အင်တာနက်သုံး ဒေတာကို 1MB အတွက် ၈ကျပ်နှုန်း၊ တယ်လီနော အချင်းချင်း ခေါ်ဆိုမှု အတွက် တစ်မိနစ် ၁၈ကျပ်နှုန်းနှင့် အခြားအော်ပရေတာ များသို့ ခေါ်ဆိုမှုအတွက် တစ်မိနစ် ၂၅ ကျပ်နှုန်း အသီးသီးကျသင့်ပါသည်။


တယ်လီနော၏ အခြားအတွက်ဝန်ဆောင်မှုအစီအစဉ်များ (စာတိုပေးပို့ခြင်း၊ နိုင်ငံတကာသို့ ခေါ်ဆိုခြင်း၊ အခြားနိုင်ငံများတွင် အသုံးပြုခြင်း)နှင့် လက်ကျန် ငွေလွှဲပြောင်းခြင်း၊ ကြိုသုံး အစီအစဉ်၊ MyTune အစီအစဉ်စသည်တို့အတွက် ၀န်ဆောင်ခနှုန်း ထားများမှာ ယခင်အတိုင်းကျသင့်မည် ဖြစ်ပါသည်။ တယ်လီနော၏ Smart အင်တာနက်အစီအစဉ်သည် အခြေခံနှုန်းများဖြစ်သော 1MB အတွက် ၈ကျပ်နှုန်းဖြင့်သာ ဆက်လက်ကျသင့်နေမည်ဖြစ်ကြောင်း တယ်လီနောမှဆိုပါသည်။


ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com