2/15/2017

♪ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ Blackberry Mercury ဖုန်း ဖြန့်ချိမည် ♫


MWC 2017 ပွဲ နဲ့ အမှီ Blackberry Mercury ဖုန်းကို ဖြန့်ချိမှာ ဖြစ်တဲ့ အကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ လ က ကျင်းပပြီးခဲ့တဲ့ CES 2017 ပွဲမှာ တင်ကြိုကြော်ငြာခဲ့ပြီး ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ Specs တွေ အရ တော်တော်များများ စိတ်ဝင်စားနေကြတဲ့ ဖုန်းတစ်လုံး ဖြစ်ကြောင်း လည်း သိရပါတယ်။

ဒါပေမယ့် လက်ရှိမှာ ထွက်ပေါ်နေတဲ့ Specs တွေ ဟာ Rumors အဆင့်တွေသာ ဖြစ်ပြီး လတ်တလောမှာ ဖော်ပြထားတဲ့ Mercury ဆိုတဲ့ အမည်တောင်မှ Codename အဆင့်ပဲ ရှိသေးတဲ့အပြင် လက်လွတ်စပယ် မယုံကြည်ထားသင့်ကြောင်း ကို Blackberry Mercury ဖုန်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောကြားထားပါတယ်။ ခန့်မှန်းခြေ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရ ဆိုရင် 4.5 လက်မ မျက်နှာပြင်၊ Snapdragon 625 ပရိုဆက်ဆာ ၊ 3GB RAM ၊ 3400 mAh ဘက်ထရီ တွေ ပါရှိမယ် လို့ ပြောပါတယ်။

စိတ်ဝင်စားနေကြတာက 18 Megapixel နောက်ဘက် ကင်မရာ နဲ့ 8 Mega pixel အရှေ့ဘက်ကင်မရာ ပါရှိမယ် လို့ သတင်းထွက်နေတဲ့အတွက် ပဲ ဖြစ်ပါတယ်။ Fingerprint Sensor လည်း ပါရှိမှာ ဖြစ်ပြီး Google Pixel နဲ့ Specs ချင်း တူတူ ထုတ်လုပ်မှာ ဖြစ်တယ် လို့ သိရပါတယ်။ QWERTY Keyboard နဲ့ နာမည်ကြီးခဲ့တဲ့ Blackberry ဟာ အခုအချိန်အထိ ဥရောပ နဲ့ အမေရိက ဈေးကွက် မှာ နာမည်တစ်လုံး ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။




Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com