2/16/2017

♪ “စွန့်စားမှုဆန်သောအပြောင်းအလဲများနှင့်Samsung Galaxy S8” ♫

Image may contain: text

Galaxy Note 7 ကပေးသောဒုက္ခများကိုခါးစည်းခံခဲ့ရသောSamsung အနေဖြင့်မကြာမီအချိန်အတွင်း၌ထုတ်ကုန်သစ်စမတ်ဖုန်းတစ်မျိုးကိုမိတ်ဆက်ဖို့ရှိနေကြောင်းသတင်းများကဖော်ပြသွားကြသည်။ယင်း ထုတ်ကုန်သစ်မှာGalaxy S စီးရီး၏မျိုးဆက်သစ်ဟုဆိုရမည့်Galaxy S ပင်ဖြစ်ပါ၏။အမှန်စင်စစ် Galaxy S သည်တောင်ကိုရီးယားအခြေစိုက်Samsung ကုမ္ပဏီကြီး၏ ပြန်လည် ရုန်းထနိုင်စွမ်းကိုပြမည့်အားမာန်တစ်ရပ်ဖြစ်ပါလိမ့်မည်။ထို့အတူ သေလျှင် မြေကြီး၊ရှင်လျှင်ရွှေထီးဆိုသောစွန့်စားခြင်းအငွေ့အသက်များ ကိုလည်းမကြာမီထွက်ပေါ်လာမည့်Galaxy S စမတ်ဖုန်းသစ်တွင် တွေ့မြင် ရဖွယ် ရှိနေသည်။ Galaxy S နှင့်ပတ်သက်၍Samsung မှအသေးစိတ် ထုတ်ပြန်ချက်များမရှိသေးသော်လည်း သတင်းများ၏အဆိုအရလာမည့် မတ်လ၂၉ရက်နေ့တွင်မိတ်ဆက်ကြေညာပြီးဧပြီ၂၁ရက်နေ့အရောက်တွင် အွန်လိုင်းနှင့်အရောင်းစတိုးဆိုင်များတွင် ဖြန့်ချိရောင်းချသွားတော့မည်ဟုသိရ သည်။အွန်လိုင်းမှပျံ့နှံ့လာသောသတင်းများအရSamsung Galaxy S8 ၏ စွန့်စားမှုဆန်သောအပြောင်းအလဲများကိုလည်းတွေ့မြင်ရမည်ဖြစ်သည်။ အရွယ်အစား၂မျိုးဖြင့်ထွက်ပေါ်လာဖွယ်ရှိသည့်Galaxy S8 စမတ်ဖုန်းသစ် မှာSamsung တို့ကာလရှည်အချိန်ယူကြိုးစားခဲ့ရသည့်ရလဒ်တစ်ခုဖြစ်လာမည် ကတော့သေချာပါသည်။အထူးသဖြင့်Apple ၏iPhone စီးရီးများကိုကျော်ဖြတ် နိုင်ရန်အထူးကြိုးစားထည့်သွင်းထားသောနည်းပညာသစ်များကသက်သေခံ ပါလိမ့်မည်။

<Samsung ၏ Galaxy ခရီးလမ်း>

Galaxy စမတ်ဖုန်းခရီးလမ်းကြောင်းတစ်လျောက်တွင်Samsung တို့ရလဒ် မျိုးစုံ ထွက်ခဲ့သည်။အနိမ့်အမြင့်အတက်အကျများကိုခံစားခဲ့ရသည်။အထူး သဖြင့်Galaxy S6 နှင့်S6 Edge တို့မှစ၍ဖောက်သည်များ၏အသိအမှတ် ပြုခြင်းကိုရယူနိုင်ခဲ့၏။ကွေးညွတ်မျက်နှာပြင်၏ထူးခြားဆန်းသစ်မှုနှင့်အတူ Samsung သည်လည်းအကျိုးအမြတ်များစွာရရှိခဲ့လေသည်။ စိတ်ဝင်စား စရာကောင်းသည့်အချက်ကGalaxy S6 သည်ဖောက်သည်ထု၏စိတ်အာရုံကို အမှန်တကယ်ဆွဲနိုင်ခဲ့သလား၊သို့မဟုတ်အလားတူရွေးချယ်စရာအဆင့် အတန်းတူမရှိသဖြင့်ဇွတ်မှိတ်၍၀ယ်ယူကြ ခြင်းလားဆိုသည့်မေးခွန်းပင်။ ဖောက်သည်များ၏စမတ်ဖုန်းနှင့်ပတ်သက်သောလိုအင်ဆန္ဒအရတော့ပစ်မှတ်ထားသည့်စမတ်ဖုန်းအမျိုးအစားမရနိုင်ပါကအခြားသောစီးရီး၊သို့မဟုတ်အခြားသောအမှတ်တံဆိပ်တစ်ခုခုကို ပြောင်းလဲဝယ်ယူမည်မဟုတ်ပါချေ။နောက် တစ်နှစ် အကြာတွင်Galaxy S7, S7 Edge တို့နှင့်အတူSamsung ၏ ဆွဲဆောင်နိုင်စွမ်းပိုမိုမြင့်မားလာခဲ့သည်။စတင်မိတ်ဆက်သည့်ကာလမှာပင် ရောင်းအားကောင်းမွန်ခဲ့ပြီးထုတ်လုပ်နှုန်းနှင့်ရောင်းအားမှာအကြမ်းဖျဉ်းအချိုးညီခဲ့သည်ကိုတွေ့ရလေသည်။

<Galaxy S8 နှင့်မျှော်လင့်ချက်များ>

ဖောက်သည်များ၏နှလုံးသားကိုS6 နှင့်S7တို့ဆွဲဆောင်ဖမ်းစားနိုင်ခဲ့ပြီး နောက်Galaxy S8 ကိုထပ်မံထုတ်လုပ်မိတ်ဆက်ရန်Samsung တို့ကြိုးပမ်း နေခြင်းကမထူးဆန်းလှပါ။S8 အပေါ်လည်းများစွာမျှော်လင့်ထားကြပုံရသည်။ ပြီးခဲ့သောစီးရီး၂ခုစလုံးသည် ကွေးညွှတ်မျက်နှာပြင်များနှင့်ထွက်ပေါ် လာကြသော စမတ်ဖုန်းများဖြစ်ကြပြီးအပေါ်ယံကွာဟချက်ကမျက်နှာပြင် အကျယ်အ၀န်းနှင့်ကင်မရာစွမ်းဆောင်ရည်တို့သာ ဖြစ်သည်။Galaxy S8 ကရောမည်သို့ပုံပန်းသွင်ပြင်မျိုးဖြင့်ထွက်ပေါ်လာပါမည်လဲ။ မဖြစ်မနေ အောင်ပွဲခံရန်လိုအပ်နေပြီဖြစ်သောSamsung အနေဖြင့်Galaxy S8 နှင့် ပတ်သက်ပြီးအဘက်ဘက်ကအကောင်းဆုံးဖြစ်အောင်ကြိုးစားထားမည်ကို သံသယဖြစ်စရာမလိုပါ။Dailymailသတင်းစာကြီး၏အဆိုအရတော့မျက်နှာပြင်5.8 inch နှင့်6.2 inchရှိQHD super AMOLED စခရင်များဖြင့်ထုတ်လုပ် ထားပြီး လက်ဗွေဖတ်Fingerprint အာရုံခံစနစ်ကိုနောက်ကျောဘက်တွင် တပ်ဆင်ပေးထား မည်ဟုသိရသည်။ယခင်Samsung ဖုန်းများ၏သင်္ကေတ တစ်ခုဟုဆိုနိုင်သောHome ခလုတ်ကိုလည်းဖယ်ထုတ်ထားသည်ဟုဆိုသည်။
Androidpure.comမှဖော်ပြချက်ကတော့“Samsung Galaxy S8 ရဲ့ ကိုယ်ထည်လို့ယူဆရတဲ့ပုံရိပ်တွေကိုရထားပြီးပါပြီ။ကင်မရာနဲ့ဖလက်မီး အတွက် အပေါက်တွေအပါအ၀င်Fingerprint အာရုံခံနေရာလည်းပူးတွဲ ပါဝင်မှာပါ။အတိအကျကတော့မတ်လ၂၉ရက်နေ့မှသိရပါလိမ့်မယ်”ဟု ရေးသား ထားသည်။Venturebeat Website ကတော့အသစ်ထွက်ရှိလာမည့် Galaxy S8 ဖုန်းများကိုမောင်းနှင်မည့်Processor မှာနာနိုမီတာ၁၀ခုဖြင့် ပေါင်းစပ်ဖန်တီး ထားခြင်းဖြစ်ပြီးGalaxy S7 တွင်ပါဝင်သည့်Processorထက် ဆယ်ဆပိုမိုမြန်ဆန်လိမ့်မည်ဟုဖော်ပြထားလေသည်။Galaxy S8 နှင့်S8 Plus ဆိုသည့်အမည်များနှင့်ထွက်ပေါ်လာနိုင်သောထုတ်ကုန်သစ်နှစ်ခုတွင်RAM 6GB ၊Internal Storage 128 GB နှင့်64 GB တို့ပါဝင်လိမ့်မည်ဟုလည်း Samsung နှင့်နီးစပ်သောအသိုင်းအ၀ိုင်းတစ်ရပ်ကခန့်မှန်းဖော်ပြခဲ့သည်။

<Siri-Killer သို့မဟုတ် Bixby>

Galaxy S8နှင့်ပတ်သက်၍Samsung ၏အကြီးမားဆုံးစွန့်စားမှုတစ်ခု ကတော့Smart AI တစ်မျိုးကိုထည့်သွင်းထားခြင်းပင်ဖြစ်၏။Home Button ခလုတ်များကိုပယ်ဖျောက်ပြီးInfinity Screen အပြည့်ထွက်ပေါ်လာခြင်း၊ နောက်ကျောဘက်တွင်Fingerprint စနစ်ထည့်သွင်းထားခြင်းတို့နှင့်အတူUser အထောက်အကူပြုAI နည်းပညာပါဝင်လာခြင်းတို့ကိုထောက်ရှုလျှင် နာမည်ကျော်iPhone မော်ဒယ်သစ်များကိုအံတုဖက်ပြိုင်ရန်ကြိုးစား ထားခြင်း ကထင်ရှားနေပါသည်။ Galaxy S8 တွင်ပါဝင်လာမည့်AI ကိုBixby ဟုအမည် ပေးထားပြီးစောင့်ကြည့်လေ့လာသူများကတော့Siri-Killer ဟုပင်ကင်ပွန်း တပ်ထား ကြလေသည်။အဓိပ္ပာယ်ကတော့Apple ၏Personal Assistant Software ဖြစ်သောSiriကိုကျော်ဖြတ်အနိုင်ယူမည်ဟုဆိုလိုခြင်းပင်။Bixby နှင့်ပတ်သက်ပြီးအွန်လိုင်းတွင်ပျံ့နှံ့လာသည့်သတင်းများအရတော့ယင်းဆော့ဝဲသည်Siriကဲ့သို့ပင်စမတ်ဖုန်းနှင့်ပတ်သက်သည့်လုပ်ဆောင်ချက်အများစုကိုUser ခိုင်းစေသည့်အတိုင်းလုပ်ဆောင်နိုင်စွမ်းရှိကြောင်းသိရသည်။

<ဖိအားများအောက်မှGalaxy S8>

Galaxy S8 ကိုဈေးကွက်တင်ရောင်းချရေးမှာယခင်Galaxy မော်ဒယ်ဟောင်း များထက်ပို၍ဖိအားရှိနေသည်ကိုလည်းSamsung တို့သတိထားရပါလိမ့်မည်။ အထူးသဖြင့်ပြီးခဲ့သောနှစ်အတွင်းကဘက်ထရီမီးလောင်ပေါက်ကွဲမှုများ ကြောင့်အကြီးအကျယ်ကျရှုံးခဲ့သောGalaxy Note 7 နှင့်အတူပရိသတ်များ ၏သံသယကိုဖြေဖျောက်ရန်S8 ဖုန်းများတွင်တာဝန်ရှိနေလေသည်။ထို့ကြောင့် လည်းGalaxy S8 သည်Samsung ကုမ္ပဏီ၏Mobile Team အတွက် သေမြေကြီး၊ ရှင်ရွှေထီးဟုတင်စားရခြင်းပင်။ သို့ဆိုပါလျှင် Galaxy S8 ၊ S8 Plus တို့တွင်ပါဝင်လာမည့်ဘက်ထရီစွမ်းဆောင်ရည်ကိုလည်းကြိုတင် သုံးသပ်ရန်လိုအပ်နေပြီဖြစ်၏။သတင်းတစ်ရပ်၏ဖော်ပြချက်အရတော့၅.၈ လက်မအရွယ်Galaxy S8 အတွက်3000 mAhအမျိုးအစားဘက်ထရီနှင့်၆.၂ လက်မS8 Plus အတွက်3500 mAhဘက်ထရီများကိုစမ်းသပ်အသုံးပြုနေ ကြောင်းသိရသည်။ ယင်းအချက်အရS8 စမတ်ဖုန်းသစ်များတွင်ပါဝင်မည့် ဘက်ထရီမှာဈေးကွက်ကျရှုံးခဲ့သောGalaxy Note 7 ဖုန်းများတွင်ပါဝင်သည့် ဘက်ထရီထက်အနည်းငယ်သေးငယ်ကြောင်းတွေ့ရလေသည်။Note 7 တွင်ထည့်သွင်းခဲ့သည့်3220 mAhဘက်ထရီထက်အနည်းငယ်သေးငယ်ထား ခြင်းမှာ နည်းပညာကျွမ်းကျင်သူများ၏အမြင်တွင်အံ့သြစရာဖြစ်ရသော် လည်းSamsung ကတော့ယုံကြည်မှုအပြည့်ရှိနေပုံရလေသည်။

မကြာသေးခင်ကထွက်ပေါ်လာခဲ့သည့်သတင်းများတွင်လည်း Samsung ကုမ္ပဏီသည်S8 ဖုန်းများကိုစောစီးစွာထုတ်လုပ်မိတ်ဆက်နိုင်ရန်ရည်ရွယ် ထားခဲ့သော်လည်းမထင်မှတ်ဘဲဖြစ်ပွားခဲ့သည့်Note 7 ဘက်ထရီ မီးလောင်မှု များကြောင့်အချိန်ရွှေ့ဆိုင်းထားခဲ့ရကြောင်းဖော်ပြခဲ့ကြသည်။တကယ်တော့ Samsung ပညာရှင်များသည်အလဟဿအချိန်ရွှေ့ဆိုင်းခဲ့ခြင်းတော့ မဟုတ်တန်ရာ။Note 7 ၏အဖြစ်ဆိုးမျိုးမှရှောင်ရှားနိုင်ရန်S8 တွင်ထည့်သွင်း မည့်ဘက်ထရီများအား ပြစ်ချက်ကင်းစင်အောင်မွမ်းမံပြင်ဆင်နေခဲ့ကြခြင်း သာ ဖြစ်ပါလိမ့်မည်။Samsung ကုမ္ပဏီမှလည်း၎င်း၏အနာဂတ်စမတ်ဖုန်းများ တွင်ဘေးအန္တရာယ်ကင်းရှင်းသောဘက်ထရီများကိုသာထုတ်လုပ်ထည့်သွင်းသွားမည်ဖြစ်ကြောင်းအခိုင်အမာအာမခံထားသေးသည်မဟုတ်ပါလား။မည်သို့ပင်ဖြစ်စေအသစ်ထပ်မံမိတ်ဆက်တော့မည့်Galaxy S8 စမတ်ဖုန်းများနှင့် အတူ Samsung အတွက်ဖိအားများရှိနေသည်ကတော့အမှန်ပင်။နည်းပညာ သစ် များနှင့်အတူလိုက်ပါလာသည့်Galaxy S8 အပြောင်းအလဲများကလည်း Samsung အတွက်တော့ကြီးမားသောစွန့်စားမှုတစ်ရပ်ဟုဆိုရပေမည်။

Ref : (Forbes & Dailymail)

ကိုဆွဲ(မုံရွာ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com