2/15/2017

♪ တယ်လီနော၏ My Tune Live လစဉ် အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြုလုပ်မည် ♫


တယ်လီနောမြန်မာလီမိတက် က အွန်လိုင်းစာမျက်နှာ မှတစ်ဆင့် လစဉ်တိုက်ရိုက် ထုတ်လွှင့်ပြသပေးသည့် My Tune Live အစီအစဉ်၏ ယခုလ ဖျော်ဖြေမှုကို အဆိုတော် စည်သူလွင်နှင့် အိမ့်ချစ်တို့ဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအစီအစဉ်ကို ယခင်ကြိမ်များက တယ်လီနော၏ Facebook စာမျက်နှာမှသာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သော်လည်း ယခုအကြိမ်တွင် ဖျော်ဖြေမှုကို Myanmar Culture Valley တွင် ညနေ ၄ နာရီခွဲမှ ၆ နာရီခွဲအထိ ပြုလုပ်မည် ဖြစ်ပြီး ပရိသတ် များအနေဖြင့်လည်း အဆိုတော်နှစ်ဦး၏ ဖျော်ဖြေမှုကို လာရောက်ကြည့်ရှုနားဆင်နိုင်သကဲ့သို့ အွန်လိုင်းစာမျက်နှာမှ တိုက် ရိုက် ထုတ်လွှင့်မှုကိုလည်း ပုံမှန်ထုတ်လွှင့်နေကြ အချိန် ၆ နာရီတွင် စတင် ကြည့်ရှုနားဆင်နိုင်မည် ဖြစ်သည်။

တယ်လီနော၏ လစဉ် My Tune Live အစီအစဉ်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လမှ စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုတော် R ဇာနည်၊ ဖိုးကာ၊ ပိုပို၊ ရွှေထူး၊ ဖြုဖြုကျော်သိန်း၊ နီနီခင်ဇော်နှင့် တယ်လီနော ကာရာအိုကေ ချန်ပီယံ အောင်ထက်ခိုင်တို့ သီဆို ဖျော်ဖြေခဲ့ ကြပါသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့အတွက် တယ်လီနော၏အခြားအစီအစဉ်တစ်ခုမှာ Viber စတစ်ကာအသစ်များ နှင့် အခမဲ့ စာပို့နိုင်ရန် ၀န်ဆောင်မှု ပေးထားခြင်း ဖြစ်ပြီး အခမဲ့ဒေတာနှင့် စတစ်ကာများကို *979*2*8# သို့ ဖုန်းခေါ်ဆို ရယူနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် ချစ်သူများနေ့ အမှတ်တရ ဖုန်းနံပါတ်အလှ လက်ဆောင်ပေးလိုသူများနှင့် ကိုယ်တိုင် အသုံးပြု လိုသူများနှင့် မွေးနေ့နံပါတ် ကိုင်ဆောင်လိုသူများအတွက် အထူးအစီအစဉ်အဖြစ် မိမိနှစ်သက်ရာ နံပါတ် ၆ လုံး အား ၀၉-၇၆၄ နှင့် ၀၉-၇၆၅ နောက်မှထည့်၍ တယ်လီနော၏ အရောင်းဆိုင်များတွင် ရွေးချယ် ၀ယ်ယူနိုင်ရန် ၀န်ဆောင်မှု ပေးအပ်လျက်ရှိကြောင်းလည်း သိရသည်။



Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com