2/05/2017

♪ Apple , Facebook နဲ့ Google တို့ရဲ့ အထူးခြားဆုံး Patent များ ♫


နည်းပညာ ကုမ္ပဏီများက သူတို့ရဲ့ ထူးခြားဆန်းသစ်တဲ့ အိုင်ဒီယာများကို အခြားကုမ္ပဏီများ ခိုးယူ မသုံးနိုင်အောင် Patent များအဖြစ် မှတ်ပုံတင်ထားကြပါတယ်။ အဲဒီ ထူးခြား ဆန်းသစ်တဲ့ Patent များကို ကုမ္ပဏီများက အောင်မြင်စွာ တီထွင်နိုင်ခြင်း ရှိသလို အချို့ဟာလည်း လက်တွေ့ ကမ္ဘာကို ရောက်ရှိလာခြင်း မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ရဲ့ ထူးခြား ဆန်းသစ်တဲ့ Patent များကို စာဖတ်သူများ ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။
Apple

၁။ ဖန်ကြောင်အိမ်လှေခါး
Apple ဟာ ၂၀၀၃ ခုနှစ်မှာ သူ့ရဲ့ ဖန်ကြောင်အိမ်လှေခါး Patent ကြောင့် ဆုရခဲ့ဖူးပါတယ်။ အခုတော့ အဲဒီ ဖန်ကြောင်အိမ်လှေခါးများကို နယူးယောက်၊ ပဲရစ်တို့လို မြို့များမှ သူ့ရဲ့ အရောင်းဆိုင်များမှာ တွေ့ရှိနေရပါပြီ။ ၂၀၁၃ ခုနှစ်မှာလည်း Apple ဟာ Spiral Glass Staircases ကြောင့် ဆုရခဲ့ဖူးပြီး အဲဒီ လေခါးကို ရှန်ဟိုင်းစတိုးမှာ တပ်ဆင်ထားပါတယ်။
၂။ စမတ် စက်ဘီး
၂၀၁၀ မှာ Apple ဟာ စမတ်ဖုန်း ၊ တက်ဘလက်နဲ့ လက်တော့များ သာမက အခြား ထုတ်ကုန်များကိုပါ စဉ်းစားလာခဲ့ပါတယ်။ Apple က iPhone, iPod တို့နဲ့ တွဲဖက် သုံးနိုင်တဲ့ စမတ်စက်ဘီး Patent ကို မှတ်ပုံတင်ခဲ့ပါတယ်။ စက်ဘီးရဲ့ အမြန်နှုန်း၊ မောင်းနှင်တဲ့ အကွာအဝေး၊ မောင်းနှင်တဲ့ အချိန်၊ နှလုံးခုန်နှုန်း၊ တောင်တက်နှုန်းတို့ကို စမတ်ဖုန်းမှာ သိရှိနိုင်ပါတယ်။
၃။ Apple Bag
၂၀၁၆ မှာ Apple က စက္ကူအိတ် တစ်ခုကို မှတ်ပုံတင်ခဲ့ပါတယ်။ စက္ကူအိတ်ရဲ့ ထူးခြားချက်က ၆၀ ရာခိုင်နှုန်း ပြန်လည် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒီလို နည်းပညာ ကုမ္ပဏီကြီးအတွက် စက္ကူအိတ်လေး တီထွင်တာ မထူးဆန်းပေမယ့် ဒီလို ပါးလွှာတဲ့ အိတ်လေးထဲမှာ ပြန်လည် စွန့်ပစ်နိုင်တဲ့ ဒြပ်ထုများကို ထည့်သွင်းထားတာဟာ မယုံနိုင်စရာကောင်းတယ်လို့ ဆိုပါတယ်။
Facebook

၁။ ဘဏ်များက ငွေချေးဖို့ Facebook မှာ စုံစမ်းမည်။
ဘဏ်များက လူများအား ငွေချေးဖို့ Facebook မှာ စုံစမ်းနိုင်မယ့် Patent တစ်ခုကို Facebook က ၂၀၁၅ ခုနှစ်မှာ မှတ်ပုံတင်ခဲ့ပါတယ်။ Facebook User တစ်ယောက်က Facebook မှာ ကြော်ညာခအတွက် ငွေပေးချေမှု မှန်ကန်မှု ရှိ၊ မရှိ စတဲ့ သတင်းအချက်အလက် အပေါ် မူတည်၍ ဘဏ်က အဲဒီလူကို ငွေ ချေး၊ မချေး ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
၂။ Facebook ကနေ ထိန်းချုပ်နိုင်မယ့် စက်ရုပ်များ
၂၀၁၆ မှာ Facebook က Users များ သူ့ရဲ့ လူမှုကွန်ရက်ကနေ စက်ရုပ်များကို ထိန်းချုပ်နိုင်မယ့် Patent ကို မှတ်ပုံတင်ခဲ့ဖူးပါတယ်။
Google


၁။ ရာသီဥတု အခြေပြု ကြော်ညာများ

ကြော်ညာစီးပွားရေးလုပ်ငန်းရှင် Google က ၂၀၁၂ ခုနှစ်မှာ ရာသီဥတု အခြေပြု ကြော်ညာ Patent ကို မှတ်ပုံတင်ခဲ့ပါတယ်။ သူ့ရဲ့ နည်းပညာက ရာသီဥတု အခြေအနေအပေါ် မူတည်ပြီး သင့်တော်တဲ့ ကြော်ညာများ ပြသတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ အလွန်အေးတဲ့ ရာသီဥတုမှာ ဆိုရင် အနွေးထည်များ၊ သင့်အိမ်အတွက် အပူပေး စနစ်များနဲ့ ပတ်သက်တဲ့ ကြော်ညာများကို ပြသမှာပါ။

၂။ Status Comics

GIFs နဲ့ Memes များ ရေပန်းစားနေစဉ်မှာပဲ Google က ရုပ်ပုံ အခြေပြု နည်းပညာ တစ်ခုကို မှတ်ပုံတင်ခဲ့ပါတယ်။ ၂၀၁၀ မှာ Google က သူ့ရဲ့ လူမှုကွန်ရက်မှာ User များရဲ့ Status, Posts, Comments များကို အရောင်စုံ ကာတွန်းပုံများ အဖြစ်ပြောင်းလဲပေးတဲ့ Patent ဖြစ်ပါတယ်။

၃။ စမတ်ဖုန်းကို စကားပြောတဲ့ တက်တူး

၂၀၁၂ မှာ Google က လည်ပင်းမှာ ခဏတာ ကပ်ထားရတဲ့ တက်တူးကို မှတ်ပုံတင်ခဲ့ပါတယ်။ သင် ပြောလိုက်တဲ့ စကားများကို တက်တူးက အဝေးမှ စမတ်ဖုန်းထံသို့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စမတ်ဖုန်း အဝေးမှာ ရှိနေရင်တောင် သင်က ဖုန်းပြောနိုင်မှာ ဖြစ်ပါတယ်။



Credit to ==> Digital Times




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com