2/05/2017

♪ Viber မှာ secret message တွေ အလိုအလျောက် ဖျက်ပေးမယ့် စနစ်ပါဝင်လာ (Video) ♫


Viber က secret message ဝန်ဆောင်မှုကို ထည့်သွင်းပေးလိုက်ပြီး ဒီ ဝန်ဆောင်မှုရဲ့ Feature ကတော့ အသုံးပြုသူအချင်းချင်း self-destructing videos တွေနဲ့ ဓာတ်ပုံတွေ အပြန်အလှန်ပေးပို့ နိုင်မှာဖြစ်တယ် လို့သိရပါတယ်။ Snapchat က စလို့ လူကြိုက်များခဲ့တဲ့ self-destructing message feature ဟာအမှန်တကယ်ကို အသုံးဝင်တဲ့ service တစ်ခုဖြစ်တဲ့အတွက် viber ကလည်း အခုလို ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။

Self-destructing ဆိုတဲ့အတိုင်း ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို အချိန်သတ်မှတ်ပေးကာ ပေးပို့နိုင်ပြီး အချိန်ပြည့်တာနဲ့ အလိုအလျောက် ပျောက်ကွယ်သွားမှာဖြစ်တဲ့အတွက် တကူးတက ပြန်ဖျက်စရာ မလိုတော့ ပါဘူး။

လူတိုင်းမှာ ကိုယ်ပိုင် လျှို့ဝှက်ချက် ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေရှိကြတဲ့အလျောက် နှစ်ကိုယ်ကြား တီးတိုး တိုင်ပင် ပြောဆိုတဲ့စကားတွေဟာ ပြောပြီးပြီးချင်းမှာတင် သက်သေမကျန်ဘဲ ပျောက်ကွယ်သွားစေဖို့အတွက် Viber အနေနဲ့ အခုလို secret message ဝန်ဆောင်မှု ကိုထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။

အခုလို Secret message ထည့်သွင်းပေးလိုက်တဲ့အတွက် အသုံးပြုသူတွေအဟာ message တစ်ခုပို့တိုင်းမှာ chat history ထဲမှာ မပျောက်မပျက်တည်ရှိနေနိုင်တဲ့ message နဲ့ အလိုလျောက်ပျောက်သွားမယ့် message ဆိုတဲ့ Option တွေကို ရွေးချယ်သတ်မှတ်ပေးဖို့တော့ လိုအပ်မှာဖြစ်တယ်လို့လည်းသိရပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com